သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်အိုလံပစ် တင်းနစ်ပွဲ Djokovic က Nadal ကို အနိုင်ရ 


ပြင်သစ်အိုလံပစ် တင်းနစ်ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ဆားဗီးယားက အနိုင်ရသွားတဲ့ Novak Djokovic (ယာ) က စပိန်ဝါရင့်တင်းနစ်ပြိုင်ဘက်ကစားသမား Rafael Nadal (ဝဲ) ကို ပွဲအပြီးနှုတ်ဆက်နေစဥ်။ (ဇူလိုင် ၂၉၊ ၂၀၂၄)
ပြင်သစ်အိုလံပစ် တင်းနစ်ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ဆားဗီးယားက အနိုင်ရသွားတဲ့ Novak Djokovic (ယာ) က စပိန်ဝါရင့်တင်းနစ်ပြိုင်ဘက်ကစားသမား Rafael Nadal (ဝဲ) ကို ပွဲအပြီးနှုတ်ဆက်နေစဥ်။ (ဇူလိုင် ၂၉၊ ၂၀၂၄)

မဟာတင်းနစ်သမားကြီးတွေဖြစ်ကြတဲ့ နိုဗက် ဂျိုကိုးဗစ် နဲ့ Rafael Nadal တို့ ဟာ အကြိမ် ၆၀ မြောက်အဖြစ် ပါရီအိုလံပစ်ပြိုင်ပွဲမှာတွေ့ဆုံခဲ့ကြပြီး ဂျိုကိုးဗစ်က အနိုင်ရရှိသွားပါတယ်။ ဒီတွေ့ဆုံပွဲ ဟာ စံချိန်တင်တွေ့ဆုံပွဲဖြစ်သလို သူတို့ ၂ ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံတဲ့ပွဲလည်း ဖြစ်ကောင်းဖြစ်မှာပါ။

ဂျိုကိုးဗစ်က နာဒဲလ်ကို ၆-၁၊ ၆-၄ နဲ့ အနိုင် ရရှိသွားပါတယ်။ သူကစားတာကိုထိခိုက်အောင် မလုပ်နိုင်ဘဲ လွန်ခဲ့တဲ့အနှစ် ၂၀ က ခြေထောက်တွေမရှိဘဲ နိုဗက်နဲ့ကစားဖို့က မဖြစ်နိုင်သလောက်ပါပဲ လို့ နဒဲက ပြောပါတယ်။ နဒဲက အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး ဂျိုကိုးဗစ်က အသက် ၃၇ နှစ်ပါ။

Grand Slam ခေါ် ဩစတြေးလျား အိုးပင်န်း၊ ပြင်သစ် အိုးပင်န်း၊ ဝင်ဘယ်ဒန်နဲ့ အမေရိကန် အိုးပင်န်း တင်းနစ်ပြိုင်ပွဲတွေ မှာ ဂျိုကိုးဗစ် က ၂၄ ဆု နဲ့ အမျိုးသားသမိုင်းမှာ အများဆုံးအဖြစ် ဦးဆောင်နေပြီး နဒဲလ် က ၂၂ ဆုနဲ့ ဒုတိယ နေရာလိုက်နေတာပါ။ ဒါပေမဲ့ ဒါဟာ သူတို့ ၂ ယောက် ရဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံပွဲ ဖြစ်နိုင်တယ်ဆိုတာကိုတော့ ငြင်းဆိုလိုက်ကြပါတယ်။ နဒဲလ်က သူ့အနာဂတ်နဲ့ပတ်သက်လို့ “မကစားနိုင်တော့ရင် ရပ်မှာပါ။ ခင်ဗျားတို့ကို အသိပေးပါမယ်” လို့ ဖြေသွားသလို ဂျိုကိုဗစ်ကတော့ “ဒါက အကြောင်းအချက် အတော်များများပေါ် မူတည်နေပါတယ်” လို့ ဆိုပါတယ်။

အဲသလို သမိုင်းတင်လောက်အောင် ဆုရထားပေမဲ့ အိုလံပစ် ရွှေကိုတော့ ဂျိုကိုးဗစ် မရဖူးသေးပါဘူး။

ပြင်သစ်အိုလံပစ် တင်းနစ်ပွဲ Djokovic က Nadel ကို အနိုင်ရ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG