သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon အမျိုးသားတဦးချင်း တင်းနစ် Alcaraz နဲ့ Djokovic ဖိုင်နယ်တက်


လန်ဒန်မှာကျင်းပတဲ့ Wimbledon တင်းနစ် ဆီမီးဖိုင်နယ် ပြိုင်ပွဲအတွင်း Novak Djokovic ရဲ့ ကစားဟန်။ (Photo by ANDREJ ISAKOVIC / AFP)
လန်ဒန်မှာကျင်းပတဲ့ Wimbledon တင်းနစ် ဆီမီးဖိုင်နယ် ပြိုင်ပွဲအတွင်း Novak Djokovic ရဲ့ ကစားဟန်။ (Photo by ANDREJ ISAKOVIC / AFP)

သောကြာနေ့ပွဲစဉ်တွေမှာတုန်းကတော့ Carlos Alcaraz က ပြိုင်ဖက် Daniil Medvedev ကို ၅ ပွဲကစားခဲ့ရာမှာ ၃ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ Novak Djokovic ကတော့ သူ့ရဲ့ပြိုက်ဖက် အသက် ၂၂ နှစ်အရွယ် အီတလီ ကစားသမား Lorenzo Musetti ကို ၃ ပွဲအပြတ်နဲ့ နိုင်ခဲ့ပါတယ်။

ဗြိတိန်အခြေစိုက် Wimbledon ကမ္ဘာ့တင်းနစ်ပြိုင်ပွဲမှာ သောကြာနေ့က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် အကြိုဗိုလ်လုပွဲမှာတော့ Novak Djokovic နဲ့ Carlos Alcaraz တို့ အနိုင်ရရှိသွားပြီး နောက်ဆုံးဗိုလ်လုပွဲ တက်သွားပြီဖြစ်ပါတယ်။

သောကြာနေ့ပွဲစဉ်တွေမှာတုန်းကတော့ Carlos Alcaraz က ပြိုင်ဖက် Daniil Medvedev ကို ၅ ပွဲကစားခဲ့ရာမှာ ၃ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့ပါတယ်။ Novak Djokovic ကတော့ သူ့ရဲ့ပြိုက်ဖက် အသက် ၂၂ နှစ်အရွယ် အီတလီ ကစားသမား Lorenzo Musetti ကို ၃ ပွဲအပြတ်နဲ့ နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဇူလိုင်လ ၁၄ ရက်နေ့ တနင်္ဂနွေနေ့ကျရင် အသက် ၃၇ နှစ်အရွယ် ဆားဗီးယန်း ကစားသမား Novak Djokovic နဲ့ လက်ရှိချန်ပီယံ အသက် ၂၁ နှစ်အရွယ် စပိန် တင်းနစ်ကစားသမား Carlos Alcaraz တို့ နောက်ဆုံးဗိုလ် လုပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Djokovic ဟာ Wimbledon ချန်ပီယံဆုကို ၇ ကြိမ် ဆွတ်ခူးထားသူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ်ထဲက ခွဲစိပ်ကုသမှု ခံယူခဲ့ရပါတယ်။ ၂၀၂၃ နောက်ဆုံးဗိုလ်လုပွဲမှာ Carlos Alcaraz က Djokovic ကို အနိုင်ရထားပါတယ်။ သူတို့နှစ်ဦးဟာ လာမယ့် တနင်္ဂနွေနေ့ မကြေပွဲ ပြန်တွေ့ကြမှာဖြစ်ပြီး အနိုင်ရရှိသူဟာ ဒေါ်လာ ၃ သန်း နီးပါးရှိတဲ့ ဆုကြေးငွေကို ရရှိမှာဖြစ်ပါတယ်။

Wimbledon အမျိုးသမီးပွဲစဉ်တွေမှာတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အီတလီ တင်းနစ်မယ် Jasmine Paolini က Donna Vekic ကို အနိုင်ရရှိပြီး၊ ဗိုလ်လုပွဲ တက်သွားပါတယ်။ အမျိုးသမီးဗိုလ်လုပွဲကိုတော့ စနေနေ့ ကျင်းပမှာဖြစ်ပြီး Jasmine Paolini နဲ့ Barbora Krejcikova တို့နှစ်ဦး ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Wimbledon တင်းနစ်ပြိုင်ပွဲဟာ ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး တင်းနစ်ပြိုင်ပွဲဖြစ်ပြီး ၁၈၇၇ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၁၄၇ နှစ် ရှိပြီဖြစ်ပါတယ်။

Wimbledon အမျိုးသားတဦးချင်း တင်းနစ် Alcaraz နဲ့ Djokovic ဖိုင်နယ်တက်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG