သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿမိတ္ၿမိဳ႕ အၾကမ္းဖက္ၿဖိဳခြင္းမႈ ၆ ဦးေသ


ၿမိတ္ၿမိဳ႕တြင္ပစ္ခတ္မႈ

{{Zawgyi/Unicode}}

တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕မွာ ဆႏၵျပသူေတြကို ဆက္တိုက္ပစ္ခတ္မႈေၾကာင့္ အနည္းဆံုး ၆ ဦးေသေၾကရၿပီး ထိခိုက္ဒဏ္ရာရရွိသူ၊ အဖမ္းခံရသူေတြ ရွိသလို မေန႔ညက စစ္ကိုင္းတိုင္၊း တမူးၿမိဳ႔မွာ ပစ္ခတ္မႈေၾကာင့္ ေသဆံုးနဲ႔ ဒဏ္ရာရသူရွိခဲ့ပါတယ္။ ျမန္မာႏိုင္ငံတ၀န္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပသူေတြကို အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြနဲ႔ပတ္သက္လို႔ ရန္ကုန္ၿမိဳ႕က ေပးပို႔ထားတဲ့သတင္းကိုေတာ့ ကိုရန္ႏိုင္က ေျပာျပေပးပါမယ္။

ဒီကေန႔ မတ္လ ၂၆ ရက္ေန႔ တနသၤာရီတိုုင္း ၿမိတ္ၿမိဳ႕မွာ ဆႏၵျပပြဲဖို႔ ျပင္ဆင္ေနခ်ိန္ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ေတြက လိုက္လံပစ္ခတ္ ၿဖိဳခြင္းရာ အနည္းဆံုး ၆ ဦး ေသဆံုးရတယ္လို႔ ၿမိဳတ္ေဒသခံ တစ္ဦးက ဗီြအိုေအကို ေျပာပါတယ္။

“ ၆ ေယာက္ျဖစ္သြားၿပီးလို႔။ ဟိုဘက္ေတြမွာ က်ေနာ္တို႔ ပိတ္မိေနတဲ့ ကေလးေတြ ဆြဲထုတ္ဖို႔ လိုက္လုပ္တာ ဒီေကာင္ေတြက လူခြဲၿပီး လိုက္ပစ္တာ ဘာေတြနဲ႔ပစ္လဲ အိမ္စီးကားနဲ႔ လိုက္ပစ္တာ ပိုဆိုးတာက အဲ့မီးသတ္ကားေတြ နာေရးကား က်န္းမာေရးကားလိုပံုစံမ်ဳိးနဲ႔ လိုက္ပစ္တာ ပိုဆိုးတာေပါ့ အားလံုး ၆ ေယာက္ရွိၿပီ။”

ၿမိတ္ၿမိဳ႕မွာ စစ္တပ္နဲ႔ ရဲေတြက မီးသတ္တပ္ဖြဲ႔ဝင္ ၄ ဦးကို ဖမ္းဆီးၿပီး မီးသတ္တံဆိပ္ပါတဲ့ လူနာတင္ယာဥ္ေတြကို သိမ္းယူၿပီး အဲ့ဒီကားနဲ႔
လိုက္လံပစ္ခတ္ေနတာလို႔ ၿမိတ္ေဒသခံက ဗီြအိုေအကုိ ေျပာပါတယ္။

စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က လိုက္လံပစ္ခတ္မႈေၾကာင့္ အနည္းဆံုး ၆ ဦး ေသဆံုးခဲ့ပါတယ္။ ေသဆံုးသူထဲက အစၥလာမ္ဘာသာဝင္ အမ်ဳိးသမီး တစ္ဦးလည္း ပါဝင္ပါတယ္။ ေသဆံုးသူရဲ႕ အေလာင္းေတြကို စစ္တပ္က လုယူသြားတာလည္း ရွိတယ္လို႔ ေျပာပါတယ္။

လက္နက္ကိုင္ေတြဘက္က ဒီကေန႔ ေန႔လယ္ပိုင္းကစၿပီး ည ၄ နာရီေက်ာ္အထိ ဆက္တိုက္ပစ္ခတ္ ပိတ္ဆို႔မႈေတြ လုပ္ခဲ့ၿပီး ညေန ၅ နာရီခြဲေလာက္မွာ ျပန္ၿငိမ္သြားပါတယ္။

ဒီေန႔ ပစ္ခတ္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရွိသူေတြ ဖမ္းဆီးခံရသူေတြ ရွိေပမယ့္ ဗီြအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

ဒါအျပင္ ထားဝယ္ၿမိဳ႕ ၾကက္စားျပင္ရပ္ကြက္မွာ မနက္ပိုင္းက ပစ္ခတ္လို႔ အမ်ဳိးသားတစ္ဦး က်ည္ထိမွန္ဒဏ္ရာရရွိသလို ရပ္ကြက္ေန သားအဖ ႏွစ္ဦးကိုလည္း ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ရပ္ကြက္ေနျပည္သူေတြက ေျပာပါတယ္။

ၾကက္စားျပင္ရပ္ကြက္မွာပဲ မတ္လ ၂၅ ရက္ေန႔ ညမွာလည္း လက္နက္ကိုင္ေတြဘက္က ဝင္ေရာက္ပစ္ခတ္လို႔ အမ်ဳိးသားတစ္ဦး ဒဏ္ရာရွိခဲ့ပါတယ္။

အလာတူး စစ္ကုိင္းတိုင္း တမူးၿမိဳ႕ေပၚမွာ မတ္လ ၂၅ ရက္ေန႔ ညအခ်ိန္မွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြက ဝင္ေရာက္ စီးနင္းပစ္ခတ္လို႔ တစ္ဦးေသဆံုးၿပီး ၇ ဦးဒဏ္ရာအျပင္းအထန္ ရရွိတယ္လို႔ တမူးၿမိဳ႕ခံ ေဒၚျမတ္ႏိုးက ေျပာပါတယ္။

“ဒဏ္ရာရတဲ့သူ စုစုေပါင္း အဲ့ေသဆံုးသူအပါအဝင္ဆို ၈ ဦး၊ ေသဆံုးတဲ့ ကိုဖိုးကုလားႀကီးကက်ေတာ့ ညာဘက္ရင္ဘတ္ကို က်ည္က ထုတ္ခ်င္းေပါက္မွန္တာ အဲ့မွာတစ္ခါတည္း သူေဆး႐ုံေရာက္ၿပီးေတာ့ တစ္နာရီေက်ာ္အၾကာမွာ သူဆံုးသြားတယ္၊ ကိုနန္းဦးကက်ေတာ့ ေခါင္းရယ္၊ ဆီးခံုရယ္မွန္တာရွင့္။ လက္ရွိလူအကုန္နီးပါးေလာက္က စိုးရိမ္ရတယ္။ ဒဏ္ရာလည္း ျပင္းထန္ၾကတယ္။ အစ္ကိုတစ္ေယာက္ဆို ေပါင္ႏွစ္ဖက္လံုးကို က်ည္ထိထားတယ္။ ေနာက္အစ္ကိုတစ္ေယာက္က ဘယ္ဘက္ကို ညွပ္႐ုိးၾကားေပါ့ေနာ္၊ လက္နဲ႔နံ႐ုိးၾကားကို က်ည္ကဝင္သြားတဲ့သေဘာရွိတယ္ တျခားလူေတြလည္း အသီးသီးျပင္းထန္ဒဏ္ရာရတယ္။”

ပစ္ခတ္မႈေၾကာင့္ ညာဘက္ရင္ဘတ္ က်ည္ထိမွန္ ေသဆံုးခဲ့တဲ့ အသက္ ၃၃ ႏွစ္အရြယ္ ကိုမ်ဳိးျမင့္ေအာင္(ခ) ကိုဖိုးကုလားဟာ ဒီကေန႔ မြန္းလြဲပိုင္းမွာ စ်ာပနျပဳလုပ္ခဲ့ပါတယ္။

ဦးေခါင္းနဲ႔ ဆီးခံု က်ည္ထိမွန္ ဒဏ္ရာရထားသူ ကိုနန္းဦးကေတာ့ ဒီမနက္မွာ က်ဆံုးၿပီးလို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ အဲ့ဒီ ကိုနန္းဦးကေတာ့ မက်ဆံုးေသဘဲ စိုးရိမ္ရတဲ့ အေျခအေနရွိေနတယ္လို႔ တမူးၿမိဳ႕ခံ ေဒၚျမတ္ႏိုးကေျပာပါတယ္။

ေသနတ္က်ည္ထိမွန္ ဒဏ္ရာရွိသူမ်ားကို ကေလးေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေပမယ့္ တမူးၿမိဳ႕အထြက္ ေလးမိုင္ဂိတ္မွာ စစ္တပ္က တပ္စြဲထားၿပီး လူနာတင္ယာဥ္ကို ေပးမျဖတ္တာေၾကာင့္ ကိုနန္းဦးအပါအဝင္ ဒဏ္ရာအျပင္းထန္ဆံုး သံုးဦးကိုေတာ့ အိႏၵိယဘက္ျခမ္းက ေဆး႐ုံကို ပို႔ေဆာင္ထားရတယ္လို႔ ေျပာပါတယ္။

သပိတ္စစ္ေၾကာင္းက ေက်ာင္းသားေခါင္းေဆာင္ေတြတမူးၿမိဳ႕မေစ်းနားက ေရႊဆိုင္အိမ္တစ္အိမ္မွာ ပုန္းခိုေနတယ္ဆိုၿပီးမေန႔ည ၁၁ နာရီေက်ာ္ လက္နက္ကိုင္ေတြက အင္အားအျပည့္နဲ႔ အိမ္ကို ဝိုင္ၿပီး အိမ္တံခါးဖြင့္ေပးခိုင္းတာပါ။ အိမ္ရွင္က တံခါးမဖြင့္ေပးဘဲ အနီးနားကလူကို ဆက္သြယ္လိုက္လို႔ ျပည္သူေတြက လာေရာက္ဝန္ရံခဲ့ပါတယ္။

လက္နက္ကိုင္တပ္ဖြဲ႔ေတြ ျပန္လွည့္ၿပီး အျပန္လမ္းမွာ က်ည္အစစ္နဲ႔ ပစ္ခတ္မႈေတြ လုပ္ခဲ့တာပါ။

ဆႏၵျပမႈေတြကို ရက္ရက္စက္စက္ ပစ္ခတ္တာေတြ ဖမ္းဆီး႐ုိက္ႏွက္မႈေတြ ဆက္တိုက္ရွိေနေပမယ့္ ၿမိဳ႕နယ္အသီးသီးမွာ လူမဲ့သပိတ္၊ ညသပိတ္၊ အ႐ုဏ္ဦးသပိတ္၊ လမ္းေလွ်ာက္သပိတ္ စတဲ့ သပိတ္မ်ဳိးစံု ဆက္လက္ ဆႏၵထုတ္ေဖာ္ေနၾကဆဲပါ။

...............................................

ၿမိတ္ၿမိဳ႕တြင္ပစ္ခတ္မႈ
please wait

No media source currently available

0:00 0:03:44 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

တနင်္သာရီတိုင်း မြိတ်မြို့မှာ ဆန္ဒပြသူတွေကို ဆက်တိုက်ပစ်ခတ်မှုကြောင့် အနည်းဆုံး ၆ ဦးသေကြေရပြီး ထိခိုက်ဒဏ်ရာရရှိသူ၊ အဖမ်းခံရသူတွေ ရှိသလို မနေ့ညက စစ်ကိုင်းတိုင်၊း တမူးမြို့မှာ ပစ်ခတ်မှုကြောင့် သေဆုံးနဲ့ ဒဏ်ရာရသူရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့က ပေးပို့ထားတဲ့သတင်းကိုတော့ ကိုရန်နိုင်က ပြောပြပေးပါမယ်။

ဒီကနေ့ မတ်လ ၂၆ ရက်နေ့ တနင်္သာရီတိုင်း မြိတ်မြို့မှာ ဆန္ဒပြပွဲဖို့ ပြင်ဆင်နေချိန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လိုက်လံပစ်ခတ် ဖြိုခွင်းရာ အနည်းဆုံး ၆ ဦး သေဆုံးရတယ်လို့ မြိုတ်ဒေသခံ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ ၆ ယောက်ဖြစ်သွားပြီးလို့။ ဟိုဘက်တွေမှာ ကျနော်တို့ ပိတ်မိနေတဲ့ ကလေးတွေ ဆွဲထုတ်ဖို့ လိုက်လုပ်တာ ဒီကောင်တွေက လူခွဲပြီး လိုက်ပစ်တာ ဘာတွေနဲ့ပစ်လဲ အိမ်စီးကားနဲ့ လိုက်ပစ်တာ ပိုဆိုးတာက အဲ့မီးသတ်ကားတွေ နာရေးကား ကျန်းမာရေးကားလိုပုံစံမျိုးနဲ့ လိုက်ပစ်တာ ပိုဆိုးတာပေါ့ အားလုံး ၆ ယောက်ရှိပြီ။”

မြိတ်မြို့မှာ စစ်တပ်နဲ့ ရဲတွေက မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးပြီး မီးသတ်တံဆိပ်ပါတဲ့ လူနာတင်ယာဉ်တွေကို သိမ်းယူပြီး အဲ့ဒီကားနဲ့
လိုက်လံပစ်ခတ်နေတာလို့ မြိတ်ဒေသခံက ဗွီအိုအေကို ပြောပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်မှုကြောင့် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူထဲက အစ္စလာမ်ဘာသာဝင် အမျိုးသမီး တစ်ဦးလည်း ပါဝင်ပါတယ်။ သေဆုံးသူရဲ့ အလောင်းတွေကို စစ်တပ်က လုယူသွားတာလည်း ရှိတယ်လို့ ပြောပါတယ်။

လက်နက်ကိုင်တွေဘက်က ဒီကနေ့ နေ့လယ်ပိုင်းကစပြီး ည ၄ နာရီကျော်အထိ ဆက်တိုက်ပစ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီး ညနေ ၅ နာရီခွဲလောက်မှာ ပြန်ငြိမ်သွားပါတယ်။

ဒီနေ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူတွေ ဖမ်းဆီးခံရသူတွေ ရှိပေမယ့် ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါအပြင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှာ မနက်ပိုင်းက ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိသလို ရပ်ကွက်နေ သားအဖ နှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ကြက်စားပြင်ရပ်ကွက်မှာပဲ မတ်လ ၂၅ ရက်နေ့ ညမှာလည်း လက်နက်ကိုင်တွေဘက်က ဝင်ရောက်ပစ်ခတ်လို့ အမျိုးသားတစ်ဦး ဒဏ်ရာရှိခဲ့ပါတယ်။

အလာတူး စစ်ကိုင်းတိုင်း တမူးမြို့ပေါ်မှာ မတ်လ ၂၅ ရက်နေ့ ညအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာအပြင်းအထန် ရရှိတယ်လို့ တမူးမြို့ခံ ဒေါ်မြတ်နိုးက ပြောပါတယ်။

“ဒဏ်ရာရတဲ့သူ စုစုပေါင်း အဲ့သေဆုံးသူအပါအဝင်ဆို ၈ ဦး၊ သေဆုံးတဲ့ ကိုဖိုးကုလားကြီးကကျတော့ ညာဘက်ရင်ဘတ်ကို ကျည်က ထုတ်ချင်းပေါက်မှန်တာ အဲ့မှာတစ်ခါတည်း သူဆေးရုံရောက်ပြီးတော့ တစ်နာရီကျော်အကြာမှာ သူဆုံးသွားတယ်၊ ကိုနန်းဦးကကျတော့ ခေါင်းရယ်၊ ဆီးခုံရယ်မှန်တာရှင့်။ လက်ရှိလူအကုန်နီးပါးလောက်က စိုးရိမ်ရတယ်။ ဒဏ်ရာလည်း ပြင်းထန်ကြတယ်။ အစ်ကိုတစ်ယောက်ဆို ပေါင်နှစ်ဖက်လုံးကို ကျည်ထိထားတယ်။ နောက်အစ်ကိုတစ်ယောက်က ဘယ်ဘက်ကို ညှပ်ရိုးကြားပေါ့နော်၊ လက်နဲ့နံရိုးကြားကို ကျည်ကဝင်သွားတဲ့သဘောရှိတယ် တခြားလူတွေလည်း အသီးသီးပြင်းထန်ဒဏ်ရာရတယ်။”

ပစ်ခတ်မှုကြောင့် ညာဘက်ရင်ဘတ် ကျည်ထိမှန် သေဆုံးခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ကိုမျိုးမြင့်အောင်(ခ) ကိုဖိုးကုလားဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ ဈာပနပြုလုပ်ခဲ့ပါတယ်။

ဦးခေါင်းနဲ့ ဆီးခုံ ကျည်ထိမှန် ဒဏ်ရာရထားသူ ကိုနန်းဦးကတော့ ဒီမနက်မှာ ကျဆုံးပြီးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲ့ဒီ ကိုနန်းဦးကတော့ မကျဆုံးသေဘဲ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ တမူးမြို့ခံ ဒေါ်မြတ်နိုးကပြောပါတယ်။

သေနတ်ကျည်ထိမှန် ဒဏ်ရာရှိသူများကို ကလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် တမူးမြို့အထွက် လေးမိုင်ဂိတ်မှာ စစ်တပ်က တပ်စွဲထားပြီး လူနာတင်ယာဉ်ကို ပေးမဖြတ်တာကြောင့် ကိုနန်းဦးအပါအဝင် ဒဏ်ရာအပြင်းထန်ဆုံး သုံးဦးကိုတော့ အိန္ဒိယဘက်ခြမ်းက ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ပြောပါတယ်။

သပိတ်စစ်ကြောင်းက ကျောင်းသားခေါင်းဆောင်တွေ တမူးမြို့မဈေးနားက ရွှေဆိုင်အိမ်တစ်အိမ်မှာ ပုန်းခိုနေတယ်ဆိုပြီး မနေ့ည ၁၁ နာရီကျော် လက်နက်ကိုင်တွေက အင်အားအပြည့်နဲ့ အိမ်ကို ဝိုင်ပြီး အိမ်တံခါးဖွင့်ပေးခိုင်းတာပါ။ အိမ်ရှင်က တံခါးမဖွင့်ပေးဘဲ အနီးနားကလူကို ဆက်သွယ်လိုက်လို့ ပြည်သူတွေက လာရောက်ဝန်ရံခဲ့ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေ ပြန်လှည့်ပြီး အပြန်လမ်းမှာ ကျည်အစစ်နဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့တာပါ။

ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် ပစ်ခတ်တာတွေ ဖမ်းဆီးရိုက်နှက်မှုတွေ ဆက်တိုက်ရှိနေပေမယ့် မြို့နယ်အသီးသီးမှာ လူမဲ့သပိတ်၊ ညသပိတ်၊ အရုဏ်ဦးသပိတ်၊ လမ်းလျှောက်သပိတ် စတဲ့ သပိတ်မျိုးစုံ ဆက်လက် ဆန္ဒထုတ်ဖော်နေကြဆဲပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG