သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်မွမ်းမံ ပြီးစီးသွားတဲ့ Notre Dame ဘုရားရှိခိုးကျောင်းကြီး


မီးလောင်ခဲ့ပြီးနောက် ပြန်လည်မွမ်းမံထားတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က နာမည်ကြီး အထင်ကရ Notre Dame ဘုရားရှိခိုးကျောင်းကြီးအတွင်းပိုင်းကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၉၊ ၂၀၂၄)
မီးလောင်ခဲ့ပြီးနောက် ပြန်လည်မွမ်းမံထားတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က နာမည်ကြီး အထင်ကရ Notre Dame ဘုရားရှိခိုးကျောင်းကြီးအတွင်းပိုင်းကိုတွေ့ရစဉ် (နိုဝင်ဘာ ၂၉၊ ၂၀၂၄)

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က နာမည်ကြီး အထင်ကရ Notre Dame ဘုရားရှိခိုးကျောင်းကြီးကို ၅ နှစ်ကျော် အချိန်ယူ ပြုပြင် မွမ်းမံခဲ့ပြီးတဲ့နောက် အသစ်တဖန် ခန့်ညားတောက်ပနေတဲ့ ဘုရားကျောင်းကြီးကို ရုပ်သံ ဖန်သားပြင်ပေါ် ကနေ ကမ္ဘာတဝန်းကလူတွေ သောကြာနေ့က ပြန်မြင်ခွင့်ရခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က မီးလောင်ပြီး ဆိုးဆိုးရွားရွား ထိခိုက် ပျက်ဆီးခဲ့ရတဲ့ ဒီဘုရားကျောင်းကြီးဟာ အခုတော့ အသစ် ပြန်ပြင်ထားတဲ့ မျက်နှာကျက်ကြီးတွေ၊ နို့နှစ်ရောင် ကျောက်သားထုဆစ် လက်ရာတွေနဲ့ ပြန်လည် သစ်လွင် ခန့်ညားနေတာပါ။

၁၂ ရာစုနှစ်ခေတ် Gothic လက်ရာ အဆောက်အဦးကြီးဖြစ်တဲ့ ဒီ ဘုရားကျောင်းကြီးကို လောလောဆယ်မှာတော့ ရုပ်သံ ဖန်သားပြင်ပေါ်ကနေပဲ ပြသထားသေးပြီး အများပြည်သူ ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုခွင့်ကိုတော့ ရှေ့သီတင်းပတ် ဒီဇင်ဘာလ ၈ ရက်နေ့ကစပြီး ပြန်လည် ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

ရင်သပ်ရှုမောစရာ ကောင်းလောက်အောင် ခမ်းနား ထည်ဝလှတဲ့ ဘုရားကျောင်း အတွင်းပိုင်းက ပြုပြုမွမ်းမံထားတဲ့ လက်ရာတွေကို ပြင်သစ် သမ္မတ Emmanuel Macron ကတော့ နိုဝင်ဘာ ၂၉ ရက် သောကြာနေ့ကတော့ ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒီဘုရားကျောင်းကြီး ပြန်လည် မွမ်းမံဖို့အတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို ဝိုင်းဝန်း ကူညီခဲ့ကြတဲ့ ပြင်သစ်နဲ့ ကမ္ဘာတဝန်းက အလှူရှင်တွေကို ကျေးဇူးတင်ကြောင်းလည်း သမ္မတက ပြောကြားခဲ့ပါတယ်။

Notre Dame ဘုရားကျောင်းကြီးကို အများပြည်သူ လာရောက်ကြည့်ရှုနိုင်အောင် ပြန်လည် ဖွင့်လှစ်ပေးမယ့်ရက် မတိုင်ခင် တရက်အလို ဒီဇင်ဘာ ၇ ရက်နေ့ ညနေပိုင်းမှာ တရားဝင်ဖွင့်ပွဲ အခမ်းအနား ကျင်းပဖို့ရှိသလို၊ သမ္မတ Macron မိန့်ခွန်း ပြောကြားမှာလည်း ဖြစ်ပါတယ်။

ပြုပြင်မွမ်းမံ ပြီးစီးသွားတဲ့ Notre Dame ဘုရားရှိခိုးကျောင်းကြီး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG