သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US Open အမျိုးသားတင်းနစ် Djokovic ဗိုလ်စွဲ


US Open အမျိုးသားတင်းနစ်ဗိုလ်လုပွဲမှာ အနိုင်ရသွားတဲ့ ဆားဘီးယားနိုင်င့ Novak Djokovic, of Serbia, defeated Daniil Medvedev, of Russia, in the U.S. Open tennis championships, Sept. 10, 2023, in New York.
US Open အမျိုးသားတင်းနစ်ဗိုလ်လုပွဲမှာ အနိုင်ရသွားတဲ့ ဆားဘီးယားနိုင်င့ Novak Djokovic, of Serbia, defeated Daniil Medvedev, of Russia, in the U.S. Open tennis championships, Sept. 10, 2023, in New York.

ဒီကနေ့ကျင်းပတဲ့ US OPEN အမျိုးသားတင်းနစ်ဗိုလ်လုပွဲစဉ်မှာ ဆာဘီးယားနိုင်ငံသား ဂျိုကိုးဗစ် (Djokovic) နဲ့ ရုရှားနိုင်ငံသားဒန်နီးလ် မက်ဗီးဒက်ဗ် (Daniil Medvedev) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ ဂျိူကိုးဗစ်က မက်ဗီးဒက်ဗ် ကို (၆-၃၊ ၇-၆၊ ၆-၃) နဲ့ ပွဲကြီး ၃ ပွဲပြတ် အနိုင်ရရှိသွားပါတယ်။

၂၀၂၁ ခုနှစ်တုန်းကလည်း အခုလိုပဲ ယူအက်စ် အိုးပင်းန်းဖိုင်နယ်မှာ သူတို့နှစ်ယောက် တွေ့ဆုံခဲ့ကြပြီး မက်ဗီးဒက်ဗ်က အနိုင်ရရှိခဲ့တာပါ။ ၂၀၂၂ မှာတော့ ဂျိုးကိုးဗစ်ဟာ ကိုဗစ် ကာကွယ်ဆေးမထိုးထားတဲ့အတွက် ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။

ဒီပွဲဟာ ဂျိုကိုးဗစ်အတွက် သမိုင်းမှတ်တမ်းဝင်ဖို့ ကစားနေရတဲ့ပွဲလည်းဖြစ်ပါတယ်။ ဂျိုကိုးဗစ်ဟာ မာစတာ အဆင့် (MASTERS TITLES) ဆု ၃၉ ဆု၊ ဆုကြီး အဆင့် (BIG TITLES) ၆၉ ဆုနဲ့လည်း တင်းနစ်သမိုင်းမှာ စံချိန်ထူတားတဲ့သူပါ။ ဂရင်းဆလန်မ်လို့ခေါ်တဲ့ ဩစတြေးလျား၊ ပြင်သစ်၊ ဝင်ဘယ်ဒန်နဲ့ အမေရိကန် အိုးပင်းတင်းနစ်ပြိုင်ပွဲကြီးတွေမှာ ဂျိုကိုးဗစ်က ဆု ပေါင်း ၂၃ ကြိမ်ရရှိထားတာမို့ ဆု အများဆုံးရထားတဲ့ အမျိုးသားတင်းနစ်သမားဖြစ်ပါတယ်။

မက်ဗီးလ်ဒက်ဗ်ကတော့ ၂၀၂၁ ခုနှစ်မှာ အမေရိကန် အိုးပင်းဆုတဆုပဲ ရရှိထားတာပါ။ ဂျိုကိုးဗစ်ဟာ ဝင်ဘယ်ဒန်မှာ ဖလားမရခဲ့တာကလွဲပြီး ၂၀၂၃ ခုနှစ်မှာလည်း ဩစတြေးလျား၊ ပြင်သစ်အိုးပင်းန်းနဲ့ ခု ယူအက်စ် အိုးပင်န်းဆုတွေကို ရရှိလိုက်တာဖြစ်ပါတယ်။

ခု US OPEN ဆုကို ဂျိုကိုးဗစ်ရရှိသွားတဲ့အတွက် ဂရင်းဆလန်မ်ဆုကြီးပေါင်း ၂၄ ဆုနဲ့ အမျိုးသားတင်းနစ်ဆုမှာ အများဆုံးရသူဖြစ်ရုံသာမက အမျိုးသမီးဆု ၂၄ ဆုရရှိထားတဲ့ MARGARET COURT နဲ့လည်း ဆုအရေအတွက်တူညီသွားတာမို့ အမျိုးသား၊ အမျိုးသမီး ဆုရရှိသူတွေကို မခွဲခြားဘဲကြည့်ရင်လည်း ပူးတွဲ အများဆုံးဆုရရှိသူ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG