သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nancy Pelosi ရဲ့ခင်ပွန်းသည် အရက်သောက်ပြီး ကားမောင်းမှု ထောင်ဒဏ် (၅) ရက်


FILE - Paul Pelosi, right, the husband of House Speaker Nancy Pelosi of California, walks through Capitol Hill in Washington, March 17, 2022.
FILE - Paul Pelosi, right, the husband of House Speaker Nancy Pelosi of California, walks through Capitol Hill in Washington, March 17, 2022.

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ခင်ပွန်းဖြစ်သူ Paul Pelosi ကို ကယ်လီဖိုးနီးယားပြည်နယ် Napa ကောင်တီ အထက်တရားရုံးက ထောင်ဒဏ် ၅ရက်ချမှတ်ခဲ့သလို ၃ နှစ်စောင့်ကြည့်ခံဖို့လည်း အမိန့်ချမှတ်လိုက်ပါတယ်။

Nancy Pelosi ရဲ့ခင်ပွန်းသည် အရက်သောက်ပြီး ကားမောင်းမှု ထောင်ဒဏ် (၅) ရက်

{{Zawgyi/Unicode}}
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ခင်ပွန်းဖြစ်သူ Paul Pelosi ကို ကယ်လီဖိုးနီးယားပြည်နယ် Napa ကောင်တီ အထက်တရားရုံးက ထောင်ဒဏ် ၅ရက်ချမှတ်ခဲ့သလို ၃ နှစ်စောင့်ကြည့်ခံဖို့လည်း အမိန့်ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း အရက်သောက်ထားချိန် ကားမောင်းခဲ့တာကြောင့် ယာဉ်မတော်တဆဖြစ်ခဲ့တဲ့ပြစ်မှုနဲ့ ပတ်သက်ပြီး တရားသူကြီး Joseph Solga က Paul Pelosi ကို အင်္ဂါနေ့မှာ ခုလိုပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

Paul Pelosi အနေနဲ့ ၂ ရက် အကျဉ်းကျခဲ့ပြီးဖြစ်သလို ကောင်းမွန်စွာ ပြုမူနေထိုင်တဲ့အတွက် သူ့ကို ၂ ရက် လေ ျှာ့ပေါ့ပေးထားတယ်လို့ တရားသူကြီး Solga ကပြောပါတယ်။ အကျဉ်းကျခံရမဲ့ ကျန်တရက်ကိုတော့ တရားရုံး က လုပ်ငန်းအစီအစဉ်တခုမှာ ၈ နာရီ လုပ်ကိုင်ပေးရမယ်လို့လည်း ပြောပါတယ်။ အမိန့်ချမှတ်တဲ့အချိန်မှာ Paul Pelosi တရားရုံးကို လာရောက်ကြားနာခြင်းမရှိပါဘူး။ ကယ်လီဖိုးနီးယားပြည်နယ် ဥပဒေအရ တရားရုံးက ဆင့်ခေါ်ခြင်းမရှိရင် ခုလိုပြစ်မှုကျူးလွန်ခဲ့သူတွေအနေနဲ့ လူကိုယ်တိုင်မဟုတ်ပဲ ရှေ့နေတွေကတဆင့် တက်ရောက်နိုင်ပါတယ်။

အရက်သောက်ပြီးကားမောင်းသူတွေအတွက် ဖွင့်ထားတဲ့ သင်တန်းကိုလည်း Paul Pelosi ၃ လကြာတက်ရောက်ရမှာဖြစ်ပြီး ဒေါ်လာ ၇ ထောင်နီးပါး ဒဏ်ကြေး ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ignition interlock device လို့ခေါ်တဲ့ အရက်သောက်ထားခြင်းရှိမရှိ ကားစက်မနှိုးခင် အသက်ရှုထုတ်ပြီး စစ်ဆေးစမ်းသပ်ခံရတဲ့ ကိရိယာကိုလည်း ကားထဲမှာ တပ်ထားရမှာဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုမြို့မြောက်ဖက် Napa ကောင်တီမှာ မေလ ၂၈ ရက်နေ့ ယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့အချိန်မှာ Paul Pelosi ရဲ့သွေးထဲမှာ အရက်ပါဝင်မှုနှုန်းက တရားဝင်ခွင့်ပြုထားတဲ့ သတ်မှတ်ချက်ထက် အနည်းငယ်ကျော်လွန်ပြီး ဝ.၀၈၂% ရှိနေခဲ့တာကြောင့် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

...................................................


{{Zawgyi/Unicode}}




XS
SM
MD
LG