သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေျမာက္ကိုရီးယားမွာ အက်ဥ္းသားေထာင္ခ်ီ လႊတ္ေပး


ေျမာက္ကုိရီးယား အက်ဥ္းေထာင္တခုမွာ ေစာင့္ၾကပ္ေနတဲ့ အမ်ဳိးသမီးဝန္ထမ္းတဦး။

(Zawgyi / Unicode)

ေျမာက္ကိုရီးယားႏုိင္ငံက အထင္ကရ အားလပ္ရပ္ေန႔တခုမွာ ေထာင္နဲ႔ခ်ီတဲ့ အက်ဥ္းသားေတြကို လႊတ္ေပးလိုက္ပါတယ္။ အက်ဥ္းသားေတြနဲ႔ မိသားစု ဆုံဆည္းရတာ ဝမ္းသာစရာျဖစ္ေပမယ့္ လူအေတာ္မ်ားမ်ားက အက်ဥ္းက်ေနခ်ိန္ အျပင္းအထန္ ႏွိပ္စက္ညႇဥ္းပန္းခံထားရတဲ့ လကၡဏာေတြလည္း ေတြ႔ရတယ္လို႔ သတင္းရင္းျမစ္ေတြက RFA သတင္းဌာနကို ေျပာပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un က သူ႔ဖခင္၊ ကြန္လြန္သူ ေျမာက္ကိုရီးယား ေခါင္းေဆာင္ေဟာင္း Kim Jong Il ရဲ႕ အသက္ ၈၀ ျပည့္ေမြးေန႔ ဗုဒၶဟူးေန႔ကို “Day of the Shining Star” ေတာက္ပတဲ့ ၾကယ္စင္ေန႔အျဖစ္ သတ္မွတ္ၿပီး အက်ဥ္းသားေတြကို ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ ေပးလုိက္တာပါ။

ေျမာက္ကိုရီးယားႏုိင္ငံ ထူေထာင္သူ Kim Il Sung ရဲ႕ ေမြးေန႔ကိုေတာ့ ေနမင္းႀကီး ထြန္းလင္းတဲ့ေန႔လို႔ အဓိပၸာယ္ရတဲ့ “ Day of the Sun” ေန႔အျဖစ္ သတ္မွတ္ထားတာပါ။

ခုအားလပ္ရက္ ႏွစ္ခုစလုံးကို ေန႔ထူးေန႔ျမတ္အျဖစ္ တန္းတူသတ္မွတ္ထားတာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယား အက်ဥ္းေထာင္မွာ အျပင္းအထန္ ႏွိပ္စက္တဲ့စနစ္ရွိေၾကာင္း လူသိမ်ားပါတယ္။ ေထာင္ထဲမွာ အစားအေသာက္မေကာင္းတာ၊ အက်ဥ္းသားေတြ မ်ားလြန္းတာ၊ ႏိွပ္စက္ညႇဥ္းပန္းတာ၊ ေက်ာကြဲမတတ္ အလုပ္ၾကမ္းလုပ္ရတာန႔ဲ လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈေတြ ရွိတယ္လို႔ ထြက္ေျပးလြတ္ေျမာက္လာတဲ့ အက်ဥ္းသားေဟာင္းေတြက ေျပာပါတယ္။

ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ေပးလိုက္တဲ့ အက်ဥ္းသားတခ်ိဳ႕ဆိုရင္ ေသလုေျမာပါး ျဖစ္ေနၿပီး လမ္းေတာင္မေလွ်ာက္ႏုိင္တဲ့သူေတြ ပါတယ္လို႔ North Hamgyong ေဒသခံတေယာက္က RFA ကိုရီးယားဌာနကို ေျပာပါတယ္။

ခုလြတ္လာတဲ့သူေတြထဲမွာ ႏုိင္ငံေရးအက်ဥ္းသားေတြ၊ ရာဇဝတ္သားေတြနဲ႔ မူးယစ္ေဆးဝါးမႈ၊ လူသတ္မႈ၊ ဓားျပမႈနဲ႔ အက်ဥ္းက်ေနသူေတြေတာ့ မပါဘူးလို႔လည္း သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မြောက်ကိုရီးယားမှာ အကျဉ်းသားထောင်ချီ လွှတ်ပေး

မြောက်ကိုရီးယားနိုင်ငံက အထင်ကရ အားလပ်ရပ်နေ့တခုမှာ ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေးလိုက်ပါတယ်။ အကျဉ်းသားတွေနဲ့ မိသားစု ဆုံဆည်းရတာ ဝမ်းသာစရာဖြစ်ပေမယ့် လူအတော်များများက အကျဉ်းကျနေချိန် အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံထားရတဲ့ လက္ခဏာတွေလည်း တွေ့ရတယ်လို့ သတင်းရင်းမြစ်တွေက RFA သတင်းဌာနကို ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က သူ့ဖခင်၊ ကွန်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း Kim Jong Il ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ဗုဒ္ဓဟူးနေ့ကို “Day of the Shining Star” တောက်ပတဲ့ ကြယ်စင်နေ့အဖြစ် သတ်မှတ်ပြီး အကျဉ်းသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံ ထူထောင်သူ Kim Il Sung ရဲ့ မွေးနေ့ကိုတော့ နေမင်းကြီး ထွန်းလင်းတဲ့နေ့လို့ အဓိပ္ပာယ်ရတဲ့ “ Day of the Sun” နေ့အဖြစ် သတ်မှတ်ထားတာပါ။

ခုအားလပ်ရက် နှစ်ခုစလုံးကို နေ့ထူးနေ့မြတ်အဖြစ် တန်းတူသတ်မှတ်ထားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အကျဉ်းထောင်မှာ အပြင်းအထန် နှိပ်စက်တဲ့စနစ်ရှိကြောင်း လူသိများပါတယ်။ ထောင်ထဲမှာ အစားအသောက်မကောင်းတာ၊ အကျဉ်းသားတွေ များလွန်းတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ကျောကွဲမတတ် အလုပ်ကြမ်းလုပ်ရတာနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အကျဉ်းသားတချို့ဆိုရင် သေလုမြောပါး ဖြစ်နေပြီး လမ်းတောင်မလျှောက်နိုင်တဲ့သူတွေ ပါတယ်လို့ North Hamgyong ဒေသခံတယောက်က RFA ကိုရီးယားဌာနကို ပြောပါတယ်။

ခုလွတ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ရာဇဝတ်သားတွေနဲ့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ ဓားပြမှုနဲ့ အကျဉ်းကျနေသူတွေတော့ မပါဘူးလို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

XS
SM
MD
LG