သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ဗလီကျောင်း အသေခံဗုံးခွဲတိုက်ခိုက်မှု ၆၀ ကျော်သေ 


Pakistan Mosque Bombing
Pakistan Mosque Bombing

[[Zawgyi/Unicode]]

ပါကစ္စတန် အနောက်မြောက်ဘက်က ဗလီကျောင်းတခုမှာ တနင်္လာနေ့က လူတွေပြည့်နေချိန် အင်အားပြင်းဗုံးတလုံး ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၆၁ ယောက် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဘာသာရေးဆရာက ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းပွဲစချိန်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သတိလစ်မေ့မျောသွားခဲ့ကြောင်း တနင်္လာနေ့ မွန်းလွဲပိုင်း တိုက်ခိုက်မှုမှာ အသက်မသေ လွတ်မြောက်လာသူတယောက်က ဗွီအိုအေကို ပြောပါတယ်။ Khyber Pakhtunkhwa ပြည်နယ်ရဲ့မြို့တော် Peshawar မြို့ အချက်အခြာနေရာကဗလီမှာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒေသခံ အကြီးတန်းရဲအရာရှိတယောက်က သေဆုံးသူအရေအတွက်ကို ဗွီအိုအေကို အတည်ပြုခဲ့သလို ဝတ်ပြုသူတွေထဲက ပျောက်ဆုံးနေသူတွေ ရှိနေသေးပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရသေးတဲ့သူတွေ ရှိနေသေးတာကြောင့် သေဆုံးသူနောက်ထပ် တိုးလာနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေ ဆေးရုံကိုရောက်လာကြောင်း မြို့ခံဆေးရုံတာဝန်ရှိသူတွေ အတည်ပြုခဲ့သလို တချို့ကတော့ ဒဏ်ရာပြင်းထန်တယ်လို့လည်း ပြောပါတယ်။

ထိခိုက်သေဆုံးသူအများစုဟာ နယ်ခံရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဗလီခေါင်မိုး ပြိုကျသွားခဲ့တယ်လို့လည်း အရေးပေါ်ကယ်ဆယ်ရေးတွေနဲ့ အသက်မသေ လွတ်မြောက်လာသူတွေက ပြောပါတယ်။ ဗလီကျောင်း အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် ဝန်ကြီးချုပ် Shahbaz Sharif က ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးရုံမှာ သွားရောက်ကြည့်ရှုခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း Imran Khan ကလည်း အကြမ်းဖက်ဝါဒီ အသေခံဗုံးခွဲတိုက်ခိုက်မှုအဖြစ် Twitter လူမှုကွန်ရက်ကနေ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ သွားလေ့ရှိတဲ့ ဗလီကျောင်းတိုက်ခိုက်မှုအတွက် လတ်တလော ဘယ်သူကမှ သူတို့လက်ချက်အဖြစ် ပြောတာမရှိသလို ပါကစ္စတန်တာလီဘန်အဖွဲ့ကလည်း သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]







XS
SM
MD
LG