သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump လက်ထက် မြောက်ကိုရီးယားအရေး သံတမန်ဟောင်း သတိပေး

 မြောက်ကိုရီးယားစစ်သားများ စစ်ရေးပြနေစဉ် (ဇူလိုင် ၂၇ ရက်၊ ၂၀၁၃)
မြောက်ကိုရီးယားစစ်သားများ စစ်ရေးပြနေစဉ် (ဇူလိုင် ၂၇ ရက်၊ ၂၀၁၃)

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယားဒုံးကျည်ထိပ်ဖူးတပ် တာဝေးပစ်ပဲ့ထိန်းတပ်ဒုံးကျည်တွေကို ဖျက်ဆီးဖို့ ရွေးကောက်ခံသမ္မတ Donald Trump အနေနဲ့ တဦးတည်း လျင်လျင်မြန်မြန်ဆုံးဖြတ်ပြီး ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်သွားနိုင်ကြောင်း သမ္မတ George W. Bush လက်ထက်က ထိပ်တန်း အဆင့်မြင့် သံတမန်ဟောင်းတဦးဖြစ်သူတဦးက ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား နျူးကလီးယားအရေးနဲ့ ပတ်သက်ပြီး ၂၀၀၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ၆ နိုင်ငံကိုယ်စားပြု အဖွဲ့မှာ အမေရိကန်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် တာဝန်ယူခဲ့တဲ့ သံအမတ် Christopher Hill က ဝါရှင်တန်မှာ အစိုးရအပြောင်းအလဲ ဖြစ်နေတယ်ဆိုတာကို မြောက်ကိုရီးယားအနေနဲ့ နားလည်သဘောပေါက်ထားဖို့ လိုကြောင်း ပြောပါတယ်။

လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် တောင်ကိုရီးယားအစိုးရရဲ့ ကိုးရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ သဘောထားအမြင်အကြောင်း ဆွေးနွေးမယ့် ညီလာခံမှာ Mr Hill တက်ရောက် စကား ပြောဖို့ရှိပါတယ်။ မြောက်ကိုရီးယားရဲ့ ရန်စကျူးကျော်မှုတွေနဲ့ ပတ်သက်လို့ လက်တုံ့ပြန်သွားဖို့ ရွေးကောက်ခံသမ္မတရဲ့ သဘောထားနဲ့ ပတ်သက်လို့ အလေးပေးပြောကြားသလို Trump လက်ထက်မှာလည်း အမေရိကန်တွေရဲ့ အရှေ့အာရှက မဟာမိတ်နိုင်ငံတွေအပေါ်သဘောထား မပြောင်းလဲဘူးဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။

Trump လက်ထက် မြောက်ကိုရီးယားအရေး သံတမန်ဟောင်း သတိပေး
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG