သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လွတ်လာတဲ့ ကန်ကျောင်းသား မြောက်ကိုးရီးယားမှာ တနှစ်ကြာ သတိမေ့မြော


မှတ်တမ်းဓာတ်ပုံ။ အမေရိကန် ကျောင်းသား Otto Warmbier ကို ၂၀၁၆ ခုနှစ်က မြောက်ကိုရီးယား တရားရုံးချုပ်ကို ခေါ်ဆောင်လာစဉ်။
မှတ်တမ်းဓာတ်ပုံ။ အမေရိကန် ကျောင်းသား Otto Warmbier ကို ၂၀၁၆ ခုနှစ်က မြောက်ကိုရီးယား တရားရုံးချုပ်ကို ခေါ်ဆောင်လာစဉ်။

မြောက်ကိုရီးယား နိုင်ငံမှာ ၁၇ လကြာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အမေရိကန် ကျောင်းသားတဦးဟာ လွတ်မြောက်ပြီး အမေရိကန်နိုင်ငံကို ပြန်လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ စိတ်မကောင်းစရာ တခုကတော့ သူ့အနေနဲ့ တနှစ်ကျော်လောက် သတိမေ့နေခဲ့တယ်လို့ သူ့မိဘတွေက ပြောပါတယ်။

အသက် ၂၂ နှစ်အရွယ် Otto Warmbier ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်ပြီး မိသားစုဝင်တွေနဲ့ ပြန်လည် ဆုံတွေ့ကြမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကလည်း အတည်ပြု ပြောဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့စည်းကမ်း သတ်မှတ်ချက်အရ Warmbier ရဲ့ကျန်းမာရေး အခြေအနေကို ပြောပြဖို့ နိုင်ငံခြားရေးဌာန အရာရှိတွေက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဆွီဒင် သံရုံးကတဆင့် သူနဲ့ မနှစ် မတ်လတုန်းက အမေရိကန် အစိုးရအနေနဲ့ နောက်ဆုံး အဆက်အသွယ် ရခဲ့တယ်လို့ ဆိုပါတယ်။

Warmbier အခုလို ပြန်လွတ်လာတာဟာ ကျန်းမာရေးအရ အရေးပေါ် ကယ်တင်လိုက်ရခြင်း ဖြစ်ကြောင်း သူ့မိဘတွေက ပြောပါတယ်။ မနှစ် မတ်လမှာ ပြုလုပ်ခဲ့တဲ့ သူ့အမှု ကြားနာ စစ်ဆေးမှုအပြီး သူ့ကို အိပ်ဆေး ပေးလိုက်ပြီးတဲ့နောက်မှာ သူ့အနေနဲ့ ပြန်နိုးမလာတော့ဘူးလို့ မိဘ ၂ ဦးဖြစ်ကြတဲ့ Fred နဲ့ Cindy Warmbier တို့က ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရက ဝါဒဖြန့်ထားတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချဖို့ ကြိုးပမ်းမှုနဲ့ Virginia တက္ကသိုလ် ကျောင်းသား Warmbier ကို မြောက်ကိုရီးယား အစိုးရက ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG