(Zawgyi/Unicode)
ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ အေမရိကန္ ေစတနာ့၀န္ထမ္းအဖြဲ႕ Peace Corps က ႏိုင္ငံေပါင္း ၆၁ ႏိုင္ငံမွာတာဝန္ထမ္းေဆာင္ ေနတဲ့ ေစတနာ့၀န္ထမ္း ၇၃၀၀ ေက်ာ္ကို ျပန္လည္ ေခၚယူ လိုက္ပါတယ္။
အေမရိကန္ ေစတနာ့၀န္ထမ္းအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ Jody Olson က မတ္လအတြင္း အခုလို မႀကဳံစဖူး ျပန္လည္ေခၚယူဖို႔ ဆုံးျဖတ္ရတာဟာ ကမာၻနဲ႔တစ္ဝွမ္း ေလေၾကာင္းလိုင္းေတြ ရပ္ဆိုင္း ထားတာေၾကာင့္ ေစတနာ့ဝန္ထမ္းေတြ တာဝန္ထမ္းေဆာင္ရာ ႏိုင္ငံေတြမွာ ပိတ္မိေနမွာကို စိုးရိမ္တယ္လို႔ ေျပာပါတယ္။
အခုလို ျပန္ေခၚခံရတာေၾကာင့္ ေစတနာ့ ဝန္ထမ္းေတြရဲ႕ ေရွ႕ေရး မေရမရာ ျဖစ္သြားခဲ့သလို ဒီ အဖြဲ႕ႀကီး ရွင္သန္ ရပ္တည္ ေရးနဲ႔ ပတ္သက္လို႔ လည္း လူသားခ်င္းစာနာမႈ အကူညီေပးေရးကို ေထာက္ခံ အားေပးသူေတြက စိုးရိမ္ေနၾကပါတယ္။
အေမရိကန္ ေစတနာ့၀န္ထမ္းအဖြဲ႕ႀကီး Peace Corps ကို ၁၉၆၁ ခုႏွစ္က သမၼတ John F. Kennedy က ႏိုင္ငံအခ်င္းခ်င္း ယဥ္ေက်းမႈ ဖလွယ္ၾကဖို႔နဲ႔ လိုအပ္ေနသူေတြကို ကူညီဖို႔ ဖြဲ႕စည္းတည္ ေထာင္ခဲ့တာပါ။ မီးေတာင္ေပါက္ကြဲတာ၊ သဘာ၀ေဘးအႏၲရာယ္ က်ေရာက္ တာနဲ႔ ေဒသတြင္း ပဋိပကၡ စတဲ့အေျခအေနေတြက လြဲလို႔ ႏိုင္ငံတကာမွာ ဒီအဖြဲ႕ႀကီး က အကူအညီေပးေနတာေတြကို အရင္က အခုလို ရပ္ဆိုင္းခဲ့တာမ်ိဳး မရွိခဲ့ပါဘူး။
၂၀၁၄ ခုႏွစ္ တုန္းက အေနာက္ အာဖရိကမွာ အီဘိုလာ ကပ္ေရာဂါ က်ေရာက္တုန္းကေတာ့ Peace Corps ေစတနာ့၀န္ထမ္းေတြကို အဲဒီ ေဒသက ျပန္လည္ေခၚ ယူခဲ့ေပမယ့္ ၂၀၁၆ မွာေတာ့ အကူအညီေပးေရးလုပ္ငန္းစဥ္ေတြကို ျပန္လည္စတင္ခဲ့ပါတယ္။
...................
COVID-19 ကြောင့် Peace Corps အဖွဲ့ဝင်တွေကို အမေရိကန်ပြန်ခေါ်
(Unicode)
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့ Peace Corps က နိုင်ငံပေါင်း ၆၁ နိုင်ငံမှာတာဝန်ထမ်းဆောင် နေတဲ့ စေတနာ့ဝန်ထမ်း ၇၃၀၀ ကျော်ကို ပြန်လည် ခေါ်ယူ လိုက်ပါတယ်။ အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့ရဲ့ ဒါရိုက်တာ Jody Olson က မတ်လအတွင်း အခုလို မကြုံစဖူး ပြန်လည်ခေါ်ယူဖို့ ဆုံးဖြတ်ရတာဟာ ကမ္ဘာနဲ့တစ်ဝှမ်း လေကြောင်းလိုင်းတွေ ရပ်ဆိုင်း ထားတာကြောင့် စေတနာ့ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ရာ နိုင်ငံတွေမှာ ပိတ်မိနေမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။
အခုလို ပြန်ခေါ်ခံရတာကြောင့် စေတနာ့ ဝန်ထမ်းတွေရဲ့ ရှေ့ရေး မရေမရာ ဖြစ်သွားခဲ့သလို ဒီ အဖွဲ့ကြီး ရှင်သန် ရပ်တည် ရေးနဲ့ ပတ်သက်လို့ လည်း လူသားချင်းစာနာမှု အကူညီပေးရေးကို ထောက်ခံ အားပေးသူတွေက စိုးရိမ်နေကြပါတယ်။
အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့ကြီး Peace Corps ကို ၁၉၆၁ ခုနှစ်က သမ္မတ John F. Kennedy က နိုင်ငံအချင်းချင်း ယဉ်ကျေးမှု ဖလှယ်ကြဖို့နဲ့ လိုအပ်နေသူတွေကို ကူညီဖို့ ဖွဲ့စည်းတည် ထောင်ခဲ့တာပါ။ မီးတောင်ပေါက်ကွဲတာ၊ သဘာဝဘေးအန္တရာယ် ကျရောက် တာနဲ့ ဒေသတွင်း ပဋိပက္ခ စတဲ့အခြေအနေတွေက လွဲလို့ နိုင်ငံတကာမှာ ဒီအဖွဲ့ကြီး က အကူအညီပေးနေတာတွေကို အရင်က အခုလို ရပ်ဆိုင်းခဲ့တာမျိုး မရှိခဲ့ပါဘူး။
၂၀၁၄ ခုနှစ် တုန်းက အနောက် အာဖရိကမှာ အီဘိုလာ ကပ်ရောဂါ ကျရောက်တုန်းကတော့ Peace Corps စေတနာ့ဝန်ထမ်းတွေကို အဲဒီ ဒေသက ပြန်လည်ခေါ် ယူခဲ့ပေမယ့် ၂၀၁၆ မှာတော့ အကူအညီပေးရေးလုပ်ငန်းစဉ်တွေကို ပြန်လည်စတင်ခဲ့ပါတယ်။