သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား နဲ႔ ဘဲလား႐ုစ္ တင္းနစ္ သမားေတြ ဝင္ဘယ္ဒန္ ၿပိဳင္ပဲြ ပါဝင္ခြင္႔မရ


FILE - Russia's Daniil Medvedev in action during his third round match against Croatia's Marin Cilic, Wimbledon, July 3, 2021.

ယူကရိန္းအေပၚ အေၾကာင္းမဲ့ က်ဳးေက်ာ္ တိုက္ခိုက္ခဲ့တယ္ဆိုၿပီး ဇြန္လေႏွာင္းပိုင္းမွာ က်င္းပမယ့္ ၀င္ဘယ္ဒန္ တင္းနစ္ၿပိဳင္ပဲြမွာ ႐ုရွားနဲ႔ ဘဲလာ႐ုစ္ အားကစားသမားေတြ ပါ၀င္ခြင့္ တားျမစ္လိုက္ေၾကာင္း အားကစားပဲြ တာ၀န္ရွိသူေတြ ဗုဒၶဟူးေန႔မွာ ေၾကညာလိုက္ပါတယ္။


႐ုရွား နဲ႔ ဘဲလား႐ုစ္ တင္းနစ္ သမားေတြ ဝင္ဘယ္ဒန္ ၿပိဳင္ပဲြ ပါဝင္ခြင္႔မရ

{{Zawgyi/Unicode}}
ယူကရိန္းအေပၚ အေၾကာင္းမဲ့ က်ဳးေက်ာ္ တိုက္ခိုက္ခဲ့တယ္ဆိုၿပီး ဇြန္လေႏွာင္းပိုင္းမွာ က်င္းပမယ့္ ၀င္ဘယ္ဒန္ တင္းနစ္ၿပိဳင္ပဲြမွာ ႐ုရွားနဲ႔ ဘဲလာ႐ုစ္ အားကစားသမားေတြ ပါ၀င္ခြင့္ တားျမစ္လိုက္ေၾကာင္း အားကစားပဲြ တာ၀န္ရွိသူေတြ ဗုဒၶဟူးေန႔မွာ ေၾကညာလိုက္ပါတယ္။

တားျမစ္ခ်က္ေၾကာင့္ လန္ဒန္ၿမိဳ႕ေတာ္မွာ က်င္းပမယ့္ ကမာၻ႔ထိပ္တန္း အားကစားပဲြစဥ္ေတြမွာ ႐ုရွားအားကစားသမားေတြ ျဖစ္ၾကတဲ့ လက္ရွိ ကမာၻ႔အဆင့္ ၂ တင္းနစ္ခ်န္ပီယံ Daniil Medvedev အဆင့္ ၈ ခ်န္ပီယံ Andrey Rublev နဲ႔ အဆင့္ ၁၅ ေနရာမွာရွိတဲ့ အမ်ဳိးသမီး ခ်န္ပီယံ Anastasia Pavlyuchenkova တို႔ အပါအ၀င္ နာမည္ႀကီး ကစားသမားတခ်ဳိ႕ ပါ၀င္ခြင့္ရေတာ့မွာ မဟုတ္ပါဘူး။

ၿပီးခဲ့တဲ့ႏွစ္က ၀င္ဘယ္ဒန္ ၿပိဳင္ပဲြမွာ ဆီမီးဖိုင္နယ္ အဆင့္ေရာက္ခဲ့တဲ့ ကမာၻ႔အဆင့္ ၄ ဘဲလာ႐ုစ္ အမ်ဳိးသမီး တင္းနစ္ခ်န္ပီယံ Aryna Sabalenka တခ်ိန္က ထိပ္တန္း ေနရာမွာရွိခဲ့ၿပီး အခုအခါ ကမာၻ႔အဆင့္ ၁၈ ေနရာမွာေရာက္ေနတဲ့ Victoria Azarenka တို႔လည္း ၿပိဳင္ပဲြ၀င္ခြင့္ ရေတာ့မွာ မဟုတ္ပါဘူး။

ကမာၻမွာ ႐ုရွားရဲ႕ ၾသဇာအရွိန္အဝါကို ကန္႔သတ္ဖို႔ အစိုးရေတြ၊ လုပ္ငန္းေတြ၊ အားကစားနဲ႔ ဖန္တီးမႈက႑ေတြက အတတ္ႏိုင္ဆုံး ႀကိဳးပမ္းေနခ်ိန္မွာ တဖက္တလမ္းက ပါ၀င္ဖို႔ တာ၀န္ရွိတာေၾကာင့္ အခုလို ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္းလည္း ၿပိဳင္ပဲြေတြအတြက္ တာ၀န္ရွိတဲ့ All England Club က ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။

မၾကံဳဖူးေလာက္ေအာင္ အေၾကာင္းမဲ့ စစ္ေရးအရ ရန္လိုတဲ့ လုပ္ရပ္ေတြ က်ဳးလြန္ေနတဲ့ ႐ုရွားအစိုးရ အေနနဲ႔ ႐ုရွားနဲ႔ ဘဲလာ႐ုစ္ အားကစားသမားေတြကတဆင့္ အက်ဳိးအျမတ္ခံစားရမယ့္ အေျခအေနမ်ဳိးကို လက္မခံႏိုင္ေၾကာင္းလည္း ေျပာပါတယ္။

တင္းနစ္ၿပိဳင္ပဲြေတြ စတင္မယ့္ ဇြန္လမတိုင္ခင္မွာ အေျခအေနေတြ ေျပာင္းလဲခဲ့မယ္ ဆိုရင္ေတာ့ တားျမစ္ခ်က္နဲ႔ ပတ္သက္လို႔ ျပန္လည္ စဥ္းစားသြားမယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။

ဒုတိယကမာၻစစ္ကာလမွာ ဂ်ာမနီနဲ႔ ဂ်ပန္ အားကစားသမားေတြကို တားျမစ္ခဲ့ဖူးၿပီးေနာက္ပိုင္း၊ အခုတႀကိမ္ဟာ ပထမဆုံး ၀င္ဘယ္ဒန္မွာ တားျမစ္လိုက္တာလည္း ျဖစ္ပါတယ္။

....................................................................

တိုက္႐ိုက္ လင့္ခ္

ရုရှား နဲ့ ဘဲလားရုစ် တင်းနစ် သမားတွေ ဝင်ဘယ်ဒန် ပြိုင်ပွဲ ပါဝင်ခွင့်မရ

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် အကြောင်းမဲ့ ကျုးကျော် တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဇွန်လနှောင်းပိုင်းမှာ ကျင်းပမယ့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘဲလာရုစ် အားကစားသမားတွေ ပါဝင်ခွင့် တားမြစ်လိုက်ကြောင်း အားကစားပွဲ တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

တားမြစ်ချက်ကြောင့် လန်ဒန်မြို့တော်မှာ ကျင်းပမယ့် ကမ္ဘာ့ထိပ်တန်း အားကစားပွဲစဉ်တွေမှာ ရုရှားအားကစားသမားတွေ ဖြစ်ကြတဲ့ လက်ရှိ ကမ္ဘာ့အဆင့် ၂ တင်းနစ်ချန်ပီယံ Daniil Medvedev အဆင့် ၈ ချန်ပီယံ Andrey Rublev နဲ့ အဆင့် ၁၅ နေရာမှာရှိတဲ့ အမျိုးသမီး ချန်ပီယံ Anastasia Pavlyuchenkova တို့ အပါအဝင် နာမည်ကြီး ကစားသမားတချို့ ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်ဒန် ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ရောက်ခဲ့တဲ့ ကမ္ဘာ့အဆင့် ၄ ဘဲလာရုစ် အမျိုးသမီး တင်းနစ်ချန်ပီယံ Aryna Sabalenka တချိန်က ထိပ်တန်း နေရာမှာရှိခဲ့ပြီး အခုအခါ ကမ္ဘာ့အဆင့် ၁၈ နေရာမှာရောက်နေတဲ့ Victoria Azarenka တို့လည်း ပြိုင်ပွဲဝင်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

ကမ္ဘာမှာ ရုရှားရဲ့ သြဇာအရှိန်အဝါကို ကန့်သတ်ဖို့ အစိုးရတွေ၊ လုပ်ငန်းတွေ၊ အားကစားနဲ့ ဖန်တီးမှုကဏ္ဍတွေက အတတ်နိုင်ဆုံး ကြိုးပမ်းနေချိန်မှာ တဖက်တလမ်းက ပါဝင်ဖို့ တာဝန်ရှိတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း ပြိုင်ပွဲတွေအတွက် တာဝန်ရှိတဲ့ All England Club က ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

မကြုံဖူးလောက်အောင် အကြောင်းမဲ့ စစ်ရေးအရ ရန်လိုတဲ့ လုပ်ရပ်တွေ ကျုးလွန်နေတဲ့ ရုရှားအစိုးရ အနေနဲ့ ရုရှားနဲ့ ဘဲလာရုစ် အားကစားသမားတွေကတဆင့် အကျိုးအမြတ်ခံစားရမယ့် အခြေအနေမျိုးကို လက်မခံနိုင်ကြောင်းလည်း ပြောပါတယ်။

တင်းနစ်ပြိုင်ပွဲတွေ စတင်မယ့် ဇွန်လမတိုင်ခင်မှာ အခြေအနေတွေ ပြောင်းလဲခဲ့မယ် ဆိုရင်တော့ တားမြစ်ချက်နဲ့ ပတ်သက်လို့ ပြန်လည် စဉ်းစားသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ဒုတိယကမ္ဘာစစ်ကာလမှာ ဂျာမနီနဲ့ ဂျပန် အားကစားသမားတွေကို တားမြစ်ခဲ့ဖူးပြီးနောက်ပိုင်း၊ အခုတကြိမ်ဟာ ပထမဆုံး ဝင်ဘယ်ဒန်မှာ တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG