သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ် အိုလံပစ် ၁၄ ရက်မြောက်

အမျိုးသမီးသဲသောင်ပြင်ဘောလီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ကျင်းပနေစဉ် (ဩဂုတ် ၈၊ ၂၀၂၄)
အမျိုးသမီးသဲသောင်ပြင်ဘောလီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ်ကျင်းပနေစဉ် (ဩဂုတ် ၈၊ ၂၀၂၄)

ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲ ၁၄ ရက်မြောက် ဒီနေ့မှာ ပြင်သစ်နဲ့ စပိန်ကန်ကြမယ့် အမျိုးသားဘောလုံး ဗိုလ်လုပွဲ၊ မာရသွန်ရေကူးပြိုင်ပွဲ၊ မီတာ ၄၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပွဲ စတဲ့ အားကစားပွဲတွေ ကျင်းပနေပါတယ်။

ဒီနေ့ပွဲစဉ်တွေမှာ ထူးခြားတာက Breaking လို့နာမည်ပေးထားတဲ့ Breakdance အကပြိုင်ပွဲကို အိုလံပစ်ဆုပေးမယ့် အားကစားနည်းတခုအဖြစ် ဒီနေ့စတင် ကျင်းပမှာဖြစ်ပါတယ်။ အမျိုးသမီး Breaking အကပြိုင်ပွဲတွေမှာ အာရှက အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီယား နိုင်ငံတွေက ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ တခြားဝင်ပြိုင်သူတွေထက် အသက် ၂ ဆပိုကြီးတဲ့ ဂျပန်က Breakdancer Ayumi က အသက် ၄၁ နှစ်အရွယ်မှာ အိုလံပစ် ချန်ပီယံဆုရသူအဖြစ် မှတ်တမ်းဝင်နိုင်ဖို့ ကြိုးစားထားတယ်လို့ ပြောပါတယ်။

စားပွဲတင်တင်းနစ်မှာ အတော်ဆုံးကစားသမားတယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ တရုတ်နိုင်ငံ Ma Long ကလည်း ဒီနေ့ပွဲမှာ ကစားမှာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ကမ္ဘာ့စားပွဲတင် တင်းနစ်ပြိုင်ပွဲဟာ သူရဲ့နောက်ဆုံး ပြိုင်ပွဲဝင်တဲ့ပွဲလို့ ကြေညာထားတဲ့ Ma Long အနေနဲ့ ဒီနေ့ အိုလံပစ်ပွဲကလည်း သူ့ရဲ့ နောက်ဆုံး အိုလံပစ်ပွဲဖြစ်မလားဆိုတာကို ပရိတ်သတ်တွေ စောင့်ကြည့်နေကြပါတယ်။

လက်ရှိ ဆုဇယားမှာတော့ အမေရိကန်က ဆုတံဆိပ် ၁၀၀ ကျော်နဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ ရွှေတံဆိပ်မှာတော့ အမေရိကန်နဲ့ တရုတ်က ပထမနေရာမှာ အကြိတ်အနယ် ဖြစ်နေကြပါတယ်။

ပဲရစ် အိုလံပစ် ၁၄ ရက်မြောက်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG