သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် EU ဒဏ်ခတ်အရေးယူ


မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားစမ်းသပ်မှုတွေနဲ့ မစ်ဇိုင်းဒုံးကျည်ပစ်လွှတ်မှုတွေကို ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ အရေး ယူမှုအသစ်တွေကို EU ဥရောပသမဂ္ဂကထပ်ပြီးချမှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားမှာ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ရင်း နှီးမြုပ်နှံမှုတွေ လုံးဝမလုပ်ဖို့တားမြစ်တဲ့ကိစ္စကို ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးတွေက မနေ့တုန်းက သဘောတူညီခဲ့ ကြတာပါ။ ဒီအရေးယူ ဒဏ်ခတ်မှုဟာ ကုလသမဂ္ဂကနောက်ဆုံးလုပ်ထားတဲ့အရေးယူမှုထက် ပိုပြီးကျော်လွန်ပါတယ်။

ရေနံသန့်စင်ရေးနဲ့ ရေနံရောင်းချမှုတွေ မြောက်ကိုရီးယားကိုမလုပ်ဖို့လည်း တားမြစ်ပိတ်ပင်လိုက်ကြတာပါ။ မြောက်ကိုရီးယားနဲ့ကုန်သွယ်မှုတွေမလုပ်ဆောင်ဖို့ ထူးခြားပြီးတော့ ကြီးမားတဲ့ဆောင်ရွက်မှုတခုကို ဥရောပသမဂ္ဂကလုပ်ပြလိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားကို ငွေတွေပေးပို့နေကြတဲ့ပမဏကိုလည်း ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးတွေက လျှော့ချလိုက်ပါတယ်။ မြောက်ကိုရီးယားကို အမေရိကန်ဒေါ်လာ ၁၇၇၀၀ ပေးပို့နိုင်ခွင့်သတ်မှတ်ထား ရာကနေ ၅၉၀၀ အထိ လျှော့ချခဲ့တာပါ။

ပြည်ပနိုင်ငံတွေကနေ မြောက်ကိုရီးယားကို ငွေလွှဲပြီး ပေးပို့နေကြတဲ့ ငွေတွေက မြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်တွေကို အထောက်အပံ့ဖြစ်စေတယ်လို့ယူဆပြီးအခုလိုလုပ်ဆောင်ခဲ့ တာပါ။ ဥရောပသမဂ္ဂနိုင်ငံတွေအတွင်း အလုပ်လုပ်နေကြတဲ့မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ အလုပ်လုပ်ခွင့်ပါမစ်တွေ ကိုလည်း အခုတခေါက် သက်တမ်းကုန်ရင် အသစ်ထပ်ပြီး သက်တမ်းတိုးပေးမှာမဟုတ်တော့ဘူးလို့လည်းဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG