သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာတစ်ကြိုစာရင်း La La Land ရုပ်ရှင် ဆုအများစု လျာထားခံရ


"La la Land" ရုပ်ရှင်ဇာတ်ကား (Photo: Dale Robinette)
"La la Land" ရုပ်ရှင်ဇာတ်ကား (Photo: Dale Robinette)

၂၀၁၇ ခုနှစ် အော်စကာ ရုပ်ရှင်ထူးချွန်ဆုအတွက် လျာထားခံရတဲ့စာရင်းတွေ ထွက်လာတာမှာ ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား အမျိုုးအစားဖြစ်တဲ့ La La Land က စုစုပေါင်း ဆုအမျိုးအစား ၁၄ ခုအတွက် လျာထားခံရပါတယ်။

အဲဒီထဲမှာ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ မင်းသားနဲ့ မင်းသမီး ဆုတွေလဲပါပြီး ၁၉၉၇ ခုနှစ်က ဆုအများဆုံးလျာထားခံခဲ့ရတဲ့ Titanic ဇာတ်ကားနဲ့ အရေအတွက်အတူတူ လျာထားခံရတာပါ။

Moonlight ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုနဲ့ ဒါရိုက်တာဆုတွေ အပါအဝင် ဆုအမျိုးအစား ၈ ခုအတွက် လျာထားခံရပြီး ဒုတိယလိုက်ပါတယ်။

အကောင်းဆုံးဇာတ်ကားဆုအဖြစ် လျာထားခံရတဲ့ နောက်ထပ်ရုပ်ရှင်တွေကတော့ Arrival, Fences, Hacksaw Ridge, Hell or High Water, Hidden Figures, Lion နဲ့ Manchester by the Sea ဇာတ်ကားတွေဖြစ်ပါတယ်။

အကောင်းဆုံးဇာတ်ကားဆုရဖို့ တစ်ပြေးနေတာကတော့ La La Land ဇာတ်ကားပါပဲ။ အကောင်းဆုံး မင်းသားဆုအဖြစ် တစ်ပြေး နေသူနှစ်ဦးက Fences ဇာတ်ကားက Denzel Washington နဲ့ Manchester by the Sea ဇာတ်ကားက Casey Affleck တို့ပါ။

အကောင်းဆုံးမင်းသမီးဆုအဖြစ် တစ်ပြေးနေသူတွေက Loving ဇာတ်ကားက မင်းသမီး Ruth Negga နဲ့ အမေရိကန်သမ္မတ ဟောင်း John F Kennedy ရဲ့ဇနီးဖြစ်သူ Jacqueline Kennedy အကြောင်းရိုက်ထားတဲ့ Jackie ဇာတ်ကားက မင်းသမီး Natalie Portman တို့ဖြစ်ပါတယ်။ သူတို့နဲ့အပြိုင် လျာထားခံရတဲ့ထဲမှာ La La Land ဇာတ်ကားက Emma Stone နဲ့ Florence Foster Jenkins ဇာတ်ကားက အော်စကာသုံးဆုရှင် မင်းသမီးကြီး Meryl Streep တို့ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG