သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်ကြွလှုပ်ရှားသူ ၂၉၀ ပြန်လွှတ်ပေးခဲ့တယ်လို့ ပါကစ္စတန်ကြေညာ


Activists' banner is displayed near the Islamabad press club, Dec. 20, 2023. (Malik Waqar Ahmed/VOA)
Activists' banner is displayed near the Islamabad press club, Dec. 20, 2023. (Malik Waqar Ahmed/VOA)

ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မှာဖမ်းဆီးခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ၂၉၀ ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ပါကစ္စတန် ဖယ်ဒရယ်အစိုးရ အာဏာပိုင်တို့က တနင်္လာနေ့မှာ ပြောထားပြီး တက်ကြွလှုပ်ရှားသူ အဖွဲ့တခုကတော့ တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော် ထောင်ထဲမှာကျန်ရှိနေသေးပြီး တချို့ကတော့ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ဟာ လူတိုင်းရဲ့အခွင့်အရေး ဖြစ်တယ်၊ ဒါပေမဲ့ ဥပဒေကို ကိုယ့်စိတ်ကြိုက် ထင်သလိုလုပ်လို့ မရဘူး။” လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနက X လူမှုကွန်ရက်မှာတင်ထားတဲ့ကြေညာချက်မှာ ပြောဆိုထားပြီး Baloch တက်ကြွလှုပ်ရှားသူတွေကို အုပ်စုလိုက် ပြန်လွှတ်ပေးပြီးပြီလို့လည်း ကြေညာထားပါတယ်။

ဆန္ဒပြသူ ၁၆၀ ကျော် ပြန်လွတ်လာကြောင်း၊ ဒါပေမဲ့ ၁၀၀ ကျော် ဆက်လက် ထိန်းသိမ်းခံနေရပြီး တချို့က ပျောက်ဆုံးနေတယ်လို့ Baloch Solidarity ကော်မတီက ဗွီအိုအေ Urdu ဌာနကို နောက်ပိုင်းမှာ ပြောဆိုထားပါတယ်။ ဒါ့အပြင် အစ္စလာမ္မာဘတ် ရဲဌာနက အဖွဲ့ကိုရော မီဒီယာတွေကိုပါ သတင်းအမှန် မပေးဘူးလို့လည်း ပြောပါတယ်။

နိုင်ငံ အနောက်တောင်ပိုင်း၊ ဘာလူချစ္စတန် ပြည်နယ်တွင်း တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ အစဖျောက်ခံရမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး အဲဒီကိစ္စတွေကို ဆန္ဒပြဖို့အတွက် Baloch တက်ကြွလှုပ်ရှားသူတွေက မြို့တော် အစ္စလာမ္မာဘတ်ကို ထွက်ခွာသွားခဲ့တာပါ။ ဘာလူချစ္စတန် ပြည်နယ် Turbat မြို့က အသက် ၂၄ နှစ် အရွယ် Balaach Mola Bakhsh ဆိုသူ အမျိုးသားတဦး ရဲက ဖမ်းဆီးထားစဉ် သေဆုံးခဲ့ရမှုကို ဆန္ဒပြဖို့အတွက် Turbat မြို့ကနေ ကီလိုမီတာ ၁,၆၀၀ ဝေးတဲ့ မြို့တော် အစ္စလာမ္မာဘတ်ကို ထွက်ခွာကြတဲ့ ဒါဇင်နဲ့ချီတဲ့ မော်တော်ယာဉ်တန်းမှာ အမျိုးသမီးတွေ၊ အမျိုးသားတွေနဲ့ ကလေးတွေလည်း လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG