သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရေဘေး လူ ၁ဝဝဝ ခန့် သေဆုံး


APTOPIX Pakistan Floods
APTOPIX Pakistan Floods

ပါကစ္စတန်ရေဘေး လူ ၁ဝဝဝ ခန့် သေဆုံး

{{Zawgyi/Unicode}}
ပါကစ္စတန်နိုင်ငံ သမိုင်းမှာ မကြုံဖူးလောက်အောင် မုတ်သုန်မိုး အကြီးအကျယ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပြီး လူ တထောင်နီးပါးသေဆုံးကာ ၃၃ သန်းလောက် ဒုက္ခရောက်ကုန်ကြကြောင်း အာဏာပိုင်တွေက သောကြာနေ့က ပြောပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အကူအညီတွေ ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။ ပြည်နယ် ၄ ခုစလုံးမှာ အပျက်အစီးတွေ များနေတာကြောင့် မိုးပိုပြီးရွာအုန်းမယ်လို့ ရာသီဥတု့ခန့်မှန်းနေတဲ့ကြားကပဲ ဝန်ကြီးချုပ် Shahbaz Sharif က အရေးပေါ် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာဖို့ အမြန်ဆုံးလုပ်ဆောင်ခဲ့ကြောင်း သူရဲ့ ရုံးကနေ ပြောကြားခဲ့ပါတယ်။

ဒါအပြင် အစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး ရေဘေးကယ်ဆယ်ရေး အကူအညီတွေကို သြဂုတ်လ ၃ဝ ရက်နေ့မှာ လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ် Sharif ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ရေဘေးဒဏ်ကို နိုင်ငံအနောက်တောင်ပိုင်း Baluchistan နဲ့ တောင်ပိုင်း Sindh ပြည်နယ်တွေက အဆိုးဆုံးခံကြရပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................

ပါကစ်စတနျရဘေေး လူ ၁၀၀၀ ခန့ျ သဆေုံး

{{Zawgyi/Unicode}}




XS
SM
MD
LG