သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်အိုလံပစ် ၁၃ ရက်မြောက်နေ့


Artistic Swimming လို့ခေါ်တဲ့ အသင်းလိုက်အလှပြရေကူးပြိုင်ပွဲမှာ တရုတ်နိုင်ငံက ရွှေတံဆိပ်၊ အမေရိကန်က ငွေတံဆိပ်ရနဲ့ စပိန်က တတိယရရှိခဲ့ (ဩဂုတ် ၇၊ ၂၀၂၄)
Artistic Swimming လို့ခေါ်တဲ့ အသင်းလိုက်အလှပြရေကူးပြိုင်ပွဲမှာ တရုတ်နိုင်ငံက ရွှေတံဆိပ်၊ အမေရိကန်က ငွေတံဆိပ်ရနဲ့ စပိန်က တတိယရရှိခဲ့ (ဩဂုတ် ၇၊ ၂၀၂၄)

ပြင်သစ်နိုင်ငံမှာကျင်းပနေတဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို ဒီနေ့မှာ ၁၃ ရက်မြောက်အဖြစ်နဲ့ဆက်လက်ယှဉ်ပြိုင်နေတာမှာ၊ ကနူး/ကယက် မီတာ ၅၀၀ တာတို လှေလှော်ပြိုင်ပွဲ အသင်းလိုက် ၄ ယောက်တွဲမှာတော့ ဂျာမနီက ပထမ ရွှေတံဆိပ်ရပြီး၊ သြစတြေးလျက ဒုတိယနဲ့ စပိန်က တတိယရသွားပါတယ်။ အမျိုးသမီး မီတာ ၅၀၀မှာတော့ နယူးဇီလန်က ပထမ၊ ဂျာမနီက ဒုတိယနဲ့ ဟန်ဂေရီက တတိယရသွားပါတယ်။

အမျိုးသားမီတာ ၅၀၀ နှစ်ယောက်တွဲမှာတော့ တရုတ်နိုင်ငံက Hao Liu နဲ့ Bowen Ji တို့က ပထမရပြီး အီတလီက ဒုတိယနဲ့ စပိန်က တတိယ အသီးသီးရသွားပါတယ်။ Speed Climbing လို့ခေါ်တဲ့ နံရံကိုအမြဲတက်တဲ့ပြိုင်ပွဲမှာတော့ အင်ဒိုနီးရှားနိုင်ငံသား Veddriq Leonardo က အနိုင်ရသွားခဲ့ပြီး၊ တရုတ်နိုင်ငံက Peng Wu က ဒုတိယ အမေရိကန်က Sam Watson က တတိယရခဲ့ပါတယ်။

မနေ့ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ Artistic Swimming လို့ခေါ်တဲ့ အသင်းလိုက်အလှပြရေကူးပြိုင်ပွဲမှာတော့ တရုတ်နိုင်ငံက ရွှေတံဆိပ် ရသွားခဲ့ပါတယ်။ အဲဒီပွဲမှာ တရုတ်နိုင်ငံက ၉၉၆ မှတ်နဲ့ ပထမ၊ အမေရိကန်က ၉၁၄ မှတ် နဲ့ ဒုတိယငွေတံဆိပ်ရရခဲ့ပြီး စပိန်က ၉၀၀ နဲ့ တတိယရခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီး ဖလိုင်ဝိတ်တန်း တိုက်ကွမ်ဒိုပြိုင်ပွဲမှာတော့ ထိုင်းနိုင်ငံ Panipak Wongpatanakit က အနိုင်ရပြီး ပထမရွှေတံဆိပ်ရသွားခဲ့ပါတယ်။ သူဟာပြီးခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာလည်း ဒီပြိုင်ပွဲမှာပဲ အနိုင်ရခဲ့တာကြောင့်၊ ထိုင်းနိုင်ငံသားတွေထဲမှာ အိုလံပစ်ချန်ပီယံဘွဲ့ကို ပထမဆုံး ကာကွယ်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ကြာသပတေးနေ့ အစောပိုင်းအထိတော့ အမေရိကန် ရွှေ ၂၇ ခု ၊ ငွေ ၃၅၊ ကြေး ၃၃ နဲ့ ပထမနေရာက ဦးဆောင်နေပြီး၊ အဲဒီနောက်မှာတော့ တရုတ်နိုင်ငံ ရွှေ ၂၆ ၊ ငွေ ၂၄ ၊ ကြေး ၁၇ ခု နဲ့ ဒုတိယ၊ သြစတြေးလျက ရွှေ ၁၈၊ ငွေ ၁၄ ကြေး ၁၁ နဲ့ တတိယနေရာမှာရှိနေပါတယ်။

ပဲရစ်အိုလံပစ် ၁၃ ရက်မြောက်နေ့
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG