သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-အိန္ဒိယ နျူကလီယားစွမ်းအင်ဆိုင်ရာ သဘောတူညီမှုရရှိ


ပြောင်ငုတ်ဒွန်းရဲ့ အခေါင်းကို မြန်မာပြည်ပြန်သယ်ဖို့ ပြင်ဆင်။ (Credit: Helping Hands for Migrant Workers)
ပြောင်ငုတ်ဒွန်းရဲ့ အခေါင်းကို မြန်မာပြည်ပြန်သယ်ဖို့ ပြင်ဆင်။ (Credit: Helping Hands for Migrant Workers)

အမေရိကန်-အိန္ဒိယနှစ်စ်နိုင်ငံကြား ကာလကြာရှည်စွာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတဲ့ နျူကလီယားစွမ်းအင်ဆိုင်ရာ သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ Barack Obama နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့နှစ်ဦး တနင်္ဂနွေနေ့မှာ စတင်ဖြေရှင်းနိုင်ပြီလို့ သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံကို ၃ ရက်ကြာ ခရီးလာရောက်ခဲ့တဲ့ သမ္မတအိုဘားမားဟာ အခု ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက် ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲနိုင်တဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ နိုင်ငံတော်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် အမေရိကန်သမ္မတ တဦးအနေနဲ့ တက်ရောက်မှာလည်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက အမေရိကန် ပြည်ထောင်စုက အရပ်ဘက်သုံး နျူကလီယား နည်းပညာတွေ ဖြန့်ဝေပေးဖို့ အိန္ဒိယနဲ့သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ မတော်တဆဖြစ်မှု တစုံတရာ ကြုံလာရင် နျူကလီယား နည်းပညာသုံးပစ္စည်း ဖြန့်ဖြူး၊ ဆောက်လုပ်တဲ့ကုမ္ပဏီတွေကနေ အာမခံပေးဖို့ အိန္ဒိယနိုင်ငံရဲ့ ဥပဒေက ချမှတ်ထားတာမို့ ဒါကို အကောင်အထည်ဖေါ်ဖို့ ကြံ့ကြာနေတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ အာမခံကြေး ဒေါ်လာ သန်းပေါင်းများစွာကို နှစ်နိုင်ငံ ပူးတွဲချမှတ်နိုင်ခဲ့တာမို့ ဒါဟာ အိန္ဒိယနိုင်ငံရဲ့ ဥပဒေတွေကို အတင်းပြင် ခိုင်းစရာ မလိုတော့တဲ့အတွက် နှစ်ဘက် သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ အခုထိ မသိရသေးပါဘူး။ ဒါပေမယ့် အခု တနင်္ဂနွေနေ့မှာရရှိလိုက်တဲ့ သဘောတူညီမှုဟာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့အတွက် အတူ လက်တွဲ လုပ်ဆောင်နိုင်တယ်ဆိုတာကို ပြသလိုက်တာမို့ ဒါဟာ အရေးပါတဲ့ ခြေလှမ်းတရပ်လို့ သမ္မတအိုဘားမားက သတ်မှတ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကို အမေရိကန်သမ္မတရောက်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံ ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ဖို့ ဝန်ကြီးချုပ်မိုဒီနဲ့ သဘောတူညီခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောကြားခဲ့သလို ဝန်ကြီးချုပ်မိုဒီကလည်း အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အဆင့်သစ်တခုကို ရောက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း သမ္မတအိုဘားမားရဲ့ အိန္ဒိယကိုလာရောက်တဲ့ ခရီးစဉ် သိပ်ကိုအရေးပါတာကို ပြသတဲ့အနေနဲ့ သံခင်းတမန်ခင်းထုံးစံကိုဖျက်ပြီး လေဆိပ်ကို ကိုယ်တိုင်သွားရောက် ပွေ့ဖက် ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG