သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမင္းၿခံၿမိဳ႕နယ္မွာ ရြာသား ၂ ဦး ဖမ္းဆီးထားစဥ္ ေသဆုံး 


Homemade gun of PDF(မွတ္တမ္းဓါတ္ပုံ)

ျမင္းၿခံၿမိဳ႕နယ္မွာ ရြာသား ၂ ဦး ဖမ္းဆီးထားစဥ္ ေသဆုံး

{{Zawgyi/Unicode}}

မႏၱေလးတိုင္း ျမင္းၿခံၿမိဳ႕နယ္ထဲ စစ္ေကာင္စီတပ္ေတြ တပ္စြဲထားတဲ့ ေညာင္တိုေက်းရြာမွာ စစ္ေကာင္စီတပ္နဲ႔ အုပ္ခ်ဳပ္ေရးမွဴးက ရိုက္ႏွက္လို႔ အမ်ိဳးသား ၂ ဦး ေသဆံုးခဲ့ပါတယ္။ ႐ြာထဲမွာ လြန္ခဲ့တဲ့ ၂ လေလာက္ထဲက စစ္တပ္က တပ္စြဲထားၿပီး ႐ြာသားေတြကို ႏိုင့္ထက္စီးနင္းလုပ္ေနတာျဖစ္တယ္လို႔ ႐ြာခံေတြက ေျပာပါတယ္။ ေဖေဖာ္ဝါရီလ ၁၇ ရက္ ၾကာသပေတးေန႔ကေတာ့ ျပင္းျပင္းထန္ထန္ အ႐ိုက္ခံရသူ ၂ ေယာက္ေသဆံုးသြားတယ္လို႔ ေညာင္တိုေက်းရြာသားတဦးက အခုလိုေျပာျပပါတယ္။

“ ဘယ္လိုေၾကာင့္ ရိုက္လည္းဆိုေတာ့ စစ္ေကာင္စီခန္႔ အုပ္ႀကီးက ရိႈ႕တာေပါ့။ သူတို႔ကို ရိုက္ေစခ်င္လို႔ ဒီလူေတြက ဒါေတြလုပ္တယ္ ရိုက္ေပးပါဆိုၿပီး အကူညီေတာင္းလို႔ အရိုက္ခံရတာပဲ။ တက္ၾကြလႈပ္ရွားသူက ရြာမွာအဲ့ေလာက္မရွိဘူး။ ရိုးရိုးအရပ္သားေတြပဲ။”

ေဖေဖာ္၀ါရီ ၁၇ ရက္ေန႔ကပဲ ျမင္းၿခံၿမိဳ႕နယ္ထဲက စားၾကဴးေက်းရြာမွာလည္း NLD ပါတီဝင္သံုးဦးနဲ႔ ေက်းရြာသား ၃ ဦးကို စစ္ေကာင္စီတပ္ေတြ လာေရာက္ဖမ္းဆီးသြားပါတယ္။ ျမင္းၿခံၿမိဳ႕မွာ ႏိုင္ငံေရး တက္ၾကြလႈပ္ရွားသူေတြကို စစ္ေကာင္စီက မၾကာခဏ ေနအိမ္ေတြကို ဝင္ေရာက္ရွာေဖြ ဖမ္းဆီးတာေတြ ျပဳလုပ္ၿပီး PDF ေတြနဲ႔ ဆက္သြယ္တယ္ဆိုၿပီး ေနအိမ္ေတြကို ခ်ိတ္ပိတ္တာေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ စစ္ေရးတင္းမာၿပီး မၾကာခဏ တိုက္ပြဲျဖစ္ပြားေလ့ရွိတဲ့ စစ္ကိုင္းတိုင္း ယင္းမာပင္ခရိုင္ ပုလဲၿမိဳ႕က ေခ်ာင္းဦးႀကီးေက်းရြာမွာေတာ့ စစ္တပ္က ေဖေဖာ္္ဝါရီ ၁၈ ရက္ ေသာၾကာေန႔ မနက္ပိုင္းမွာ နယ္ေျမ႐ွင္းလင္းစဥ္ ေနအိမ္ရာနဲ႔ခ်ီ မီးေလာင္ကၽြမ္းခဲ့ပါတယ္။

ေခ်ာင္းဦးႀကီးေက်းရြာနဲ႔ ၂ မိုင္သာေဝးၿပီး စစ္ေကာင္စီတပ္စြဲထားတဲ့ ဇီးျဖဴကုန္းေက်းရြာကို ေဒသခံကာကြယ္ေရးအဖဲြ႔ေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီးေနာက္ အခုလို ေခ်ာင္းဦးေက်း႐ြာဘက္ကို နယ္ေျမ႐ွင္းလင္းေနတာျဖစ္တယ္လို႔ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕၀င္တဦးက ေျပာပါတယ္။

“ အိမ္ေျခက ကြက္သစ္ေတြဘာေတြ ထြက္ထားတာဆိုရင္ အိမ္ေျခက လက္ရွိ ၄ဝဝ နဲ႔ ၅ဝဝ ၾကားမွာရွိတယ္။ အခု ေတာ္ေတာ္မ်ားမ်ား ေလာင္ကြ်မ္းတဲ့ အိမ္ေတြက အတိအက်မသိရေပမယ့္ ရြာရဲ႕ ၆ဝ ရာခိုင္ႏႈန္း ၇ဝ ရာခိုင္ႏႈန္း ေလာက္ေလာင္ကြ်မ္းေနတယ္။”

အနီးက ဇီးျဖဴကုန္းေက်း႐ြာမွာ စစ္ေကာင္စီတပ္ေတြ ဝင္ေရာက္ တပ္စြဲခ်ိန္ကစလို႔ ေခ်ာင္းဦးႀကီး ေက်းရြာသား ေဒသခံေတြ ရြာကေန တိမ္းေရွာင္ေနၾကတာေၾကာင့္ လူအထိအခိုက္ေတာ့ မ႐ွိပါဘူး။ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြၾကား စစ္ေရးတင္းမာေနတဲ့ ပုလဲနယ္ထဲမွာ ၂ဝ၂၂ ခုႏွစ္ ဇန္န၀ါရီလ ေနာက္ဆံုးအပတ္ကစလို႔ ေက်းရြာ ၆ ရြာ က ေနအိမ္ ၂ ေထာင္ေက်ာ္ ကို စစ္ေကာင္စီက မီးရိႈ႕ဖ်က္ဆီးခဲ့တယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ ဘက္ကေျပာပါတယ္။

ေခ်ာင္းဦးႀကီး ေက်းရြာမီးေလာင္မႈအျပင္ ေနအိမ္ရာနဲ႔ခ်ီမီးေလာင္ဖ်က္ဆီးခံခဲ့ရဲ့ ေမြ႕တံု ၊ ပန္း ရြာ စတဲ့ ေက်းရြာအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္ကေတာ့ အခုခ်ိန္ထိ တစံုတရာ သတင္းထုတ္ျပန္ျခင္း မ႐ွိေသးပါဘူး။

.........................................

တိုက္႐ိုက္ လင့္ခ္

မြင်းခြံမြို့နယ်မှာ ရွာသား ၂ ဦး ဖမ်းဆီးထားစဉ် သေဆုံး

{{Zawgyi/Unicode}}
မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ညောင်တိုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးက ရိုက်နှက်လို့ အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။ ရွာထဲမှာ လွန်ခဲ့တဲ့ ၂ လလောက်ထဲက စစ်တပ်က တပ်စွဲထားပြီး ရွာသားတွေကို နိုင့်ထက်စီးနင်းလုပ်နေတာဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက် ကြာသပတေးနေ့ကတော့ ပြင်းပြင်းထန်ထန် အရိုက်ခံရသူ ၂ ယောက်သေဆုံးသွားတယ်လို့ ညောင်တိုကျေးရွာသားတဦးက အခုလိုပြောပြပါတယ်။

“ ဘယ်လိုကြောင့် ရိုက်လည်းဆိုတော့ စစ်ကောင်စီခန့် အုပ်ကြီးက ရှို့တာပေါ့။ သူတို့ကို ရိုက်စေချင်လို့ ဒီလူတွေက ဒါတွေလုပ်တယ် ရိုက်ပေးပါဆိုပြီး အကူညီတောင်းလို့ အရိုက်ခံရတာပဲ။ တက်ကြွလှုပ်ရှားသူက ရွာမှာအဲ့လောက်မရှိဘူး။ ရိုးရိုးအရပ်သားတွေပဲ။”

ဖေဖော်ဝါရီ ၁၇ ရက်နေ့ကပဲ မြင်းခြံမြို့နယ်ထဲက စားကြူးကျေးရွာမှာလည်း NLD ပါတီဝင်သုံးဦးနဲ့ ကျေးရွာသား ၃ ဦးကို စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားပါတယ်။ မြင်းခြံမြို့မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက မကြာခဏ နေအိမ်တွေကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်ပြီး PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး နေအိမ်တွေကို ချိတ်ပိတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့က ချောင်းဦးကြီးကျေးရွာမှာတော့ စစ်တပ်က ဖေဖော်ဝါရီ ၁၈ ရက် သောကြာနေ့ မနက်ပိုင်းမှာ နယ်မြေရှင်းလင်းစဉ် နေအိမ်ရာနဲ့ချီ မီးလောင်ကျွမ်းခဲ့ပါတယ်။

ချောင်းဦးကြီးကျေးရွာနဲ့ ၂ မိုင်သာဝေးပြီး စစ်ကောင်စီတပ်စွဲထားတဲ့ ဇီးဖြူကုန်းကျေးရွာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို ချောင်းဦးကျေးရွာဘက်ကို နယ်မြေရှင်းလင်းနေတာဖြစ်တယ်လို့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ အိမ်ခြေက ကွက်သစ်တွေဘာတွေ ထွက်ထားတာဆိုရင် အိမ်ခြေက လက်ရှိ ၄ဝဝ နဲ့ ၅ဝဝ ကြားမှာရှိတယ်။ အခု တော်တော်များများ လောင်ကျွမ်းတဲ့ အိမ်တွေက အတိအကျမသိရပေမယ့် ရွာရဲ့ ၆ဝ ရာခိုင်နှုန်း ၇ဝ ရာခိုင်နှုန်း လောက်လောင်ကျွမ်းနေတယ်။”

အနီးက ဇီးဖြူကုန်းကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက် တပ်စွဲချိန်ကစလို့ ချောင်းဦးကြီး ကျေးရွာသား ဒေသခံတွေ ရွာကနေ တိမ်းရှောင်နေကြတာကြောင့် လူအထိအခိုက်တော့ မရှိပါဘူး။ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ ပုလဲနယ်ထဲမှာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်ကစလို့ ကျေးရွာ ၆ ရွာ က နေအိမ် ၂ ထောင်ကျော် ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ကပြောပါတယ်။

ချောင်းဦးကြီး ကျေးရွာမီးလောင်မှုအပြင် နေအိမ်ရာနဲ့ချီမီးလောင်ဖျက်ဆီးခံခဲ့ရဲ့ မွေ့တုံ ၊ ပန်း ရွာ စတဲ့ ကျေးရွာအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ အခုချိန်ထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG