သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမြောက်ပိုင်းမှာ မြေပြိုမှုကြောင့် အနည်းဆုံး ၂၀ ကျော်သေ


Shaanxi ပြည်နယ်၊  Xi'an မြို့မှာ မြေပြို (သြဂုတ်လ ၁၂၊ ၂၀၂၃)
Shaanxi ပြည်နယ်၊  Xi'an မြို့မှာ မြေပြို (သြဂုတ်လ ၁၂၊ ၂၀၂၃)

တရုတ်နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုခဲ့တဲ့အတွက်ကြောင့် သေဆုံးသူ အနည်းဆုံး ၂၄ ဦးရှိပြီး၊ ၃ ဦးပျောက်ဆုံးကာ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဒီနေ့ပဲ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကလည်း စံချိန်တင်မိုးရွာသွန်းကာ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ နိုင်ငံရဲ့ မြောက်ပိုင်းမှာလည်း မုန်တိုင်းဒဏ်ကြောင့် ဒါဇင်နဲ့ ချီတဲ့လူတွေ သေဆုံးခဲ့ရပါတယ်။

Shaanxi ပြည်နယ်၊ Xi'an မြို့တောင်ဘက် Weiziping ရွာမှာလည်း ရေလွှမ်းမိုးမှုကြောင့်အိမ်နှစ်လုံး မျောပါသွားကာ လမ်းတွေ၊ တံတားတွေနဲ့ အခြားအခြေခံအဆောက်အအုံတွေ ပျက်စီးသွားခဲ့ရတယ်လို့ နိုင်ငံပိုင်ရေဒီယို CNR မှာ ဖော်ပြထားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တပ်ဖွဲ့ဝင် ၁၀၀ နဲ့ မီးသတ်တွေ ပါဝင်တယ်လို့လည်း CNR မှာဖော်ပြထားပါတယ်။

Xi'an မြို့ အရေးပေါ်စီမံအုပ်ချုပ်မှုဗျူရိုရဲ့ ထုတ်ပြန်ချက်အရ လူ ၉၈၀ ကျော်ဟာ ကယ်ဆယ်ရေးပစ္စည်းတွေ၊ ရှာဖွေရေးခွေးတွေကို အသုံးပြုကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ မြေပြိုမှုကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး အိမ်ပေါင်း ၉၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG