သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္လႊတ္ေတာ္ေရွ႕ ဆႏၵျပပြဲအတြက္ လုံၿခဳံေရး အထူးျပင္ဆင္


အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ လုံၿခဳံေရးဆုိင္ရာ အကာအရံအနီး ကင္းလွည့္ေနတဲ့ ရဲတပ္ဖြဲ႔ဝင္တဦး။ (စက္တင္ဘာ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စု၊ ကြန္ဂရက္လႊတ္ေတာ္ အေဆာက္အဦးေရွ႕မွာ ဒီကေန႔ ဆႏၵျပပြဲရွိတာေၾကာင့္ ဝါရွင္တန္ဒီစီက လုံၿခဳံေရးတာဝန္ရွိသူေတြ လုံၿခဳံေရးအစီအမံ တင္းတင္းက်ပ္က်ပ္ ခ်မွတ္ လုပ္ေဆာင္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလ ၆ ရက္ေန႔ကျဖစ္ခဲ့တဲ့ လႊတ္ေတာ္အေဆာက္အဦးထဲ ႐ုန္းရင္းဆန္ခတ္ အတင္းဝင္ေရာက္ခဲ့တဲ့ ျဖစ္ရပ္နဲ႔ ဆက္စပ္ၿပီး ဖမ္းဆီး အက်ဥ္းခ်ခံထားရသူေတြကို ေထာက္ခံတဲ့အေနနဲ႔ "Justice for J6" ဆိုတဲ့ ဆႏၵျပပြဲလုပ္ဖို႔ စီစဥ္ထားတာပါ။

အၾကမ္းဖက္လုပ္ရပ္ ျဖစ္လာႏိုင္ေျခ အလားအလာေတြကို အင္တာနက္ေပၚမွာ ဆက္သြယ္ေျပာဆိုတာေတြကေန သတိျပဳမိထားတယ္လို႔ ကြန္ဂရက္လႊတ္ေတာ္ လုံၿခဳံေရးရဲတပ္ဖြဲ႔က ေျပာၿပီး အဲဒီေျပာဆိုခ်က္ေတြ တကယ္တမ္း ျဖစ္လာခဲ့ရင္ အေရးယူ လုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳတင္ ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။

"က်ေနာ္တို႔မွာရွိထားတဲ့ ေထာက္လွမ္းေရး သတင္းေတြအေပၚ အေလးအနက္ မထားဘူးဆိုရင္ မိုက္မဲရာ က်ပါလိမ့္မယ္" လို႔ လႊတ္ေတာ္လုံၿခဳံေရးရဲတပ္ဖြဲ႔ အႀကီးအကဲ Tom Manger က ေျပာပါတယ္။

လႊတ္ေတာ္အေဆာက္အဦး ပတ္ပတ္လည္မွာ အကာအရံ အတားအဆီးေတြ ခ်ထားၿပီး ရဲတပ္ဖြဲ႔ဝင္ေတြကိုလည္း ေနရာအႏွံ႔အျပားမွာ ခ်ထားပါတယ္။ စုေဝးဆႏၵျပမယ့္ေနရာနဲ႔ လႊတ္ေတာ္အေဆာက္အဦး ပတ္ပတ္လည္က လမ္းေတြၾကားမွာလည္း အကာအရံေတြ ခ်ထားပါတယ္။

ဝါရွင္တန္ဒီစီမွာ ေသနတ္ကို ေျဗာင္ကိုင္ခြင့္မရွိတဲ့ဥပေဒ ျပ႒ာန္းထားတာကို သတိေပးတဲ့အေနနဲ႔ "ေသနတ္ကိုင္ခြင့္မျပဳ" ဆိုတဲ့ ဆိုင္းဘုတ္ေတြ ခ်ိတ္ထားပါတယ္။

ေဒသဆိုင္ရာ ရဲတပ္ဖြဲ႔ေတြနဲ႔ ျပည္တြင္းကာကြယ္ေရးအရန္တပ္ဖြဲ႔ National Guard ေတြကို လိုအပ္ရင္ ေခၚယူဖို႔လည္း အဆင္သင့္လုပ္ထားပါတယ္။

ဒီဆႏၵျပပြဲကို စည္း႐ုံးစီစဥ္တဲ့ အဖြဲ႔ကေတာ့ သမၼတေဟာင္း Donald Trump ရဲ႕ မဲဆြယ္စည္း႐ံုးေရးအဖြဲ႔မွာ လုပ္ကိုင္ခဲ့ဖူးသူ Matt Braynard ဦးေဆာင္ဖြဲ႔စည္းထားတဲ့ "Look Ahead America" ဆိုတဲ့အဖြဲ႔ ျဖစ္ပါတယ္။

တန္ျပန္ဆႏၵျပပြဲေတြ ရွိႏိုင္တယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ထားတာေၾကာင့္ အၿပိဳင္ဆႏၵျပတဲ့ အဖြဲ႔ေတြၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္တာမ်ိဳးေတြ ရွိမလာေအာင္လည္း တာဝန္ရွိသူေတြ အထူးသတိထား ေစာင့္ၾကည့္ဖို႔ ျပင္ဆင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကန်လွှတ်တော်ရှေ့ ဆန္ဒပြပွဲအတွက် လုံခြုံရေး အထူးပြင်ဆင်

အမေရိကန်ပြည်ထောင်စု၊ ကွန်ဂရက်လွှတ်တော် အဆောက်အဦးရှေ့မှာ ဒီကနေ့ ဆန္ဒပြပွဲရှိတာကြောင့် ဝါရှင်တန်ဒီစီက လုံခြုံရေးတာဝန်ရှိသူတွေ လုံခြုံရေးအစီအမံ တင်းတင်းကျပ်ကျပ် ချမှတ် လုပ်ဆောင်နေကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၆ ရက်နေ့ကဖြစ်ခဲ့တဲ့ လွှတ်တော်အဆောက်အဦးထဲ ရုန်းရင်းဆန်ခတ် အတင်းဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီး အကျဉ်းချခံထားရသူတွေကို ထောက်ခံတဲ့အနေနဲ့ "Justice for J6" ဆိုတဲ့ ဆန္ဒပြပွဲလုပ်ဖို့ စီစဉ်ထားတာပါ။

အကြမ်းဖက်လုပ်ရပ် ဖြစ်လာနိုင်ခြေ အလားအလာတွေကို အင်တာနက်ပေါ်မှာ ဆက်သွယ်ပြောဆိုတာတွေကနေ သတိပြုမိထားတယ်လို့ ကွန်ဂရက်လွှတ်တော် လုံခြုံရေးရဲတပ်ဖွဲ့က ပြောပြီး အဲဒီပြောဆိုချက်တွေ တကယ်တမ်း ဖြစ်လာခဲ့ရင် အရေးယူ လုပ်ဆောင်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

"ကျနော်တို့မှာရှိထားတဲ့ ထောက်လှမ်းရေး သတင်းတွေအပေါ် အလေးအနက် မထားဘူးဆိုရင် မိုက်မဲရာ ကျပါလိမ့်မယ်" လို့ လွှတ်တော်လုံခြုံရေးရဲတပ်ဖွဲ့ အကြီးအကဲ Tom Manger က ပြောပါတယ်။

လွှတ်တော်အဆောက်အဦး ပတ်ပတ်လည်မှာ အကာအရံ အတားအဆီးတွေ ချထားပြီး ရဲတပ်ဖွဲ့ဝင်တွေကိုလည်း နေရာအနှံ့အပြားမှာ ချထားပါတယ်။ စုဝေးဆန္ဒပြမယ့်နေရာနဲ့ လွှတ်တော်အဆောက်အဦး ပတ်ပတ်လည်က လမ်းတွေကြားမှာလည်း အကာအရံတွေ ချထားပါတယ်။

ဝါရှင်တန်ဒီစီမှာ သေနတ်ကို ဗြောင်ကိုင်ခွင့်မရှိတဲ့ဥပဒေ ပြဋ္ဌာန်းထားတာကို သတိပေးတဲ့အနေနဲ့ "သေနတ်ကိုင်ခွင့်မပြု" ဆိုတဲ့ ဆိုင်းဘုတ်တွေ ချိတ်ထားပါတယ်။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ပြည်တွင်းကာကွယ်ရေးအရန်တပ်ဖွဲ့ National Guard တွေကို လိုအပ်ရင် ခေါ်ယူဖို့လည်း အဆင်သင့်လုပ်ထားပါတယ်။

ဒီဆန္ဒပြပွဲကို စည်းရုံးစီစဉ်တဲ့ အဖွဲ့ကတော့ သမ္မတဟောင်း Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့မှာ လုပ်ကိုင်ခဲ့ဖူးသူ Matt Braynard ဦးဆောင်ဖွဲ့စည်းထားတဲ့ "Look Ahead America" ဆိုတဲ့အဖွဲ့ ဖြစ်ပါတယ်။

တန်ပြန်ဆန္ဒပြပွဲတွေ ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ထားတာကြောင့် အပြိုင်ဆန္ဒပြတဲ့ အဖွဲ့တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်တာမျိုးတွေ ရှိမလာအောင်လည်း တာဝန်ရှိသူတွေ အထူးသတိထား စောင့်ကြည့်ဖို့ ပြင်ဆင်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG