သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံမှာပြုလုပ်မယ့် အမျိုးသမီးတင်းနစ် ပြိုင်ပွဲအားလုံးကို ဆိုင်းငံ့


资料照:资料照:中国网球名将彭帅(左),中国前副总理张高丽
资料照:资料照:中国网球名将彭帅(左),中国前副总理张高丽

တရုတ်နိုင်ငံမှာပြုလုပ်မယ့် အမျိုးသမီးတင်းနစ် ပြိုင်ပွဲအားလုံးကို ဆိုင်းငံ့

{{Zawgyi/Unicode}}

တရုတ်ကွန်မြူနစ်ပါတီ အဆင့်မြင့် အရာရှိတဦးရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတယ်လို့ စွပ်စွဲထားတဲ့ တရုတ်တင်းနစ် အားကစားမယ် Peng Shuai ကိစ္စနဲ့ ဆက်နွယ်ပြီး၊ ဟောင်ကောင် အပါအဝင် တရုတ်နိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲတွေကို ချက်ခြင်း ဆိုင်းငံ့လိုက်ကြောင်း ကမ္ဘာ့အမျိုးသမီး တင်းနစ်အသင်း (WTA) က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

တရုတ်တင်းနစ် အားကစားမယ်ကို လွတ်လွတ်လပ်လပ် ဆက်သွယ် ပြောဆိုခွင့်မပေးဘဲ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှု စွပ်စွဲချက်နဲ့ ပတ်သက်လို့လည်း ပြင်ဆင်ပြောဆိုအောင် ဖိအားပေးတဲ့ လက္ခဏာတွေ တွေ့နေရတဲ့ အခြေအနေမျိုးမှာ အားကစားသမားတွေ တရုတ်နိုင်ငံမှာ ပြိုင်ပွဲဝင်ဖို့ မသင့်တော်ဘူးလို့ ယူဆကြောင်းလည်း WTA အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ အမှုဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ Steve Simon က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။

လက်ရှိ အခြေအနေတွေအရ တရုတ်နိုင်ငံမှာ ရှေ့နှစ် ၂၀၂၂ ခုနှစ်ထဲ အားကစားပွဲတွေ ကျင်းပတဲ့အခါ အားကစားသမားတွေ၊ ဝန်ထမ်းတွေ အန္တရာယ်ဖြစ်မှာ အထူးစိုးရိမ်ကြောင်းလည်း ပြောဆိုထားပါတယ်။

တရုတ်တင်းနစ် အားကစားမယ်ဟာ ဒုဝန်ကြီးချုပ်ဟောင်း Zhang Gaoli ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံရကြောင်း တရုတ်လူမှုကွန်ရက်မှာ စွပ်စွဲပြောဆိုခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့ ကတည်းက လူမြင်ကွင်းက ပျောက်ကွယ်နေတာပါ။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့လကုန်ပိုင်း တင်းနစ်ပွဲတပွဲမှာ ပေါ်လာတာ တွေ့ရပြီး၊ နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach နဲ့ ဗွီဒီယို အင်တာဗျုး မေးမြန်းရာမှာတော့ ဘေးအန္တရာယ်ကင်းကင်း ရှိနေကြောင်း ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း အိုလံပစ်အားကစားမယ်အဖြစ် ၃ ကြိမ်ြပိုင်ပွဲဝင်ခဲ့ဖူးပြီး Wimbledon ချန်ပီယံဟောင်းဖြစ်တဲ့ တရုတ်တင်းနစ် အားကစားမယ်အတွက် စိုးရိမ်ဆဲဖြစ်ကြောင်း WTA အဖွဲ့က ပြောဆိုထားပါတယ်။

...................................

တိုက်ရိုက် လင့်ခ်



{{Unicode}}







XS
SM
MD
LG