စစ္ရာဇဝတ္မႈ က်ဴးလြန္သူေတြကို အေရးယူေရးဟာ ရွည္ၾကာ နာက်င္စြာ ျဖတ္သန္းရတဲ့ ျဖစ္စဥ္ တရပ္ ျဖစ္တယ္လို႔ ၁၉၉၂-၉၅ ေဘာ့စနီးယား စစ္ပြဲမွာ စစ္ရာဇဝတ္မႈ က်ဴးလြန္ခံခဲ့ရၿပီး၊ အသက္ရွင္က်န္ခဲ့သူေတြက ယူကရိန္း ျပည္သူေတြကို ေျပာလိုက္ပါတယ္။ ဒါေၾကာင့္ ၿငိမ္းခ်မ္းေရး ရရွိဖို႔ကိုလည္း မေမ့ၾကဖို႔ သတိေပးလိုက္ပါတယ္။ ဒီ သတင္းစကားဟာ ျမန္မာႏိုင္ငံနဲ႔ ေရာ ဆက္စပ္ေနပါသလား။ ပအို႔ဝ္ အမ်ိဳးသား ဖက္ဒရယ္ ေကာင္စီ ဥကၠဌ ဦးခြန္ျမင့္ထြန္းနဲ႔ ဦးတင္ေမာင္သန္းက ေမးျမန္းေဆြးေႏြးထားပါတယ္။
အက်ဥ္းခ်ဳပ္
တရားမွ်တမႈ မရွိဘဲ၊ ၿငိမ္းခ်မ္းေရး အစစ္အမွန္ မရရွိႏိုင္ဘူးလို႔ ဦးခြန္ျမင့္ထြန္းက ဆိုပါတယ္။ ဖက္ဒရယ္ ျပည္ေထာင္စု ထူေထာင္ဖို႔ ႏိုင္ငံေရး ေဆြးေႏြးပြဲမရွိဘဲ၊ ဗိုလ္ခ်ဳပ္ ခင္ၫြန႔္ လုပ္ခဲ့သလို၊ စီးပြါးေရးေတြ လုပ္ပိုင္ခြင့္ေပး၊ တိုက္ပြဲလည္း မရွိတဲ့ အေျခအေနဟာ ၿငိမ္းခ်မ္းေရး အတု ျဖစ္တယ္လို႔ ေဆြးေႏြးပါတယ္။ တရားမွ်တမႈ ရွိမွသာ ၿငိမ္းခ်မ္းေရး အစစ္အမွန္ ျဖစ္ပါတယ္။
ေ႐ြးေကာက္တင္ေျမႇာက္ခံ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္တို႔ကို လႊတ္ေပးဖို႔ မေတာင္းဆိုတဲ့ အာဆီယန္ ရဲ႕ အခ်က္ ၅ ခ်က္ အဆိုျပဳခ်က္ဟာ ျမန္မာ့ လက္ေတြ႕ အေျခအေနနဲ႔ မကိုက္ညီဘူးလို႔လည္း ဦးခြန္ျမင့္ထြန္းက ယူဆပါတယ္။
စစ္လက္နက္ပစၥည္း အသာစီးနဲ႔ တိုက္ခိုက္ ဖိႏွိပ္မႈေတြကို ယူကရိန္းမွာလိုပဲ ျမန္မာ ျပည္သူေတြက သႏၷိဌာန္ ပိုင္းျဖတ္မႈ နဲ႔ တိုက္ပြဲ ဝင္ေနတာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ခုခံတိုက္ခိုက္ေနတာကိုက ၿငိမ္းခ်မ္းေရး ကို သြားရာလမ္းျဖစ္ပါတယ္။ ဒီလို ဆိုလို႔ ေတြ႕ဆုံညႇိဳႏႈိင္းေရးကို ပယ္ခ်တာလည္း မဟုတ္ပါဘူး။ ၿငိမ္းခ်မ္းေရး အစစ္အမွန္ လိုခ်င္တယ္ဆိုရင္ေတာ့ စစ္တပ္ဟာ သက္ေသခံ ျပယုဂ္ေတြကို ျပသရမယ္လို႔ ဦးခြန္ျမင့္ထြန္းက ေျပာပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ႏိုင္ငံေရး အက်ဥ္းသားေတြကို လႊတ္ေပးၿပီး၊ ဖိႏွိပ္မႈေတြကို ရပ္စဲ၊ စစ္တပ္ဟာ ေ႐ြးေကာက္ခံ အရပ္သား အစိုးရေအာက္မွာ ရွိရမယ္ ဆိုတာ ကို လက္ခံၿပီး ႏိုင္ငံေရး ညႇိဳႏႈိင္းေဆြးေႏြးပြဲ ဝင္ရပါမယ္လို႔ ေဆြးေႏြးသြားပါတယ္။
[Unicode]
စစ်ရာဇဝတ်မှု၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေး
စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အရေးယူရေးဟာ ရှည်ကြာ နာကျင်စွာ ဖြတ်သန်းရတဲ့ ဖြစ်စဉ် တရပ် ဖြစ်တယ်လို့ ၁၉၉၂-၉၅ ဘော့စနီးယား စစ်ပွဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခံခဲ့ရပြီး၊ အသက်ရှင်ကျန်ခဲ့သူတွေက ယူကရိန်း ပြည်သူတွေကို ပြောလိုက်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ရရှိဖို့ကိုလည်း မမေ့ကြဖို့ သတိပေးလိုက်ပါတယ်။ ဒီ သတင်းစကားဟာ မြန်မာနိုင်ငံနဲ့ ရော ဆက်စပ်နေပါသလား။ ပအို့ဝ် အမျိုးသား ဖက်ဒရယ် ကောင်စီ ဥက္ကဌ ဦးခွန်မြင့်ထွန်းနဲ့ ဦးတင်မောင်သန်းက မေးမြန်းဆွေးနွေးထားပါတယ်။
အကျဉ်းချုပ်
တရားမျှတမှု မရှိဘဲ၊ ငြိမ်းချမ်းရေး အစစ်အမှန် မရရှိနိုင်ဘူးလို့ ဦးခွန်မြင့်ထွန်းက ဆိုပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ နိုင်ငံရေး ဆွေးနွေးပွဲမရှိဘဲ၊ ဗိုလ်ချုပ် ခင်ညွန့် လုပ်ခဲ့သလို၊ စီးပွါးရေးတွေ လုပ်ပိုင်ခွင့်ပေး၊ တိုက်ပွဲလည်း မရှိတဲ့ အခြေအနေဟာ ငြိမ်းချမ်းရေး အတု ဖြစ်တယ်လို့ ဆွေးနွေးပါတယ်။ တရားမျှတမှု ရှိမှသာ ငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်ပါတယ်။
ရွေးကောက်တင်မြှောက်ခံ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့ မတောင်းဆိုတဲ့ အာဆီယန် ရဲ့ အချက် ၅ ချက် အဆိုပြုချက်ဟာ မြန်မာ့ လက်တွေ့ အခြေအနေနဲ့ မကိုက်ညီဘူးလို့လည်း ဦးခွန်မြင့်ထွန်းက ယူဆပါတယ်။
စစ်လက်နက်ပစ္စည်း အသာစီးနဲ့ တိုက်ခိုက် ဖိနှိပ်မှုတွေကို ယူကရိန်းမှာလိုပဲ မြန်မာ ပြည်သူတွေက သန္နိဌာန် ပိုင်းဖြတ်မှု နဲ့ တိုက်ပွဲ ဝင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခုခံတိုက်ခိုက်နေတာကိုက ငြိမ်းချမ်းရေး ကို သွားရာလမ်းဖြစ်ပါတယ်။ ဒီလို ဆိုလို့ တွေ့ဆုံညှိုနှိုင်းရေးကို ပယ်ချတာလည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး အစစ်အမှန် လိုချင်တယ်ဆိုရင်တော့ စစ်တပ်ဟာ သက်သေခံ ပြယုဂ်တွေကို ပြသရမယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး၊ ဖိနှိပ်မှုတွေကို ရပ်စဲ၊ စစ်တပ်ဟာ ရွေးကောက်ခံ အရပ်သား အစိုးရအောက်မှာ ရှိရမယ် ဆိုတာ ကို လက်ခံပြီး နိုင်ငံရေး ညှိုနှိုင်းဆွေးနွေးပွဲ ဝင်ရပါမယ်လို့ ဆွေးနွေးသွားပါတယ်။