သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်ရှေ့ တိုက်ခိုက်မှု တိုက်ခိုက်သူနဲ့ ရဲတဦး သေဆုံး


ကန်လွှတ်တော်ရှေ့ တိုက်ခိုက်ခံရလို့ လုံခြုံရေး တင်းကျပ်
ကန်လွှတ်တော်ရှေ့ တိုက်ခိုက်ခံရလို့ လုံခြုံရေး တင်းကျပ်

(Zawgyi/Unicode)

အမေရိကန်လွှတ်တော်ရှေ့မှာချထားတဲ့ အတားအဆီးတွေအနီးမှာ တာဝန်ကျနေတဲ့ လွှတ်တော်ရဲ အရာရှိ ၂ ယောက်ဆီကို သောကြာနေ့နှောင်းပိုင်းက လူတယောက် ကားနဲ့ဝင်တိုက်ပြီး ဓားနဲ့ပါလိုက်ပြီးတိုက်ခိုက်ခဲ့တဲ့အတွက် ရဲအရာရှိတဦး သေဆုံးသွားပါတယ်။

“ကားနဲ့ဝင်တိုက်တဲ့သူအဖြစ် သံသယရှိထားတဲ့သူ သေဆုံးသွားပါတယ်။ ကျမတို့ရဲအရာရှိ ၂ ယောက်ကို ဆေးရုံ ၂ ခုဆီ ပို့ခဲ့တာပါ။ ကျမတို့ရဲ့ ရဲအရာရှိ တယောက်ကတော့ ဒဏ်ရာတွေကြောင့်ပဲ ကွယ်လွန်သွားပါပြီဆိုတာ စိတ်မကောင်းစွားအသိပေးလိုပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူတို့မိသားစုကိုအသိပေးရဦးမှာ ဖြစ်တဲ့အတွက် နာမည်၊ အသက် တွေကို ထုတ်ပြောလို့မရသေးပါဘူး” လို့ ယာယီရဲချုပ် Yogananda Pittman ကသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားတာပါ။

ဇန်နဝါရီလ ၆ ရက်နေ့က လွှတ်တော်ထဲ လူတွေအကြမ်းဖက် ဝင်ရောက်စီးနင်းခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကရတဲ့ ဒဏ်ရာမကျက်သေးခင်မှာ တာဝန်ကျလွှတ်တော် ရဲအရာရှိနောက်ထပ် တဦးခုလို သေဆုံးရတာဖြစ်ပါတယ်။ ကားသမားက ရဲအရာရှိတွေကို ဓားနဲ့ လိုက်ပြီး တိုက်ခိုက်ခဲ့တယ်လို့လည်း တရားဥပဒေ စိုးမိုးရေးအရာရှိ ၂ ယောက်က AP သတင်းဌာနကိုပြောပါတယ်။ အခင်းဖြစ်ရပ်တွေကို ဆက်ပြီးစုံစမ်းနေတာကြောင့် AP သတင်းဌာနကို ဖြေကြားတဲ့အရာရှိတွေက သူတို့နာမည်ကိုတော့ ထုတ်မပြောကြပါဘူး။

ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒနဲ့ဆက်စပ်မှုရှိပုံမရပဲ ခုတော့ အန္တရာယ်ကင်းသွားပါပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကြိုတင်ကာကွယ်ရေးအတွက် လွှတ်တော်အဆောက်အအုံကိုတော့ အဝင်အထွက် ပိတ်ထားပါသေးတယ်။ ဇန်နဝါရီလ ၆ ရက်နေ့ လွှတ်တော်စီးနင်းမှုနဲ့ ခုတိုက်ခိုက်မှုကြား ဆက်စပ်မှုရှိမရှိဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်


......


(Unicode)





XS
SM
MD
LG