သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



စပိန် တင်းနစ်ကစားသမား Carlos Alcaraz



{{Zawgyi/Unicode}}





တိုက်ရိုက် လင့်ခ်

..........................................

French Open တင်းနစ်ပြိုင်ပွဲ ကိုဗစ်ကန့်သတ်ချက် မရှိပဲ ပြန်စ

{{Zawgyi/Unicode}}

ပြင်သစ်အိုးပင်း Grand Slam တင်းနစ်ပြိုင်ပွဲတွေကို ကိုဗစ်စည်းကမ်းချက်တွေ ကန့်သတ်မထားတော့ပဲ တနင်္ဂနွေနေ့က ပဲရစ်မြို့ Roland Garros ကွင်းမှာ ပြန်လည် စတင်ကစားခဲ့ကြပါတယ်။

ကိုဗစ်ကပ်ရောဂါ စဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့(၂) နှစ်ကျော် အချိန်ကစလို့ ရက်ရွှေ့ဆိုင်းလာခဲ့ရတဲ့ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွေကို မေလ(၁၆)ကနေ ဇွန်လ(၆)ရက်နေ့ထိ ပုံမှန်အတိုင်း ပြန်လည် ကျင်းပနေပြီး ထောင်ချီတဲ့ ပရိသတ်တွေ နှာခေါင်းစည်းတပ်စရာ မလိုပဲ လွတ်လွတ်လပ်လပ် လာရောက် ကြည့်ရှု့ အားပေးနေကြပါတယ်။

တနင်္ဂနွေနေ့ အမျိုးသမီး တဦးချင်းပွဲမှာ တူနီးရှားက Ons Jabeur က ပိုလန်နိုင်ငံသူ Magda Linette ကို ရှုံးနိမ့်ခဲ့ပြီး ၊ အမျိုးသား တဦးချင်းပွဲမှာ စပိန်က ဆယ်ကျော်သက် Carlos Alcaraz က အာဂျင်တီးနား ကစားသမား Ignacio Londero ကို အနိုင်ရသွားပါတယ်။

ကိုဗစ်ဆေး မထိုးတာကြောင့်ဆိုပြီး Australian Open ပြိုင်ပွဲကို ဝင်ပြိုင်ခွင့် ငြင်းပယ်ခံခဲ့ရတဲ့ ကမ္ဘာ့ထိပ်တန်း ချန်ပီယံ Novak Djokovic ကတော့ ဂျပန် တင်းနစ်ကစားသမား Yoshi-hito Nishioka နဲ့ တနင်္လာနေ့ ယှဉ်ပြိုင်ကြဖို့ ရှိပါတယ်။

XS
SM
MD
LG