သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ဟောင်း Imran Khan အပေါ် အကြမ်းဖက်မှုနဲ့ ပါကစ္စတန်ရဲ အမှုဖွင့်


PAKISTAN-POLITICS-KHAN
PAKISTAN-POLITICS-KHAN

{{Zawgyi/Unicode}}

လူကြိုက်များတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ကို အကြမ်းဖက်ဝါဒစွဲ စွဲဆိုချက်သစ်နဲ့ ပါကစ္စတန်ရဲက အခု တနင်္ဂနွေနေ့ အမှုဖွင့်လိုက်ပါတယ်။ မြို့တော် အစ္စလာမ်မာဘတ်မှာ လုံခြုံရေးတပ်တွေနဲ့ ဝန်ကြီးချုပ်ဟောင်း Khan ကို ထောက်ခံသူတွေကြား ရုန်းရင်းဆံခတ်ဖြစ်ကြပြီး နောက်တနေ့မှာ ရဲက အခုလို အမှုသစ်ဖွင့်လိုက်တာပါ။

ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ Pakistan PTI ပါတီက အကြီးတန်းခေါင်းဆောင်တွေနဲ့ ပါတီအဖွဲ့ဝင် ဆယ်ဂဏန်းကိုလည်း ရဲအရာရှိတွေကို ထိခိုက်နာကျင်စေမှု၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေအတွက် အကြမ်းဖက်မှုပုဒ်မတွေနဲ့ စွဲချက်တင်ထားပါတယ်။ စနေနေ့က ဖြစ်ခဲ့တဲ့ ရုန်းရင်းဆံခတ်မှုတွေနဲ့ ဆက်နွယ်ပြီး PTI ပါတီဝင် ၆၁ ဦးကို ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီး နောက်ထပ် ဖမ်းဆီးမှုတွေရှိလာဦးမယ်လို့လည်း ရဲက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း Khan ဟာ သူအာဏာရှိစဉ်ကရရှိခဲ့တဲ့ နိုင်ငံပိုင်လက်ဆောင်ပစ္စည်းတွေကို ဥပဒေနဲ့မညီ ရောင်းစားခဲ့တယ်ဆိုတဲ့စွဲချက်ကို ကြားနာစစ်ဆေးမယ့် တရားရုံးဝန်းအတွင်းမှာ စနေနေ့တုန်းက သူ့ကိုထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆံခတ်ဖြစ်ခဲ့တာပါ။ လူအုပ်ကိုဖြိုဖို့ ထောင်ဂဏန်းရှိတဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ တုတ်တွေ အသုံးပြုခဲ့ပါတယ်။ သူတို့ကို ခဲတွေနဲ့ပစ်ပေါက်လို့ လုံခြုံရေးတပ်က တုံ့ပြန်ကိုင်တွယ်တာလို့ အာဏာပိုင်တွေကပြောပါတယ်။

ဒီအကြမ်းဖက်မှုကြောင့် ရဲတပ်ဖွဲ့တွေရော ဆန္ဒပြသူတွေပါ ဒါဇင်နဲ့ချီထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အခုလို အဓိကရုဏ်းအခြေအနေကြောင့် အသက် ၇၀ အရွယ် ဝန်ကြီးချုပ်ဟောင်း Khan အနေနဲ့ တရားရုံးတွင်းဝင်လာဖို့ အဟန့်အတားဖြစ်ခဲ့တယ်လို့ မျက်မြင်တွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ဆုံးမှာတော့ ဝန်ကြီးချုပ်ဟောင်း Khan ကို သူ့ ကားထဲမှာပဲ နေစေပြီး တရားရုံးကို လာရောက်သူအဖြစ် တရားသူကြီးကခွင့်ပြုခဲ့ရပါတယ်။ အမှုကိုလည်း မတ်လ ၃၀ ရက်နေ့ အထိ ရက်ချိန်းရွေ့ဆိုင်းပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကတော့ သူ့အပေါ် စွဲဆိုချက်တွေကို ငြင်းဆန်ပြီး ဒါတွေကို နိုင်ငံရေးပယောဂအဖြစ် သတ်မှတ်ပြောဆိုပါတယ်။

=============

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG