သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းလက်က လွတ်မြောက်လာသူ ဟောင်ကောင်ပြန်ရောက်

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရှိနေတဲ့ ထိုင်းနယ်စပ်၊ မြန်မာဘက်ခြမ်းက ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရှိနေတဲ့ ထိုင်းနယ်စပ်၊ မြန်မာဘက်ခြမ်းက ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)

မြန်မာနိုင်ငံက အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ဂိုဏ်းတွေလက်ထဲကကယ်တင်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဟောင်ကောင်ဒေသခံ အမျိုးသား ဒီနေ့ နေရပ်ပြန်ရောက်သွားပြီဖြစ်တဲ့အကြောင်း ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

သောကြာနေ့က သူ့ကို ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ကယ်တင်ခဲ့တာလို့ Hong Kong Free Press သတင်းစာမှာ ဖေါ်ပြပါတယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ခေတ္တထားပြီး ဟောင်ကောင်ကို ပြန်ပို့လိုက်တာပါ။ တရုတ်နှစ်သစ်ကူး ကာလ မိသားစုနဲ့ ပြန်ဆုံခွင့်ရသွားတဲ့အတွက် ဝမ်းသာမိကြောင်း ဟောင်ကောင် လုံခြုံရေးဆိုင်ရာ အကြီးအကဲ Chris Tang (ခရစ်စ် တန်) က ပြောပါတယ်။

အရှေ့တောင်အာရှက အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ဂိုဏ်းတွေလက်ထဲ အဓမ္မခိုင်းစေခံနေရသူတွေထဲမှာ ဟောင်ကောင်ဒေသခံ အနည်းဆုံး ၁၀ ယောက် ပါဝင်ပြီး အဲဒီအထဲက ၉ ယောက်ဟာ မြန်မာနိုင်ငံမှာ ရှိနေဆဲ ဖြစ်ကြောင်းလည်း Chris Tang က ဒီနေ့ ဟောင်ကောင် ရေဒီယိုတခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။

နောက် အဓမ္မအခိုင်းခံနေရသူ တယောက်က ကမ္ဘောဒီးယားနိုင်ငံမှာ ရှိနေပြီး သူတို့ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ့်အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတွေလက်ထဲမှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နိုင်ငံတကာက လူ အနည်းဆုံး ခြောက်ထောင်ကျော် အဓမ္မခိုင်းစေခံနေရတဲ့အကြောင်း ဒေသအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းလက်က လွတ်မြောက်လာသူ ဟောင်ကောင်ပြန်ရောက်
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG