သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်တိုက်ခိုက်ခဲ့သူတွေကို ကြီးလေးတဲ့ ထောင်ဒဏ်ချ


Oath Keepers လက်ယာစွန်းဝါဒီလက်နက်ကိုင်အဖွဲ့ တည်ထောင်သူ Stewart Rhodes (၂၀၁၉ ခုနှစ်မှတ်တမ်းဓာတ်ပုံ)
Oath Keepers လက်ယာစွန်းဝါဒီလက်နက်ကိုင်အဖွဲ့ တည်ထောင်သူ Stewart Rhodes (၂၀၁၉ ခုနှစ်မှတ်တမ်းဓာတ်ပုံ)

၂၀၂၁ ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော် အဆောက်အဦးထဲဝင်ရောက် အကြမ်းဖက် တိုက်ခိုက်ခဲ့သူတွေထဲက ၂ ယောက်ကို ထောင်ဒဏ် ၁၂ နှစ်နဲ့ ၁၈ နှစ် စီချလိုက်ပါတယ်။ Oath Keepers ဆိုတဲ့ လက်ယာစွန်းဝါဒီလက်နက်ကိုင်အဖွဲ့ တည်ထောင်သူ Stewart Rhodes ကို နိုင်ငံတော် အကြည်အညိုပျက်အောင် ပူးပေါင်းကြံစည်မှုအပါအဝင် တခြားပြစ်မှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ်ချလိုက်ပါတယ်။

လွှတ်တော်အဆောက်အဦးကို တိုက်ခိုက်ခဲ့သူတွေထဲက ပြစ်ဒဏ်ချခံရသူတွေထဲမှာ အများဆုံး ထောင်ဒဏ်ဖြစ်ပါတယ်။ Florida chapter ဆိုတဲ့ လက်နက်ကိုင်အဖွဲ့ကို တည်ထောင်သူ အမေရိကန်စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ Kelly Meggs ကိုလည်း ထောင်ဒဏ် ၁၂ နှစ်ချခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ Joe Biden အနိုင်ရတယ်ဆိုတာ လွှတ်တော်မှာ တရားဝင်ကြေညာတာကို အဲဒီအချိန်က သမ္မတ Donald Trump ကိုထောက်ခံသူတွေက လက်မခံနိုင်ဘဲ လွှတ်တော်ထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ။

အဲဒီလိုတိုက်ခိုက်ဖို့ ပြစ်ဒဏ်ကျခံရသူ Stewart Rhodes ရော Kelly Meggs ပါ လှုံ့ဆော်ပြီး နိုင်ငံတော်ကို အကြည်အညိုပျက်အောင်လုပ်ခဲ့တယ်လို့ တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ကျုးလွန်သူတွေအနေနဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံယန္တရားကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာကြောင့်ခုလို ပြစ်ဒဏ်ပေးတာဖြစ်တယ်လို့ အမေရိကန် တရားသူကြီးချုပ် Merrick Garland က ကြေညာချက်ထုတ် ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG