သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အာမခံနဲ့ ပြန်လွတ်


ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးကိုလာရောက်စဉ် (မတ် ၂၁၊ ၂၀၂၃)

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရတဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ဒီကနေ့ ပါကစ္စတန်နိုင်ငံ၊ အစ်စလာမာဘတ် မြို့တော် တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ အဂတိလိုက်စားမှု အပါအဝင် အမှုပေါင်းများစွာနဲ့ တရားစွဲခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မြို့တော် အစ်စလာမာဘတ် မှာ တရားရုံးကြားနာဖို့ စောင့်ဆိုင်းနေတုန်း စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

သူ့ကို ဖမ်းဆီးခဲ့တာဟာ တရားမဝင်ဘူးလို့ ကြာသပတေးနေ့က ဗဟိုတရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်း Khan ကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အတွက် ပါကစ္စတန် အနှံ့ ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ တွေကြား ရုန်းရင်းဆန်ခတ်မှုတွေ အတွင်းမှာ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ရပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Imran Khan ဖမ်းဆီးခံရအပြီး ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြနေစဉ် (မေ ၉၊ ၂၀၂၃)
ဝန်ကြီးချုပ်ဟောင်း Imran Khan ဖမ်းဆီးခံရအပြီး ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြနေစဉ် (မေ ၉၊ ၂၀၂၃)

ကြာသပတေးနေ့က အစ်စလာမာဘတ် မြို့ နေရာ တချို့မှာ ဆူပူဆန္ဒပြမှုတွေကြောင့် အဓိကလမ်းမကြီးတွေကို ရဲတပ်ဖွဲ့က ပိတ်ထားခဲ့ရပြီး၊ ပန်ဂျပ်ပြည်နယ်မြို့တော် လာဟိုးမှာလည်း အာဏာပိုင်တွေက တမြို့လုံးနီးပါးကို ပိတ်ဆို့ထားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Imran Khan ဟာ အကြမ်းဖက်မှု၊ အကျင့်ပျက်ခြစားမှု၊ နိုင်ငံတော်သစ္စာဖောက်မှု အပါအဝင် တခြား ရာဇ၀တ်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီစွဲချက်တွေကို Khan က ငြင်းဆိုထားပြီး ဒါဟာ သူ့ကို နိုင်ငံရေး အရ လုပ်ကြံတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG