သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wimbledon အမျိုးသမီးတဦးချင်းပွဲ Vondrousova ဗိုလ်စွဲ


Marketa Vondrousova, moun repiblik Czech, nan match li kont Ayisyen Japonez Naomi Osaka ki tap jwe pou Japon, 27 Jiye, 2021.
Marketa Vondrousova, moun repiblik Czech, nan match li kont Ayisyen Japonez Naomi Osaka ki tap jwe pou Japon, 27 Jiye, 2021.


ဗြိတိန်နိုင်ငံမှာ ကျင်းပနေတဲ့ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတဦးချင်း ပြိုင်ပွဲမှာတော့ ချက်နိုင်ငံက Vondrousova က အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

အမျိုးသမီးတဦးချင်း ဖိုင်နယ်ကို စနေနေ့ ကစားခဲ့ကြတာမှာ ချက်နိုင်ငံက Marketa Vondrousova က တူနီးရှားနိုင်ငံက Ons Jabeur ကို ၆-၄၊ ၆-၄ နဲ့ ၂ ပွဲ ပြတ်အနိုင်ရပြီး ချန်ပီယံဖြစ်သွားတာပါ။

ဒါဟာ သူအတွက်တော့ ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ဗိုလ်စွဲတာဖြစ်သလို၊ ဂရန်းစလမ်းချန်ပီယံဆုကိုလည်း ပထမဆုံး ရရှိတာဖြစ်ပါတယ်။

Ons Jabeur အတွက်တော့ ဒီပွဲ ရှုံးလိုက်တာကြောင့် ဒါဟာ သူ့အတွက်တော့ ဝင်ဘယ်လ်ဒန်ကို ၂ နှစ် ဆက်တိုက် ရှုံးပြီး ဒုတိယဆုနဲ့ ကျေနပ်လိုက်ရတာ ဖြစ်ပါတယ်။

အမျိုးသားတဦးချင်း ဖိုင်နယ်ကိုတော့ ဇူလိုင်(၁၆) တနင်္ဂနွေနေ့မှာ ကစားကြမှာဖြစ်ပြီး ၊ စပိန်နိုင်ငံက ကမ္ဘာ့အဆင့် (၁) Carlos Alcaraz နဲ့ ဆာဘီးယားနိုင်ငံက ကမ္ဘာ့အဆင့်(၂) နိုဘက်ဂျိုကိုဗစ်ချ်တို့ ဗိုလ်လုကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG