သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်နေတဲ့ တရုတ်တင်းနစ်မယ်ဓာတ်ပုံ အွန်လိုင်းမှာပျံ့


ပျောက်ဆုံးနေတဲ့ တရုတ်တင်းနစ်အားကစားမယ် Peng Shuai. (ဇန်နဝါရီ ၂၁၊ ၂၀၂၀)
ပျောက်ဆုံးနေတဲ့ တရုတ်တင်းနစ်အားကစားမယ် Peng Shuai. (ဇန်နဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ပျောက်ဆုံးနေတဲ့ နာမည်ကျော် တရုတ်တင်းနစ်အားကစားမယ် Peng Shuai ရဲ့ ပုံတွေကို တရုတ်အစိုးရ ရုပ်သံဌာန ဝန်ထမ်းတဦးက တွစ်တာမှာ တင်ခဲ့ပါတယ်။ ဒါဟာ တရုတ်ခေါင်းဆောင်တဦးကို လိင်စော်ကားမှုဆိုင်ရာ ကျူးလွန်တယ်လို့ စွပ်စွဲခဲ့တဲ့ အားကစားမယ် ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ပပျောက်စေဖို့ ကြိုးစားမှု တခုအဖြစ် ရှုမြင်ကြပါတယ်။

Peng ရဲ့ ဓာတ်ပုံတွေကို သောကြာနေ့က တွစ်တာအကောင့်မှာ တင်ထားတာဖြစ်ပြီး တရုတ်နိုင်ငံတွင်း အင်တာနက်သုံးသူ အများစုကတော့ တွစ်တာကို မသုံးတဲ့အတွက် မတွေ့နိုင်ပါဘူး။ အစိုးရရုပ်သံဌာန ဝန်ထမ်းတဦးဖြစ်တဲ့ Shen Shiwei က သီတင်းပတ်ကုန် ရုံးပိတ်ရက်မှာ ပျော်ရွှင်ပါစေလို့ သူနဲ့ Peng တို့ဟာ WeChat အွန်လိုင်းမက်ဆေ့ချ် အကောင့်မှာ ပြောဆိုကြောင်း ရေးသားခဲ့တာပါ။

အခု ပျောက်ဆုံးနေတဲ့ တင်းနစ်ချန်ပီယံ Peng အန္တရာယ်ကင်းကြောင်း သိရအောင် သူနဲ့ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ပေးဖို့၊ အားကစားအဖွဲ့တွေ လာရောက်ခွင့်ပြုဖို့ တောင်းဆိုမှု အများအပြားကို လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီဟာ ရင်ဆိုင်နေရတာဖြစ်ပြီး တရုတ်အစိုးရအာဘော် Global Times သတင်းစာမှာတော့ အယ်ဒီတာက Peng ကို လူထုကြား မကြာခင်တွေ့ရမှာဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဒီသတင်းစာရဲ့ အယ်ဒီတာက တွစ်တာပေါ်က Peng ရဲ့ပုံတွေဟာ လက်ရှိအခြေနေကို အမှန်တကယ် ပြသနေကြောင်း ပြောပြီး ဒီပုံတွေဟာ စစ်မှန်ကြောင်း တွစ်တာမှာလည်း အတည်ပြု ရေးသားခဲ့ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဖေဖော်ဝါရီလထဲ ဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပမှာဖြစ်တဲ့အတွက် ပြင်ဆင်နေချိန်မှာ အခုလို အိုလံပစ်ပွဲ ၃ ကြိမ်ဆင်နွှဲခဲ့သူ အသက် ၃၅ နှစ်အရွယ် Peng တယောက် ပျောက်နေတာဖြစ်ပြီး တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရကတော့ Peng ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မသိရှိကြောင်း သောကြာနေ့က ငြင်းဆိုခဲ့တာပါ။

တရုတ် ဒုဝန်ကြီးချုပ်ဟောင်း Zhang Gaoli ဟာ လွန်ခဲ့တဲ့ ၃ နှစ်က အတင်းအဓမ္မနည်းသုံးပြီး သူ့ကို လိင်ဆက်ဆံခဲ့တယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့မှာ Peng က ဆိုရှယ်မီဒီယာပေါ်မှာ ရေးခဲ့ပြီးတဲ့နောက် လူမြင်ကွင်းကနေ ပျောက်သွားသလို သူရေးခဲ့တဲ့ Weibo ဆိုရှယ်မီဒီယာပေါ်မှာလည်း သူရေးခဲ့တာ ချက်ချင်းပဲ ပျောက်သွားတာပါ။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)








XS
SM
MD
LG