သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ပါကစ္စတန်မှာ PTI ပါတီဝင် ၃,၀၀၀ ကျော်ကိုဖမ်းဆီး (Imran Khan)


ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ကို ထောက်ခံသူများ လာဟိုးမြို့မှာ စုဝေးဆန္ဒပြကြစဉ်။ 
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ကို ထောက်ခံသူများ လာဟိုးမြို့မှာ စုဝေးဆန္ဒပြကြစဉ်။ 

{{Zawgyi/Unicode}}

သူ့ပါတီကပါတီလှုပ်ရှားသူများနဲ့ လူမှုမီဒီယာလှုပ်ရှားသူတွေကို ပါကစ္စတန်အစိုးရက ထောင်ချီဖမ်းဆီးခဲ့တယ်လို့ ယခင် ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က ပြောလိုက်ပါတယ်။ ဖမ်းဆီးထားသူတွေ ဘယ်မှာရောက်နေမှန်း မသိရသလို လွတ်လာသူတွေကလည်း ညှဉ်းပန်းနှိပ်စက်မှုတွေရှိတယ်လို့ ပြောကြကြောင်း စနေနေ့နှောင်းပိုင်း ရုပ်မြင်သံကြားကနေ လွှင့်ထုတ်ခဲ့တဲ့မိန့်ခွန်းမှာ Imran Khan က ပြောခဲ့တာပါ။

လက်ရှိအဖမ်းခံရသူ ၃,၁၀၀ ကျော်ရှိပြီး Punjab နဲ့ Khyber Pakhtunkhwa ပြည်နယ်တွေမှာ အများဆုံးဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရာချီတဲ့သူ့ရဲ့ PTI ပါတီဝင်တွေနဲ့ ရဲတပ်ဖွဲ့ကြား အဓိကရုဏ်း ဖြစ်ပွါးခဲ့ကြောင်း ရဲက အတည်ပြုပါတယ်။

အာဏာရ Pakistan Muslim League (N) PMN party နဲ့ PTI ပါတီ ၂ ပါတီအနက် တပါတီသာ ရှင်သန်နိုင်မယ့်အနေအထားကို ပါကစ္စတန်နိုင်ငံရေးက ရောက်သွားပြီဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Rana Sanaullah က ပြီးခဲ့တဲ့အပတ်ကလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းဌာန Pakistan News Network, or PNN နဲ့ လုပ်တဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

“ကျနော်တို့ရဲ့ရပ်တည်ရေးကို ခြိမ်းခြောက်လာပြီလို့ မြင်လာပြီဆိုရင်တော့ မူအရ မှန်တာမှားတာ၊ ဒီမိုကရေစီကျမကျတွေကို ဂရုမစိုက်တော့တဲ့အတိုင်းအထာအထိ သွားမှာဖြစ်တယ်” လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြောသွားပါတယ်။ ပါကစ္စတန်နိုင်ငံမှာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွါးနေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ နှစ်စဉ်အစီရင်ခံစာနဲ့ပတ်သက်ပြီး စနေနေ့က လူမှုစာမျက်နှာမှာ ပြောပါတယ်။

Imran Khan ရဲ့ညွန့်ပေါင်းအစိုးရကို ပြီးခဲ့တဲ့ ဧပြီလက လွှတ်တော်မှာ အယုံအကြည်မရှိအဆို နဲ့ ဖြုတ်ချခဲ့တာပါ။ ဒါပေမဲ့ Imran Khan အပေါ် လူထုအကြိုက်က ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ၃၁ ရာနှုန်းပဲရှိပေမဲ့ ဒီနှစ်ဖေဖော်ဝါရီလမှာတော့ ၆၁ ရာနှုန်းအထိ တက်လာတာကို လူထုစစ်တမ်းမှာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{Unicode}}








ဆက်စပ်သတင်းများ ...

XS
SM
MD
LG