သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ဖမ်းဆီးခံရ


ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ မဲဆွယ်စည်းရုံးရေးပွဲတခုအတွင်း စကားပြောနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန် (Imran Khan) (မေ ၉၊ ၂၀၂၃)
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ မဲဆွယ်စည်းရုံးရေးပွဲတခုအတွင်း စကားပြောနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန် (Imran Khan) (မေ ၉၊ ၂၀၂၃)

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ဟာ အဂတိလိုက်စားမှု စွဲချက်တွေကို ရင်ဆိုင်ဖို့ အစ္စလာမ္မာဘတ်မြို့တော်က တရားရုံးကိုအလာ ဒီကနေ့မှာပဲ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန တာဝန်ရှိသူတွေက တရားရုံးဝန်းထဲမှာ ဖမ်းဆီးလိုက်တာလို့လည်း ဝန်ကြီးချုပ်ဟောင်းရဲ့ PTi ပါတီ အကြီးတန်း တာဝန်ရှိသူတယောက်ဖြစ်တဲ့ Fawad Chaudhry ကပြောပါတယ်။ ဖမ်းဆီးပြီး ရဲကားတစင်းပေါ်တင် ခေါ်ဆောင်သွားတယ်လို့လည်း ပြောပါတယ်။

ပါကစ္စတန်နိုင်ငံက လွတ်လပ်တဲ့ သတင်းဌာနတခုဖြစ်တဲ့ GEO TV က ထုတ်လွှင့်တဲ့ ဗွီဒီယိုထဲမှာတော့ ဝန်ကြီးချုပ်ဟောင်းကို လုံခြုံရေးအာဏာပိုင်တွေက အချုပ်ကားပေါ်တင်ပြီး ခေါ်ဆောင်သွားတာကို ပြသခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Khan ကိုတော့ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာပဲ လွှတ်တော်က အယုံအကြည်မရှိ အဆိုတင်ပြီး ဖယ်ရှားခဲ့တာပါ။ ဝန်ကြီးချုပ်ဟောင်းကတော့ သူ့ကိုဖယ်ရှားတဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီသလို၊ အနောက်နိုင်ငံတွေရဲ့ ပူးပေါင်းကြံစည်မှုအဖြစ် စွပ်စွဲခဲ့ပါတယ်။ သူရာထူးက ပြုတ်ကျခဲ့ပြီးနောက် တက်လာတဲ့ ဝန်ကြီးချုပ် Shahbaz Sharif အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကိုလည်း ဦးဆောင်ခဲ့ပြီး၊ ရွေးကောက်ပွဲတွေ အချိန်စောပြီးကျင်းပဖို့လည်း တောင်းဆိုနေတာပါ။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG