သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေးဟောင်း Notre Dame ဘုရားကျောင်း ပြန်လည်တည်ဆောက်ရေး ပြင်သစ် စတင်ကြိုးပမ်း


တနင်္လာနေ့က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ရတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့လယ်က Notre Dame Cathedral ဘုရားကျောင်းကြီးရဲ့ ပျက်စီးမှု အတိုင်းအတာနဲ့ အဆောက်အဦးရဲ့ ဖွဲ့စည်းပုံ တည်ငြိမ်မှု အနေထားနဲ့ ပတ်သက်ပြီး အသေအချာ သိရအောင် ကျွမ်းကျင်သူတွေ စစ်ဆေးနေချိန်မှာပဲ ပြင်သစ်သမ္မတ Emmanuel Macron က ဒီဘုရားကျောင်းကြီးကို လာမယ့် ၅ နှစ်အတွင်း အပြီး ပြန်လည်တည်ဆောက်ဖို့ ဖိအားပေးနေပါတယ်။

ဒီဘုရားကျောင်းကို နဂိုကထက် ပိုခန့်ညားလှပအောင် ပြန်တည်ဆောက်မယ်လို့ အင်္ဂါနေ့ နိုင်ငံတော်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပြီး ဗုဒ္ဓဟူးနေ့ သူ့ကက်ဘိနက်အဖွဲ့နဲ့ အစည်းအဝေးမှာလည်း ဘုရားကျောင်း ပြန်လည်ပြုပြင်ရေးနဲ့ တည်ဆောက်ရေး အတွက် လိုအပ်တဲ့ ရံပုံငွေ ဆိုင်ရာတွေကို သမ္မတ Macron က ဆွေးနွေးခဲ့တာပါ။

ပြင်သစ်နိုင်ငံသား ချမ်းသာကြွယ်ဝသူတွေနဲ့ စီးပွါးရေး လုပ်ငန်းရှင်တွေက ဘုရားကျောင်း ပြန်လည်ပြုပြင်ရေးအတွက် အလှူငွေ အမေရိကန် ဒေါ်လာ သန်း ၈၀၀ ပေးလှူ ကြမယ်ဆိုတဲ့ ကတိကို သမ္မတ Macron ရထားပြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Edouard Philippe ကလည်း ဘုရားကျောင်းခေါင်မိုး ပြိုကျစဉ်က ပျက်စီးခဲ့ရတဲ့ စုလစ်မွန်းချွန် ပြန်လည် တည်ဆောက်ရေး အတွက် ဒီဇိုင်းဆွဲဖို့ ကမ္ဘာတဝှမ်း ပါဝင်ယှဉ်ပြိုင်လိုသူတွေကို ကမ်းလှမ်းကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာခဲ့ပါတယ်။ စုလစ်မွန်းချွန် အသစ် အတွက် ခေတ်သစ်နည်းပညာသုံး ဒီဇိုင်းကို ကမ္ဘာတလွှားက ဗိသုကာ ပညာရှင်တွေ ပါဝင် ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

ဒီဘုရားကျောင်း ပြန်လည်မွန်းမံရေးမှာ တာဝန်ရှိသူတွေကတော့ လုပ်ငန်းပြီးဆုံးဖို့ အချိန် ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်နိုင်တယ်လို့ သတိပေးကြ ပါတယ်။

ရှေးဟောင်း Notre Dame ဘုရားကျောင်း ပြန်လည်တည်ဆောက်ရေး ပြင်သစ် စတင်ကြိုးပမ်း
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG