သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း






{{Zawgyi/Unicode}}






တိုက်ရိုက် လင့်ခ်

..............................

ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားပွဲ Rafael Nadal ဗိုလ်စွဲ

{{Unicode}}

တနင်္ဂနွေနေ့ က ၂၂ ကြိမ်မြောက် ပြင်သစ် Open Grand Slam တင်းနစ်ပြိုင်ပွဲ အမျိုးသား တဦးချင်း ဗိုလ်လု့ပွဲမှာ Rafael Nadal က Casper Ruud ကို သုံးပွဲပြတ်နဲ့ အနိုင်ရပြီး Champion ဖြစ်သွားပါတယ်။

ဒါနဲ့ဆိုရင် Rafael Nadal အတွက် Roland Garros တင်းနစ်ကွင်းမှာ ကျင်းပတဲ့ ပြင်သစ် Grand Slam တင်းနစ်ပြိုင်ပွဲမှာ ၁၄ ကြိမ်မြောက် Championship အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

သူရဲ့ ၃၆ နှစ်မြောက်မွေးနေ့ အပြီး ၂ရက်အကြာမှာ အခုလို အနိုင်ရတဲ့အတွက် ပြင်သစ် Open တင်းနစ်ပြိုင်ပွဲမှာ အသက်အကြီးဆုံး Champion ဖြစ်သွားပါတယ်။

စပိန်နိုင်ငံသားဖြစ်တဲ့ သူအနေနဲ့ အသက် ၁၉ နှစ်အရွယ်၂ဝဝ၅ ခုနှစ်က ပြင်သစ် Grand Slim Open မှာ ပထမဦးဆုံး Champion ရရှိခဲ့ပါတယ်။

ပြင်သစ် Grand Slim Open တင်းနစ်ပြိုင်ပွဲမှာ အမျိုးသား ရော ၊ အမျိုးသမီးရော တဦးချင်းပြိုင်ပွဲတွေမှာ ဘယ်သူမှ သူလို Champion ဆု အများဆုံး ရရှိတဲ့သူ မရှိသေးပါဘူး။

XS
SM
MD
LG