သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရမှုအတွက် နိုင်ငံအနှံ့ဆန္ဒပြ


ဝန်ကြီးချုပ်ဟောင်း Imran Khan ဖမ်းဆီးခံရအပြီး ပါကစ္စတန်နိုင်ငံမှာ လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြနေစဉ် (မေ ၁၀၊ ၂၀၂၃)
ဝန်ကြီးချုပ်ဟောင်း Imran Khan ဖမ်းဆီးခံရအပြီး ပါကစ္စတန်နိုင်ငံမှာ လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြနေစဉ် (မေ ၁၀၊ ၂၀၂၃)

ါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan ကို ဖမ်းဆီးပြီးတဲ့နောက် နိုင်ငံတဝှမ်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ရဲ့ ဇာတိမြို့ Lahore အပါအဝင် တခြားမြို့တွေမှာ ကားတွေနဲ့ မီးရှို့ခံရလို့ လမ်းတွေပိတ်ပြီး အဆောင်အအုံတွေ မီးလောင်ခဲ့ပါတယ်။ အများပြည်သူသုံး ကားတွေရထားတွေလည်း ပြေးဆွဲမှု မရှိတာကြောင့် အထူးသဖြင့် ကလေးတွေ စာမေးပွဲဖြေတဲ့အချိန်မှာ အခက်အခဲရှိကြောင်း ကရာချီမြို့ခံတယောက်က ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ဟာ အဂတိလိုက်စားမှု စွဲချက်တွေကို ရင်ဆိုင်ဖို့ အစ္စလာမ္မာဘတ်မြို့တော်က တရားရုံးကိုအလာမှာ ပါကစ္စတန်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန တာဝန်ရှိသူတွေက တရားရုံးဝန်းထဲမှာ မနေ့တုန်းက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကို ရုံးထုတ်မှာ မဟုတ်ဘဲ သူ့ကို ဖမ်းထားတဲ့နေရာမှာပဲ ဒီနေ့ ကြားနာစစ်ဆေးဖို့ စီစဉ်ထားကြောင်း ပါကစ္စတန်ရဲက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan အဖမ်းခံရပြီးတဲ့နောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန္ဒပြမှုတွေလုပ်ကြဖို့ သူ့ရဲ့ PTI ပါတီက ဆော်သြလိုက်ပါတယ်။ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဖို့၊ ဒါပေမယ့် ပြည်သူပိုင်ပစ္စည်း သူများပိုင် ပစ္စည်းတွေကို ဖျက်လို့ ဖျက်စီးလုပ်တာတွေ မလုပ်ကြဖို့ PTI ပါတီ ဒုဥက္ကဌ Shah Mah-mood Qu-re-shi က ဒီနေ့ဘဲ ပြောထားပါတယ်။ ဆန္ဒပြမှုတွေအတွင်း ရဲနဲ့ ပြည်သူကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကြောင့် ဒီနေ့အစောပိုင်းအထိ ပါကစ္စတန်နိုင်ငံက ပြည်နယ် ၄ ခုထဲက ၃ ခုမှာ လူစုလူဝေးခွင့် ပိတ်ပင်ကြောင်း အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း Imran Khan ဖမ်းဆီးခံရအပြီး ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြနေစဉ် (မေ ၉၊ ၂၀၂၃)
ဝန်ကြီးချုပ်ဟောင်း Imran Khan ဖမ်းဆီးခံရအပြီး ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ လမ်းတွေကို ပိတ်ဆို့ ဆန္ဒပြနေစဉ် (မေ ၉၊ ၂၀၂၃)

ဝန်ကြီးချုပ်ဟောင်း Khan ကိုတော့ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာပဲ လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်ပြီး ဖယ်ရှားခဲ့တာပါ။ သူရာထူးက ပြုတ်ကျခဲ့ပြီးနောက် တက်လာတဲ့ ဝန်ကြီးချုပ် Shahbaz Sharif အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုလည်း ဦးဆောင်ခဲ့ပြီး၊ ရွေးကောက်ပွဲတွေ အချိန်စောပြီးကျင်းပဖို့လည်း တောင်းဆိုနေတာပါ။ ဝန်ကြီးချုပ်ဟောင်းကတော့ သူ့ကိုဖယ်ရှားတဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီသလို၊ အနောက်နိုင်ငံတွေရဲ့ ပူးပေါင်းကြံစည်မှုအဖြစ် စွပ်စွဲခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရမှုအတွက် နိုင်ငံအနှံ့ဆန္ဒပြ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG