သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား တရုတ်နဲ့ လာအိုသွားမည်


အမေရိကန် သမ္မတ Barack Obama

အမေရိကန် သမ္မတ Barack Obama ဟာ ရှေ့လထဲမှာ အာရှဒေသခရီးစဉ်ကို သူ့ရဲ့တရားဝင် နောက်ဆုံးခရီးစဉ်အဖြစ် သွားရောက်မယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်နိုင်ငံ Hangzhou မှာ ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သမ္မတ အိုဘားမားဟာ စက်တင်ဘာလ ၂ ရက်နေ့မှာ သွားရောက်ဖို့ ရှိတယ်လို့ သမ္မတ အိမ်ဖြူက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

သမ္မတဟာ လာအိုနိုင်ငံကိုလည်း သွားရောက်မှာ ဖြစ်ပြီး ဒါဟာ အမေရိကန် သမ္မတတဦး ပထမဆုံး လာအိုနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်လာမှာပါ။

တရုတ်နိုင်ငံမှာတော့ သမ္မတ အိုဘားမားဟာ နိုင်ငံအချင်းချင်းကြား မျှတမှုရှိရေးဟာ အရေးပါကြောင်းနဲ့ စီးပွါးရေးအခွင့်အလမ်းဆိုင်ရာ ကျယ်ပြန့်တဲ့ အကြောင်းရာတွေပေါ် ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Josh Earnest ကပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီယားအရေးနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့လို ဒေသတွင်း တင်းမာမှုတွေ ဆက်ပြီးတိုးလာနေချိန် မှာပဲ သမ္မတ အိုဘားမားက တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိနေတာပါ။

လာအိုမှာ သမ္မတအိုဘားမားက အမေရိကန်- အာဆီယံ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပြီး အမေရိကန်- လာအို ၂ နိုင်ငံ စီးပွါးရေး၊ ဖွံဖြိုးရေးနဲ့ ၂ နိုင်ငံပြည်သူကြား ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာဖို့ လာအိုသမ္မတ Bounnhang Vorachith နဲ့ တခြား ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

သမ္မတအိုဘားမား တရုတ်နဲ့ လာအိုသွားမည်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG