သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရခဲမရွိေတာ့တဲ့ေႏြရာသီေတြျဖစ္လာမယ္လို႔ သိပၸံပညာရွင္ေတြသတိေပး


အာတိတ္သမုဒၵရာမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ေရခဲခြင္းသေဘၤာႀကီးနဲ႔ ေျမာက္ဝင္႐ိုးစြန္းမွာ ၁ ႏွစ္ေက်ာ္ၾကာသြားလာၿပီး ေလ့လာခဲ့ၾကတဲ့ သိပၸံပညာ႐ွင္ေတြက အာတိတ္သမုဒၵရာႀကီး အရည္ေပ်ာ္ေနတာေၾကာင့္ ေရခဲေတြၾကား ေနထိုင္အသက္႐ွင္ေနတဲ့ သတၱဝါေတြ ေသေၾကေနၾကသလုိ ေရခဲလံုးဝမ႐ွိတဲ့ ေႏြရာသီေတြကာလေတြ ျဖစ္လာမယ္လို႔ သတိေပးလိုက္ပါတယ္။

ဂ်ာမနီႏိုင္ငံ Alfred Wegener Institute ပိုင္ ေရခဲခြင္းသေဘၤာႀကီးနဲ႔ ေလ့လာခဲ့ၾကတဲ့ ႏိုင္ငံေပါင္း ၂၀ က သိပၸံပညာ႐ွင္ ၃၀၀ ေက်ာ္ ဒီေန႔ ဂ်ာမနီႏိုင္ငံကို ျပန္ေရာက္လာစဥ္မွာ ခုလို သတိေပးလိုက္တာျဖစ္ပါတယ္။ ေလ့လာေရးခရီးစဥ္အတြင္း အဖိုးတန္တဲ့ အခ်က္အလက္ေတြကို စုေဆာင္းႏိုင္ခဲ့ၿပီး ေနာင္လာမယ့္ ဆယ္စုႏွစ္ေတြအတြင္း ကမာၻ႕ရာသီဥတုေျပာင္းလဲမွာကို ႀကိဳတင္ခန္႔မွန္းလို႔ရႏိုင္မယ့္ ကမာၻႀကီးပူေႏြးမႈဆိုင္ရာ တြက္ခ်က္မႈေတြ တိက်ေအာင္လုပ္ႏိုင္လိမ့္မယ္လို႔ ေလ့လာေရးအဖဲြ႔ေခါင္းေဆာင္ ကမာၻ႔ေလထုဆိုင္ရာ သိပၸံပညာ႐ွင္ Markus Rex ကေျပာပါတယ္။

ကမာၻေျမတျခားေနရာေတြထက္ ပိုၿပီး ျမန္ဆန္တဲ့ အေျပာင္းအလဲေတြျဖစ္ေနတဲ့ အာတိတ္ေဒသအေၾကာင္းလည္း ပိုၿပီး ခန္႔မွန္းသိ႐ွိႏိုင္မယ္လို႔ ေျပာပါတယ္။ အာတိတ္စက္ဝိုင္းမွာ ကမာၻႀကီးပူေႏြးလာမႈရဲ႕ သက္ေရာက္မႈေတြကို သိပၸံပညာ႐ွင္ေတြ မ်က္ျမင္ေတြ႔ခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီေနရာဟာ ရာသီဥတုေျပာင္းလဲ ေဖာက္ျပန္မႈ ဗဟိုခ်က္မျဖစ္ေနတယ္လို႔ သိပၸံပညာ႐ွင္ေတြကေျပာပါတယ္။ RV Polarstern လို႔ နာမည္ေပးထားတဲ့ ေရခဲခြင္းသေဘၤာႀကီးနဲ႔ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ႐ု႐ွား၊ တ႐ုတ္စတဲ့ ႏိုင္ငံေပါင္း ၂၀ ကသိပၸံပညာ႐ွင္ ၃၀၀ ေက်ာ္ဟာ ေျမာက္ဝင္႐ိုးစြန္းေဒသကို ၃၈၉ ရက္ၾကာ လွည့္လည္သြားေရာက္ ေလ့လာခ့ဲၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရေခဲမရှိတော့တဲ့နွေရာသီတွေဖြစ်လာမယ်လို့ သိပ္ပံပညာရှင်တွေသတိပေး

ရေခဲခွင်းသင်္ဘောကြီးနဲ့ မြောက်ဝင်ရိုးစွန်းမှာ ၁ နှစ်ကျော်ကြာသွားလာပြီး လေ့လာခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေက အာတိတ်သမုဒ္ဒရာကြီး အရည်ပျော်နေတာကြောင့် ရေခဲတွေကြား နေထိုင်အသက်ရှင်နေတဲ့ သတ္တဝါတွေ သေကြေနေကြသလို ရေခဲလုံးဝမရှိတဲ့ နွေရာသီတွေကာလတွေ ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။

ဂျာမနီနိုင်ငံ Alfred Wegener Institute ပိုင် ရေခဲခွင်းသင်္ဘောကြီးနဲ့ လေ့လာခဲ့ကြတဲ့ နိုင်ငံပေါင်း ၂၀ က သိပ္ပံပညာရှင် ၃၀၀ ကျော် ဒီနေ့ ဂျာမနီနိုင်ငံကို ပြန်ရောက်လာစဉ်မှာ ခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ လေ့လာရေးခရီးစဉ်အတွင်း အဖိုးတန်တဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ခဲ့ပြီး နောင်လာမယ့် ဆယ်စုနှစ်တွေအတွင်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှာကို ကြိုတင်ခန့်မှန်းလို့ရနိုင်မယ့် ကမ္ဘာကြီးပူနွေးမှုဆိုင်ရာ တွက်ချက်မှုတွေ တိကျအောင်လုပ်နိုင်လိမ့်မယ်လို့ လေ့လာရေးအဖွဲ့ခေါင်းဆောင် ကမ္ဘာ့လေထုဆိုင်ရာ သိပ္ပံပညာရှင် Markus Rex ကပြောပါတယ်။

ကမ္ဘာမြေတခြားနေရာတွေထက် ပိုပြီး မြန်ဆန်တဲ့ အပြောင်းအလဲတွေဖြစ်နေတဲ့ အာတိတ်ဒေသအကြောင်းလည်း ပိုပြီး ခန့်မှန်းသိရှိနိုင်မယ်လို့ ပြောပါတယ်။ အာတိတ်စက်ဝိုင်းမှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ သက်ရောက်မှုတွေကို သိပ္ပံပညာရှင်တွေ မျက်မြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေရာဟာ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှု ဗဟိုချက်မဖြစ်နေတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။ RV Polarstern လို့ နာမည်ပေးထားတဲ့ ရေခဲခွင်းသင်္ဘောကြီးနဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်စတဲ့ နိုင်ငံပေါင်း ၂၀ ကသိပ္ပံပညာရှင် ၃၀၀ ကျော်ဟာ မြောက်ဝင်ရိုးစွန်းဒေသကို ၃၈၉ ရက်ကြာ လှည့်လည်သွားရောက် လေ့လာခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG