သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းမွာ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္ေနရ


မီးရႈိ႕ခံထားရတဲ့ ပုလဲၿမဳိ႕နယ္ ေမြ႔တုံ ေက်းရြာ။ (Photo: AP)

စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕ေတာင္ပိုင္းက ေက်း႐ြာေတြမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။ တိုက္ပြဲေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္ထြက္ေျပးေနရၿပီး အရပ္သား ကေလးငယ္ ၁ ဦး လက္နက္ႀကီး ထိမွန္ခဲ့ပါတယ္လို႔ သိရပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္း ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းမွာ စစ္ေရးတင္းမာမႈေတြေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္ေနရ

{{Zawgyi/Unicode}}

စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕ေတာင္ပိုင္းက ေက်း႐ြာေတြကို နယ္ေျမရွင္းလင္းေနတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ပြားေနပါတယ္။ တိုက္ပြဲေၾကာင့္ ေဒသခံေတြ တိမ္းေရွာင္ထြက္ေျပးေနရၿပီး အရပ္သား ကေလးငယ္ ၁ ဦး လက္နက္ႀကီး ထိမွန္ခဲ့ပါတယ္လို႔ သိရပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့သတင္း ကိုရဲမြန္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕ ေတာင္ပိုင္း ခ်င္းျပည္နယ္အစပ္က ေက်း႐ြာေတြဘက္ကို စစ္ေကာင္စီက အင္အား အမ်ားအျပားနဲ႔ နယ္ေျမရွင္းလင္းတာေတြ လုပ္ေနတာပါ။ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေၾကာင့္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ ဇူလိုင္ ၁၀ ရက္ကစၿပီး ဇူလိုင္ ၁၃ ရက္ မနက္ပိုင္းအထိ တိုက္ပြဲေတြ ျပင္းထန္ခဲ့တာလို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ဝင္တဦးက အခုလိုေျပာပါတယ္။

“တိုက္ပြဲစျဖစ္တဲ့ေန႔က ၁၀ ရက္ေန႔က စၿပီးေတာ့ျဖစ္တာ။ သူတို႔ဘက္ကေန အင္အား ၂၀၀ နဲ႔ ရန္ႀကီးေအာင္(စစ္ေဆးေရးဂိတ္) ကေန စၿပီး စစ္ေၾကာင္းစထိုးတာခင္ဗ်။ စစ္ေၾကာင္စထိုးေတာ့ အျပန္အလွန္ ပစ္ခတ္မႈေတြရွိတာေပါ့။ ၁၀ ရက္ေန႔ကေနစၿပီး ၁၃ ရက္ေန႔အထိ တိုက္ပြဲေတြ ျဖစ္တာ ေတာ္ေတာ္ျပင္းထန္တယ္။ သူတို႔က အင္အား ၂၀၀ နဲ႔ စၿပီး စစ္ေၾကာင္းထိုးၿပီးေတာ့ ခ်င္းျပည္နယ္ ဟားခါးေလး႐ြာကို ေမႊတာေပါ့။ ေတာင္ေပၚကေန လက္နက္ႀကီးေတြနဲ႔ပစ္တယ္။ စက္လက္ေတြတင္ၿပီး စက္လက္ေတြနဲ႔လည္း ပစ္တာေပါ့။ ၁၂ ရက္ေန႔က စစ္ေကာင္စီေတြနဲ႔ ကြၽန္ေတာ္တို႔ PDF ေတြနဲ႔ တိုက္ပြဲအျပင္းအထန္ျဖစ္တယ္။ ညေနပိုင္းမွာလည္း စည္သာဘက္မွာ တိုက္ပြဲေတြ ထပ္ျဖစ္ေသးတယ္။ ဒါ ၁၂ ရက္ေန႔ေပါ့။ ညေနပိုင္းမွာ သူတို႔စည္သာဘက္ကို ေရာက္သြားၿပီ ၁၃ ရက္မွာၾကေတာ့ ေထာက္ၾကန႔္႐ြာ သာယာကုန္း႐ြာ ၾကားမွာ ထပ္ၿပီးေတာ့ တိုက္ပြဲအျပင္းအထန္ျဖစ္ေသးတယ္။”

လက္ရွိတိုက္ပြဲျဖစ္ပြားေနတာဟာ ကေလးၿမိဳ႕ေတာင္ပိုင္း စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္အစပ္က ေက်း႐ြာေတြနားမွာလည္းျဖစ္ပါတယ္။ တိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က ၂၀ ဦးထက္ မနည္းေသဆုံးၿပီး ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ဝင္ေတြဘက္က ၂ ဦးေသဆုံးခဲ့တယ္လို႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြဘက္ကေျပာပါတယ္။ စစ္ေကာင္စီဘက္က ေသဆုံးတာနဲ႔ ပတ္သက္လို႔ေတာ့ သီးျခားအတည္မျပဳႏိုင္သလို၊ တိုက္ပြဲနဲ႔ပတ္သက္လို႔ စစ္ေကာင္စီသတင္းထုတ္ျပန္တာလည္း မရွိေသးပါဘူး။

ဇူလိုင္ ၁၃ ရက္ ေန႔လည္ပိုင္းအထိ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ဟာ ကေလးၿမိဳ႕ဘက္ကို ျပန္လည္ဆုတ္ခြါသြားၿပီး တိုက္ပြဲေတြ ၿငိမ္သက္ေနတယ္လို႔ သိရပါတယ္။ တိုက္ပြဲေၾကာင့္ စည္သာ နတ္ေခ်ာင္း ေခ်ာင္းဂြ ဟားခါးေလး စတဲ့ေက်း႐ြာက အိမ္ေထာင္စု ၂၀၀ ေက်ာ္ တိမ္းေရွာင္ထြက္ေျပးေနရပါတယ္။ စစ္ေဘးေရွာင္ေတြရွိတဲဘက္ကို စစ္ေကာင္စီက လက္နက္ႀကီးပစ္ခတ္တဲ့အတြက္ စစ္ေဘးေရွာင္ကေလးငယ္တဦးရဲ႕ ေျခေထာက္ကို လက္နက္ႀကီး အစထိမွန္သြားတယ္လို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ေဒသခံေတြက နတ္ေခ်ာင္းေပါ့ ေခ်ာင္းဂြ ဟားခါးေလး အေနာက္ေဝဘူလအထိ အဲ့႐ြာေတြေတာက္ေလွ်ာက္ေပါ့ ေတာင္တလုံးအထိ စည္သာနဲ႔ နတ္ေခ်ာင္းၾကား ေတာတဝိုက္မွာ စစ္ေဘးေရွာင္စခန္း စခန္းဆိုေပမယ့္ ေတာေက်ာင္းေလးေတြေပါ့ ၁၀ တဲ တဲ ၂၀ အဲ့လိုစုၿပီးေနၾကတာရွိတယ္။ အိမ္ေထာင္စုေပါင္း ၂၀၀ ဝန္းက်င္ေလာက္ရွိမယ္။ လူဦးေရက်ေတာ့ မ်ားမွာေပါ့ေနာ္။ ေဒသခံေသဆုံးတာကေတာ့ စစ္ေရွာင္စခန္းက တဲတတဲရဲ႕ ကေလးတေယာက္ရဲ႕ ေျခေထာက္ကို လက္နက္ႀကီးထိမွန္သြားတယ္။”

စစ္ေကာင္စီဟာ ကေလးၿမိဳ႕ေတာင္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ေဝဘူလ ဟားခါးေလး ေက်း႐ြာတဝိုက္ကို နယ္ေျမစိုးမိုးမႈရရွိဖို႔ မၾကာခဏနယ္ေျမရွင္းလင္းတာေတြလုပ္တဲ့အတြက္ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ပြားေလ့ရွိပါတယ္။ ကေလးၿမိဳ႕ေတာင္ပိုင္းမွာ စစ္ေကာင္စီ နဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြရဲ႕ တိုက္ပြဲဟာ ျပင္းထန္တာေၾကာင့္ စစ္ေကာင္စီဘက္က ေလေၾကာင္းပစ္ကူသုံးရတဲ့တိုက္ပြဲေတြလည္း ရွိခဲ့ပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြေၾကာင့္ ၂၀၂၂ ဇူလိုင္လ ၄ ရက္ေန႔အထိ ျမန္မာတႏိုင္ငံလုံးမွာ အရပ္သားေတြ ေနရပ္စြန႔္ခြါ ထြက္ေျပးေနရသူ ၇၆၉၄၀၀ (ခုႏွစ္ေသာင္းခြဲေက်ာ္) ရွိေနပါတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးရဲ႕ အခ်က္အလက္ေတြအရ သိရပါတယ္။ အမ်ားစုဟာ ခ်င္းျပည္နယ္ မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းတို႔ကျဖစ္ၿပီး စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ေနရာေတြက ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................

စစ်ကိုင်းတိုင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေကို နယ်မြေရှင်းလင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးနေရပြီး အရပ်သား ကလေးငယ် ၁ ဦး လက်နက်ကြီး ထိမှန်ခဲ့ပါတယ်လို့ သိရပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်း ကိုရဲမွန် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တောင်ပိုင်း ချင်းပြည်နယ်အစပ်က ကျေးရွာတွေဘက်ကို စစ်ကောင်စီက အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်နေတာပါ။ စစ်ကောင်စီက နယ်မြေရှင်းလင်းတာကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဇူလိုင် ၁၀ ရက်ကစပြီး ဇူလိုင် ၁၃ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာလို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲစဖြစ်တဲ့နေ့က ၁၀ ရက်နေ့က စပြီးတော့ဖြစ်တာ။ သူတို့ဘက်ကနေ အင်အား ၂၀၀ နဲ့ ရန်ကြီးအောင်(စစ်ဆေးရေးဂိတ်) ကနေ စပြီး စစ်ကြောင်းစထိုးတာခင်ဗျ။ စစ်ကြောင်စထိုးတော့ အပြန်အလှန် ပစ်ခတ်မှုတွေရှိတာပေါ့။ ၁၀ ရက်နေ့ကနေစပြီး ၁၃ ရက်နေ့အထိ တိုက်ပွဲတွေ ဖြစ်တာ တော်တော်ပြင်းထန်တယ်။ သူတို့က အင်အား ၂၀၀ နဲ့ စပြီး စစ်ကြောင်းထိုးပြီးတော့ ချင်းပြည်နယ် ဟားခါးလေးရွာကို မွှေတာပေါ့။ တောင်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ပစ်တယ်။ စက်လက်တွေတင်ပြီး စက်လက်တွေနဲ့လည်း ပစ်တာပေါ့။ ၁၂ ရက်နေ့က စစ်ကောင်စီတွေနဲ့ ကျွန်တော်တို့ PDF တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ ညနေပိုင်းမှာလည်း စည်သာဘက်မှာ တိုက်ပွဲတွေ ထပ်ဖြစ်သေးတယ်။ ဒါ ၁၂ ရက်နေ့ပေါ့။ ညနေပိုင်းမှာ သူတို့စည်သာဘက်ကို ရောက်သွားပြီ ၁၃ ရက်မှာကြတော့ ထောက်ကြန့်ရွာ သာယာကုန်းရွာ ကြားမှာ ထပ်ပြီးတော့ တိုက်ပွဲအပြင်းအထန်ဖြစ်သေးတယ်။”

လက်ရှိတိုက်ပွဲဖြစ်ပွားနေတာဟာ ကလေးမြို့တောင်ပိုင်း စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်က ကျေးရွာတွေနားမှာလည်းဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ဦးထက် မနည်းသေဆုံးပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကပြောပါတယ်။ စစ်ကောင်စီဘက်က သေဆုံးတာနဲ့ ပတ်သက်လို့တော့ သီးခြားအတည်မပြုနိုင်သလို၊ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီသတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

ဇူလိုင် ၁၃ ရက် နေ့လည်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ကလေးမြို့ဘက်ကို ပြန်လည်ဆုတ်ခွါသွားပြီး တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် စည်သာ နတ်ချောင်း ချောင်းဂွ ဟားခါးလေး စတဲ့ကျေးရွာက အိမ်ထောင်စု ၂၀၀ ကျော် တိမ်းရှောင်ထွက်ပြေးနေရပါတယ်။ စစ်ဘေးရှောင်တွေရှိတဲဘက်ကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တဲ့အတွက် စစ်ဘေးရှောင်ကလေးငယ်တဦးရဲ့ ခြေထောက်ကို လက်နက်ကြီး အစထိမှန်သွားတယ်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဒေသခံတွေက နတ်ချောင်းပေါ့ ချောင်းဂွ ဟားခါးလေး အနောက်ဝေဘူလအထိ အဲ့ရွာတွေတောက်လျှောက်ပေါ့ တောင်တလုံးအထိ စည်သာနဲ့ နတ်ချောင်းကြား တောတဝိုက်မှာ စစ်ဘေးရှောင်စခန်း စခန်းဆိုပေမယ့် တောကျောင်းလေးတွေပေါ့ ၁၀ တဲ တဲ ၂၀ အဲ့လိုစုပြီးနေကြတာရှိတယ်။ အိမ်ထောင်စုပေါင်း ၂၀၀ ဝန်းကျင်လောက်ရှိမယ်။ လူဦးရေကျတော့ များမှာပေါ့နော်။ ဒေသခံသေဆုံးတာကတော့ စစ်ရှောင်စခန်းက တဲတတဲရဲ့ ကလေးတယောက်ရဲ့ ခြေထောက်ကို လက်နက်ကြီးထိမှန်သွားတယ်။”

စစ်ကောင်စီဟာ ကလေးမြို့တောင်ပိုင်းနဲ့ ချင်းပြည်နယ် ဝေဘူလ ဟားခါးလေး ကျေးရွာတဝိုက်ကို နယ်မြေစိုးမိုးမှုရရှိဖို့ မကြာခဏနယ်မြေရှင်းလင်းတာတွေလုပ်တဲ့အတွက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ကလေးမြို့တောင်ပိုင်းမှာ စစ်ကောင်စီ နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ပွဲဟာ ပြင်းထန်တာကြောင့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူသုံးရတဲ့တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေကြောင့် ၂၀၂၂ ဇူလိုင်လ ၄ ရက်နေ့အထိ မြန်မာတနိုင်ငံလုံးမှာ အရပ်သားတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေရသူ ၇၆၉၄၀၀ (ခုနှစ်သောင်းခွဲကျော်) ရှိနေပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အများစုဟာ ချင်းပြည်နယ် မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ကဖြစ်ပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ နေရာတွေက ဖြစ်ပါတယ်။

XS
SM
MD
LG