သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နှင့်မြောက် ၂ နိုင်ငံ အဆင့်မြင့်ဆွေးနွေးဖို့ မြောက်ကိုရီးယားသဘောတူ


နှစ်နိုင်ငံကြား အဆင့်မြင့် ဆွေးနွေးပွဲလုပ်ဖို့ တောင်ကိုရီးယားက ကမ်းလှမ်းတာကို မြောက်ကိုရီးယားက သောကြာနေ့မှာ လက်ခံ လိုက်ပြီဖြစ်ပြီး နယ်စပ် အပစ်ရပ် စစ်မဲ့ဇုံ Panmunjom ကျေးရွာမှာ ရှေ့သီတင်းပတ် အင်္ဂါ ဇန်နဝါရီလ ၉ ရက်နေ့ကျရင် တွေ့ဆုံ ဆွေးနွေးကြပါတော့မယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲပြီး နှစ်စဉ်လုပ်နေကျ စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ကို တောင်ကိုရီးယားက အိမ်ရှင် အဖြစ်လက်ခံကျင်းပမယ့် အိုလံပစ်အားကစားပွဲတော်ပြီးတဲ့အထိ ရွှေ့ဆိုင်းထားမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဆုံးဖြတ်ခဲ့ပြီး နောက်တရက်မှာပဲ ဆွေးနွေးပွဲလုပ်ဖို့ကမ်းလှမ်းတာကို မြောက်ကိုရီးယားက လက်ခံလိုက်တာပါ။ ဆွေးနွေးပွဲအတွင်း PyeongChang အိုလံပစ်အားကစားပွဲတော်မှာ မြောက်ကိုရီးယားပါဝင်ရေးနဲ့ လုံခြုံရေးဆိုင်ရာ တခြားကိစ္စရပ်တွေကို အဓိက ဆွေးနွေးကြမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းမဲ့ရေး အခြေအနေဆီ ဦးတည်တဲ့ အပေါင်းလက္ခဏာဆောင် အဆင့်တခုအဖြစ် လေ့လာသူတွေက မြင်ပါတယ်။ ဒီအတောအတွင်းမှာပဲ ကိုရီးယားကျွန်းဆွယ်အရေး တရုတ်အထူးသံတမန် Kong Xuanyou ဟာ သူနဲ့အလားတူ တောင်ကိုရီး ယား အထူးသံတမန် Lee Do-hoon နဲ့ သောကြာနေ့က ဆိုးလ်မြို့တော်မှာ တွေ့ဆုံ ဆွေးနွေးပါ တယ်။ ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ တိုးတက်လာစေရေး ဖြေရှင်းတာမှာ တောင်ကိုရီးယားနဲ့ တရုတ်တို့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး အဆက်အသွယ် လုပ်ရေးကိစ္စကိုလဲ ထောက်ခံသွားမှာဖြစ်တယ်လို့ ဆွေးနွေးပွဲအတွင်း တရုတ်အထူး သံတမန် Kong ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG