သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်မီတာခတိုးမြှင့်မှု ပါကစ္စတန်နိုင်ငံတဝန်း ဆန္ဒပြ


မီတာခတိုးမြှင့်ကောက်ခံလို့ အလုပ်လက်မဲ့တိုးလာမှာကို ကာကွယ်ရေးဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒပြနေတဲ့ ကုန်သည်တဦး။ (သြဂုတ် ၂၃၊ ၂၀၂၃)
မီတာခတိုးမြှင့်ကောက်ခံလို့ အလုပ်လက်မဲ့တိုးလာမှာကို ကာကွယ်ရေးဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒပြနေတဲ့ ကုန်သည်တဦး။ (သြဂုတ် ၂၃၊ ၂၀၂၃)

ပါကစ္စတန်မှာ မီတာခတွေတက်လာတာကြောင့် မီတာခတောင်းခံလွှာတွေကို မီးရှို့ပြီး ပြည်သူတွေက တတိယနေ့အဖြစ် တနင်္ဂနွေနေ့မှာ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။

အနောက်မြောက်ပိုင်းမှာရှိတဲ့ ခါဘာပတ်ထွန်ခွါ (Khyber Pakhtunkhwa) ပြည်နယ်မှာ လျှပ်စစ်ဌာနက သူ့ဝန်ထမ်းတွေနဲ့တပ်ဆင်ထားတဲ့ စက်နဲ့ပစ္စည်းတွေ ကို အကာအကွယ်ပေးဖို့ ရဲတပ်ဖွဲ့ကို တရားဝင်အကူအညီတောင်းခံလိုက်ပါတယ်။ လျှပ်စစ်ဌာနကလည်း သူ့ ဝန်ထမ်းတွေကို ဌာနပိုင်ကားတွေရဲ့လိုင်စင်တွေ ဖယ်ရှားထားဖို့ ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။

ကရာချိ၊ လာဟို၊ ပီရှားဝါး၊ မူလ်တန်၊ ရာဝါလ်ပင်ဒိနဲ့ အစ္စလာမ္မာဘတ် မြို့ကြီးတွေ အပါအဝင် မြို့အတော်များများမှာ သောကြာနေ့က စပြီး ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့တာပါ။

ပါကစ္စတန်ဝန်ကြီးချုပ် အန်ဝါ အူလ်ဟဂ် ကာကာ (Anwaar-ul-Haq Kakar) က တနင်္ဂနွေနေ့မှာ အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေးခေါ်ခဲ့ပေမဲ့ ဘာကြေညာချက်မှ ထွက်မလာခဲ့ပါဘူး။ အစည်းအဝေးကို တနင်္လာနေ့အထိ ဆက်လက် ရွှေ့ဆိုင်းထားပြီး လျှပ်စစ်မီတာခတွေ ပြန်လျှော့ချရေး ခိုင်မာတိကျတဲ့ လုပ်ငန်းစဉ်တွေတင်ပြဖို့ လျှပ်စစ်ဝန်ကြီးဌာနကို အချိန် ၄၈ နာရီ အချိန်ပေးလိုက်တယ်လို့ ဝန်ကြီးချုပ်ရုံးကပြောပါတယ်။

တိုင်းပြည်ဒုက္ခဖြစ်စေမယ့် ဘာခြေလှမ်းကိုမှ ကျနော်တို့ လှမ်းလိမ့်မယ်မဟုတ်ဘူး လို့ ဝန်ကြီးချုပ် က ပြောပါတယ်။

လူဦးရေ ၂၄၁ သန်းရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ ငွေဖောင်းပွမှု ၂၉ ရာနှုန်း မြင့်တက်လာခဲ့တာကြောင့် ပါကစ္စတန်ငွေတန်ဖိုးက ကျဆင်းလာနေပြီး သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တဒေါ်လာဟာ ပါကစ္စတန် ရူပီး ၃၀၀ ကျော်သွားပါတယ်။

စီးပွါးရေးကျဆင်းလာတဲ့ပါကစ္စတန်နိုင်ငံကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ကနေ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ချေးယူရာမှာ စီးပွါးရေး ပြုပြင် ပြောင်းလဲရေးလုပ်ဖို့ ပါရှိပြီး ဒီ ပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်းတရပ်အဖြစ် လျှပ်စစ်မီတာခ တိုးမြှင့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တချက် ပါဝင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG