သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ပွဲအတွက် မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တောင်ကိုရီးယားကမ်းလှမ်း


 Pyeongchang မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်
Pyeongchang မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်
တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်တွေမှာ မြောက်ကိုရီးယား ဘက်က ပါဝင်နိုင်ရေး အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားကို ကမ်းလှမ်းလိုက်ပါတယ်။
တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန်က အပစ်ရပ် Panmunjom ရွာမှာ သီတင်းတပတ် အတွင်း မြောက်ကိုရီးယား သံတမန်တွေနဲ့ တောင်ကိုရီးယား အစိုးရက တွေ့ဆုံလိုကြောင်း နှစ်နိုင်ငံ ပေါင်းစည်းရေး ဝန်ကြီး Cho Myoung-gyon က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။
ဒီတွေ့ဆုံမှုဟာဆိုရင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်း တောင်နဲ့ မြောက် ကိုရီးယား အစိုးရ နှစ်ရပ်ကြား ပထမဆုံးသော အဆင့်မြင့် ဆွေးနွေးမှု ဖြစ်လာမှာပါ။ တောင်ကိုရီးယား နိုင်ငံ Pyeongchang မှာ နောက်လထဲ ကျင်းပမယ့် အိုလံပစ် အားကစားပွဲတော်တွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မြောက်ကိုရီးယား အားကစား အဖွဲ့ တခု စေလွှတ်ရေး ချင့်ချိန်နေကြောင်း မနေ့ တနလာၤနေ့က နှစ်သစ်ကူး မိန့်ခွန်းမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ထည့်သွင်း ပြောဆိုခဲ့ပြီး နောက်တနေ့မှာဘဲ တောင်ကိုရီးယားဘက်က ဆွေးနွေးဖို့ ကမ်းလှမ်းတာ ဖြစ်ပါတယ်။
မနေ့ တနလာၤနေ့ နှောင်းပိုင်းမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဘက်က ဆွေးနွေးလိုကြောင်း စကားဦးသန်းတာကို တောင်ကိုရီးယား သမ္မတ Moon Jae-in က ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း တောင်နဲ့ မြောက်ကိုရီးယား ဆက်ဆံရေး တိုးတက်မှုကတော့ မြောက်ကိုရီးယား ဘက်က နျူးကလီးယား လက်နက် အစီအစဉ်တွေကို စွန့်လွှတ်မှုနဲ့သာ တဆက်တည်း ဖြစ်လာရမှာလို့ ပြောဆိုခဲ့ပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG