သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေပ်ာက္ေနတဲ့ တ႐ုတ္တင္းနစ္မယ္ လူျမင္ကြင္းကို ျပန္ထြက္လာၿပီ


ကေလးငယ္ေတြအတြက္ အမွတ္တရ တင္းနစ္ေဘာလံုးႀကီးေပၚမွာ လက္မွတ္ေရးထိုးေပးေနတဲ့ Peng Shuai. (ႏုိဝင္ဘာ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

ေပ်ာက္ဆံုးေနတဲ့ နာမည္ေက်ာ္ တ႐ုတ္တင္းနစ္ အားကစားမယ္ Peng Shuai ကို ေဘဂ်င္းက လူငယ္ၿပိဳင္ပြဲတခုမွာ တနဂၤေႏြေန႔က ျပန္ေတြ႔လာရသလို သူမဟာ အႏၲရာယ္ကင္းကင္းနဲ႔ က်န္းက်န္းမာမာ ရွိေနတယ္လို႔လည္း အိုလံပစ္အဖြဲ႔ တာဝန္ခံတဦးက ေျပာပါတယ္။

သူ႔ကို တ႐ုတ္ ဒုဝန္ႀကီးခ်ဳပ္ေဟာင္း Zhang Gaoli က လြန္ခဲ့တဲ့ ၃ ႏွစ္က အတင္းအဓမၼနည္းသံုးၿပီး လိင္ဆက္ဆံခဲ့တယ္လို႔ ႏိုဝင္ဘာလ ၂ ရက္ေန႔မွာ Peng က ဆိုရွယ္မီဒီယာမွာ ေရးခဲ့တဲ့ေနာက္ပိုင္း လူျမင္ကြင္းကေန ေပ်ာက္သြားတာေၾကာင့္ ႏိုင္ငံတကာက စိုးရိမ္ၿပီး တ႐ုတ္အာဏာပိုင္ေတြကို သူ႔လံုၿခံဳေရးအတြက္ ေတာင္းဆိုခဲ့ၾကတာပါ။

အိုလံပစ္မွာ ၃ ႀကိမ္ ယွဥ္ၿပိဳင္ခဲ့သူ Wimbledon တင္းနစ္ခ်န္ပီယံ Peng ကို တနဂၤေႏြေန႔မွာေတာ့ တင္းနစ္ကြင္းေဘးမွာ ရပ္ၿပီး ကေလးငယ္ေတြအတြက္ အမွတ္တရ တင္းနစ္ေဘာလံုးႀကီးေပၚမွာ လက္မွတ္ေရးထိုးေနတာ၊ လက္ေဝွ႔ယမ္းျပေနတာကို ေတြ႔ခဲ့ၾကရပါတယ္။

ေနာက္ပိုင္းမွာ သူမဟာ IOC ႏုိင္ငံတကာ အိုလံပစ္ေကာ္မတီ ဥကၠ႒ Thomas Bach နဲ႔ မိနစ္ ၃၀ ၾကာ တယ္လီဖုန္း ဆက္သြယ္ေျပာၾကားခဲ့ၿပီး သူမအတြက္ စိုးရိမ္ပူပန္ေပးသူေတြကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့တယ္လို႔ IOC ဥကၠ႒က ေျပာပါတယ္။

သူမဟာ ေဘဂ်င္းက ေနအိမ္မွာပဲ က်န္းမာ လံုၿခံဳစြာ ရွိေနေၾကာင္းနဲ႔ အခုအခ်ိန္မ်ိဳးမွာ သူမရဲ႕ ကိုယ္ေရးကိုယ္တာကို ေလးစားၾကေစခ်င္တယ္လို႔ ေျပာခဲ့ေၾကာင္း IOC က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

အခုအခ်ိန္မွာ မိတ္ေဆြသူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြနဲ႔သာ ေနခ်င္ေၾကာင္း ေျပာသလို ဘာပဲျဖစ္ေနေန သူဟာ တင္းနစ္အားကစားကို သိပ္ျမတ္ႏိုးတဲ့အတြက္ သူ ဒါကို ဆက္ကစားမွာျဖစ္ေၾကာင္းလည္း IOC က ေျပာပါတယ္။

Peng ကို လူငယ္ၿပိဳင္ပြဲမွာ ျပန္ေတြ႔တာနဲ႔ ပတ္သက္ၿပီး China Open က Weibo လူမႈကြန္ရက္မွာ တင္ထားေပမယ့္ သူမေပ်ာက္ဆံုးေနတာနဲ႔ သူမ အက်ဴးလြန္ခံရတယ္လို႔ စြပ္စြဲတာေတြနဲ႔ ပတ္သက္လို႔ေတာ့ ဘာမွ ေဖာ္ျပမထားပါဘူး။

ေဖေဖာ္ဝါရီလ ၄ ရက္ေန႔မွာ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ကို ေဘဂ်င္းမွာ က်င္းပဖို႔ လုပ္ေနခ်ိန္မွာ အခုလို တ႐ုတ္ထိပ္တန္းအရာရွိေဟာင္းအေပၚ စြပ္စြဲမႈေတြနဲ႔ Peng ေပ်ာက္ဆံုးမႈ ျဖစ္ပြားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ပျောက်နေတဲ့ တရုတ်တင်းနစ်မယ် လူမြင်ကွင်းကို ပြန်ထွက်လာပြီ

ပျောက်ဆုံးနေတဲ့ နာမည်ကျော် တရုတ်တင်းနစ် အားကစားမယ် Peng Shuai ကို ဘေဂျင်းက လူငယ်ပြိုင်ပွဲတခုမှာ တနင်္ဂနွေနေ့က ပြန်တွေ့လာရသလို သူမဟာ အန္တရာယ်ကင်းကင်းနဲ့ ကျန်းကျန်းမာမာ ရှိနေတယ်လို့လည်း အိုလံပစ်အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

သူ့ကို တရုတ် ဒုဝန်ကြီးချုပ်ဟောင်း Zhang Gaoli က လွန်ခဲ့တဲ့ ၃ နှစ်က အတင်းအဓမ္မနည်းသုံးပြီး လိင်ဆက်ဆံခဲ့တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ Peng က ဆိုရှယ်မီဒီယာမှာ ရေးခဲ့တဲ့နောက်ပိုင်း လူမြင်ကွင်းကနေ ပျောက်သွားတာကြောင့် နိုင်ငံတကာက စိုးရိမ်ပြီး တရုတ်အာဏာပိုင်တွေကို သူ့လုံခြုံရေးအတွက် တောင်းဆိုခဲ့ကြတာပါ။

အိုလံပစ်မှာ ၃ ကြိမ် ယှဉ်ပြိုင်ခဲ့သူ Wimbledon တင်းနစ်ချန်ပီယံ Peng ကို တနင်္ဂနွေနေ့မှာတော့ တင်းနစ်ကွင်းဘေးမှာ ရပ်ပြီး ကလေးငယ်တွေအတွက် အမှတ်တရ တင်းနစ်ဘောလုံးကြီးပေါ်မှာ လက်မှတ်ရေးထိုးနေတာ၊ လက်ဝှေ့ယမ်းပြနေတာကို တွေ့ခဲ့ကြရပါတယ်။

နောက်ပိုင်းမှာ သူမဟာ IOC နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Thomas Bach နဲ့ မိနစ် ၃၀ ကြာ တယ်လီဖုန်း ဆက်သွယ်ပြောကြားခဲ့ပြီး သူမအတွက် စိုးရိမ်ပူပန်ပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ IOC ဥက္ကဋ္ဌက ပြောပါတယ်။

သူမဟာ ဘေဂျင်းက နေအိမ်မှာပဲ ကျန်းမာ လုံခြုံစွာ ရှိနေကြောင်းနဲ့ အခုအချိန်မျိုးမှာ သူမရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားကြစေချင်တယ်လို့ ပြောခဲ့ကြောင်း IOC က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အခုအချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့သာ နေချင်ကြောင်း ပြောသလို ဘာပဲဖြစ်နေနေ သူဟာ တင်းနစ်အားကစားကို သိပ်မြတ်နိုးတဲ့အတွက် သူ ဒါကို ဆက်ကစားမှာဖြစ်ကြောင်းလည်း IOC က ပြောပါတယ်။

Peng ကို လူငယ်ပြိုင်ပွဲမှာ ပြန်တွေ့တာနဲ့ ပတ်သက်ပြီး China Open က Weibo လူမှုကွန်ရက်မှာ တင်ထားပေမယ့် သူမပျောက်ဆုံးနေတာနဲ့ သူမ အကျူးလွန်ခံရတယ်လို့ စွပ်စွဲတာတွေနဲ့ ပတ်သက်လို့တော့ ဘာမှ ဖော်ပြမထားပါဘူး။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဘေဂျင်းမှာ ကျင်းပဖို့ လုပ်နေချိန်မှာ အခုလို တရုတ်ထိပ်တန်းအရာရှိဟောင်းအပေါ် စွပ်စွဲမှုတွေနဲ့ Peng ပျောက်ဆုံးမှု ဖြစ်ပွားခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG