သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲဝင်ရင် Trump ကိုအနိုင်ရနိုင်လို့ အိုဘားမားပြော


သမ္မတ ဘားရက်အိုဘားမား
သမ္မတ ဘားရက်အိုဘားမား

သမ္မတ ဘားရက်အိုဘားမားက သူ့အနေနဲ့ တိုင်းပြည်အတွက် အတတ်နိုင်ဆုံး အစွမ်းကုန် လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်မှုရှိကြောင်းနဲ့ သူ့အနေနဲ့ ပြန်ပြီးသာ သမ္မတ ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ်ဆိုရင် Donald Trump ကို အနိုင် ရလိမ့်မယ်လို့ ထင်မြင်ကြောင်း ပြောဆိုပါတယ်။

တနင်္လာနေ့မှာ ထုတ်လွှင့်တဲ့ ရေဒီယို အစီအစဉ်အတွက် David Axelrod နဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ က ဒီလိုရှု့မြင်ချက်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ယုံကြည်မှု အပြည့်ရှိကြောင်း တကယ်လို့သာ သူ့အနေနဲ့ ပြန်ပြီး ယှဉ်ပြိုင်မယ် ဆိုရင် အမေရိကန်နိုင်ငံသား အများစုဟာ သူ့ကို ထောက်ခံလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

ဒါပေမယ့် Donald Trump ကတော့ ဒီအမြင်ကို လက်သင့်မခံပါဘူး။ Twitter လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ ရေးသားထားရာမှာ သမ္မတ အိုဘားမားရဲ့ ထင်မြင်ချက်ဟာ မဖြစ်နိုင်ပါဘူးလို့ Mr. Trump က ရေးသားထားပါတယ်။

XS
SM
MD
LG