သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Roger Federer တင္းနစ္ေလာက က အနားယူေတာ့မည္


ကမာၻက်ာ္ တင္းနစ္ ကစားသမား Roger Federer (ဆြစ္ဇာလန္ႏိုင္ငံသား) File Photo

[[ ZAWGYI / UNICODE ]]

Roger Federer တင္းနစ္ေလာက က အနားယူေတာ့မည္

ကမာၻက်ာ္ တင္းနစ္ ကစားသမား Roger Federer ဟာ ေနာက္ရက္သတၱပတ္အတြင္း လန္ဒန္ Laver ဖလား ကစားပြဲၿပီးရင္ တင္းနစ္ ေလာက ကေန အနားယူေတာ့မယ္လို႔ ေသာၾကာေန႔တုန္းက ေၾကျငာလိုက္ပါတယ္။

အသက္ ၄၁ ႏွစ္ရွိၿပီျဖစ္တဲ ဆြစ္ဇာလန္ႏိုင္ငံသား Roger Federer ဟာ ကမာၻေပၚက ထိပ္တန္း ခ်န္ပီယံဆုႀကီး ၄ ခုျဖစ္တဲ့ အေမရိကန္၊ ၿဗိတိန္ Wimbledon ၊ ၾသစေၾတးလ်ားနဲ႔ ျပင္သစ္ ခ်န္ပီယံဖလား ဆုႀကီး ၄ ခု စလုံးကို တၿပိဳင္နက္ထဲ ရတဲ့ Grand Slam ဆုကို အႀကိမ္ (၂၀) ရရွိခဲ့သူ ျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ ၿဗိတိန္ Wimbledon ပြဲ ၿပီးကတည္းက ေနာက္ထပ္ပြဲေတြ မကစားေတာ့ပဲ ရပ္နားေနခဲ့တာပါ။ သူ အနားယူေတာ့မယ့္ အေၾကာင္းနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေရးသားထားတာကေတာ့ - ၿပီးခဲ့တဲ့ ၃ ႏွစ္အတြင္း သူ႔အေနနဲ႔ ဒဏ္ရာ ရတာေတြ၊ ခြဲစိပ္ ကုသရတာေတြ ရွိခဲ့တာကို အားလုံးသိၿပီးျဖစ္မွာပါလို႔ ေဖၚျပထားပါတယ္။

သူ႔အေနနဲ႔ အျပည့္အဝ ျပန္လည္ ကစားႏိုင္ဖို႔ အျပင္းအထန္ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ခႏၶာကိုယ္ စြမ္းေဆာင္ႏိုင္တဲ့ အေနအထားကို သူသိေၾကာင္းနဲ႔ သူဟာ အသက္ ၄၁ ႏွစ္ရွိေနပါၿပီလို႔ ေရးသားေဖၚျပထားပါတယ္။

Roger Federer ဟာ တင္းနစ္သက္တမ္း ၂၄ ႏွစ္ ကာလအတြင္း ကစားပြဲေပါင္း ၁၅၀၀ ေက်ာ္ ကစားခဲ့ပါတယ္။

Roger Federer တင္းနစ္ေလာက က အနားယူေတာ့မည္
please wait

No media source currently available

0:00 0:00:57 0:00
တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

Roger Federer တင်းနစ်လောက က အနားယူတော့မည်

ကမ္ဘာကျာ် တင်းနစ် ကစားသမား Roger Federer ဟာ နောက်ရက်သတ္တပတ်အတွင်း လန်ဒန် Laver ဖလား ကစားပွဲပြီးရင် တင်းနစ် လောက ကနေ အနားယူတော့မယ်လို့ သောကြာနေ့တုန်းက ကြေငြာလိုက်ပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ ဆွစ်ဇာလန်နိုင်ငံသား Roger Federer ဟာ ကမ္ဘာပေါ်က ထိပ်တန်း ချန်ပီယံဆုကြီး ၄ ခုဖြစ်တဲ့ အမေရိကန်၊ ဗြိတိန် Wimbledon ၊ သြစတြေးလျားနဲ့ ပြင်သစ် ချန်ပီယံဖလား ဆုကြီး ၄ ခု စလုံးကို တပြိုင်နက်ထဲ ရတဲ့ Grand Slam ဆုကို အကြိမ် (၂၀) ရရှိခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဗြိတိန် Wimbledon ပွဲ ပြီးကတည်းက နောက်ထပ်ပွဲတွေ မကစားတော့ပဲ ရပ်နားနေခဲ့တာပါ။ သူ အနားယူတော့မယ့် အကြောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားတာကတော့ - ပြီးခဲ့တဲ့ ၃ နှစ်အတွင်း သူ့အနေနဲ့ ဒဏ်ရာ ရတာတွေ၊ ခွဲစိပ် ကုသရတာတွေ ရှိခဲ့တာကို အားလုံးသိပြီးဖြစ်မှာပါလို့ ဖေါ်ပြထားပါတယ်။

သူ့အနေနဲ့ အပြည့်အဝ ပြန်လည် ကစားနိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ခန္ဓာကိုယ် စွမ်းဆောင်နိုင်တဲ့ အနေအထားကို သူသိကြောင်းနဲ့ သူဟာ အသက် ၄၁ နှစ်ရှိနေပါပြီလို့ ရေးသားဖေါ်ပြထားပါတယ်။

Roger Federer ဟာ တင်းနစ်သက်တမ်း ၂၄ နှစ် ကာလအတွင်း ကစားပွဲပေါင်း ၁၅၀၀ ကျော် ကစားခဲ့ပါတယ်။

XS
SM
MD
LG