သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားထိန်းချုပ်နယ်မြေတချို့ ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ယူကရိန်းကြေညာ


ရှေ့တန်းစစ်မျက်နှာမှာ အမေရိကန်ရဲ့ M777 howitzer အမြှောက်ပစ်ဖို့ ယူကရိန်းတပ်ဖွဲ့ပြင်ဆင်နေ ၊ဂျူလိုင် ၁၄၊ ၂၀၂၂
ရှေ့တန်းစစ်မျက်နှာမှာ အမေရိကန်ရဲ့ M777 howitzer အမြှောက်ပစ်ဖို့ ယူကရိန်းတပ်ဖွဲ့ပြင်ဆင်နေ ၊ဂျူလိုင် ၁၄၊ ၂၀၂၂

ယူကရိန်းတပ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ နိုင်ငံရဲ့အရှေ့ပိုင်းနဲ့တောင်ပိုင်းက နယ်မြေ တချို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ ပြောပါတယ်။ ရုရှားက Lyman (လိုင်မန်) Adviivka (အဒိဗ်ကာ) နဲ့ Mariinka (မာရင်ကာ) ဒေသတွေကို တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ၊ ယူကရိန်းတပ်တွေဟာအရှေ့ဘက် Bakhmut ဒေသကို ဆက်တက်နိုင်ခဲ့တယ်လို့ ဒုတိယကာကွယ်ရေးဝန်ကြီး Hanna Maliar က Telegram မှာ ပြောပါတယ်။

နိုင်ငံတောင်ပိုင်းမှာ အောင်ပွဲတွေအများအပြားရခဲ့သလို၊ ပြီးခဲ့တဲ့သီတင်းပတ်ထဲ နယ်မြေတချို့ ပြန်သိမ်းယူနိုင်ခဲ့တယ်လို့လည်း ဝန်ကြီး Maliar က ပြောပါတယ်။ ယူကရိန်းစစ်တပ်က Melitopol (မာလက်တိုပို) နဲ့ Berdyansk (ဘာဒီရန့်စ်ခ်) ဒေသတွေကိုလည်း ဆက်ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက စတင်ကျူးကျော်လာကတည်းက ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်ပြီးရယူဖို့အတွက် ယူကရိန်းက ဇွန်လအစောပိုင်းကတည်းက တန်ပြန်ထိုးစစ်စတင်ခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားကျုးကျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် နိုင်ငံတကာ မဟာမိတ်တွေရဲ့ ညီညွတ်မှုတွေ ခိုင်မာအားကောင်းစေဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လည်း မကြာခင်မှာ ဥရောပ ၃ နိုင်ငံ ခရီးစဉ် စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG