သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံတောင်ပိုင်း မြေပြိုမှုမှာ သေဆုံးသူ ၁၉၀ ကျော်


အိန္ဒိယနိုင်ငံ Kerala ပြည်နယ် Wayanad ခရိုင်မှာ မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်များ (ဩဂုတ် ၁၊ ၂၀၂၄)
အိန္ဒိယနိုင်ငံ Kerala ပြည်နယ် Wayanad ခရိုင်မှာ မြေပြိုမှုကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်များ (ဩဂုတ် ၁၊ ၂၀၂၄)

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ မိုးကြီးပြီးနောက်ပိုင်း မြေပြိုမှုတွေ ရက်ဆက် ဖြစ်တာကြောင့် အနည်းဆုံး လူ ၁၉၄ ယောက် သေဆုံးခဲ့ပြီး အပျက်အစီးတွေနဲ့ ရွှံ့တွေကြား ပိတ်မိနေတဲ့သူ အယောက် ၁၈၀ ကို ရှာနိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ခက်ခက်ခဲခဲ ဆက်လက် ကြိုးစားနေကြပါတယ်။ မိုးကလည်း ဆက်ပြီး သည်းနေတာကြောင့် တောထူတဲ့ ကုန်းမြင့်ပေါ်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲကြောင်း Kerala ပြည်နယ်အစိုးရ ပြောခွင့်ရ P.M Manoj က ပြောပါတယ်။

မြေပြိုမှုတွေ ကြီးမားစွာဖြစ်ပွားတဲ့ Wayanad ခရိုင်ကနေ စီးဆင်းတဲ့ Chaliyar မြစ်ထဲမှာ အလောင်း ၄၀ လောက် ရေစုံနဲ့အတူ မိုင် ၂၀ လောက် မျောပါလာတာကို တွေ့ခဲ့ရပြီး သေဆုံးသူတွေရဲ့ ကိုယ်ခန္တာ အပိုင်းအစတွေကိုပါ ရှာတွေ့ခဲ့တာပါ။

အင်္ဂါနေ့ အစောပိုင်းတုန်းက ကုန်းမြင့်ဒေသရှိ ကျေးရွာတွေနဲ့ လက်ဖက်ခြောက်စိုက်ခင်းတွေမှာ ရွှံ့တွေ၊ ရေတွေဝင်ပြီး မြေပြိုမှုတွေ စဖြစ်ခဲ့တာပါ။ အိမ်တွေ ပိပြားခဲ့သလို တံတားတွေလည်း ပျက်စီးခဲ့တာကြောင့် အပျက်အစီးတွေနဲ့ ရွှံ့တွေအကြား ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက ကြိုးစား ဆွဲထုတ်ခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း မြေပြိုမှုမှာ သေဆုံးသူ ၁၉၀ ကျော်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG