သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္ႀကီးတင္ဦး တပ္မေတာ္ေန႔အခမ္းအနား ဖိတ္ၾကားခံရေပမယ့္ တက္ေရာက္ႏိုင္မည္မဟုတ္


NLD နာယက သူရဦးတင္ဦး

{{Zawgyi/Unicode}}

ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး သူရ ဦးတင္ဦးကို တပ္မေတာ္ေန႔ကို တက္ဖို႔ဖိတ္ၾကားေပမယ့္ သူေရာ၊ မိသားစုအေနနဲ႔ေရာ သြားေရာက္ တက္ႏိိုင္မွာ မဟုတ္ေၾကာင္း သားျဖစ္သူ ဦးသန္႔ဇင္ဦးက ေျပာပါတယ္။

ဦးတင္ဦးနဲ႔ မိသားစုကို မႏွစ္ကစၿပီး ပထမဆုံးအႀကိမ္အျဖစ္ တပ္မေတာ္ေန႔အခမ္းအနားတက္ေရာက္ဖို႔ လာေရာက္ ဖိတ္ၾကားေပမယ့္ ကိုဗစ္ ကပ္ေရာဂါ အေျခအေနေတြေၾကာင့္ ေတာ္လွန္ေရးေန႔အခမ္းအနား အစီအစဥ္ေတြ ဖ်က္သိမ္းခဲ့ရပါတယ္။

မတ္လ ၁၅ ရက္ေန႔ကလည္း တပ္မေတာ္ စစ္သမိုင္းျပတိုက္မွာ ျမန္မာႏိုင္ငံရဲ႕ တပ္မေတာ္ကာကြယ္ေရးဦးခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ဘူးသူ (၇) ဦးရဲ႕ ႐ုပ္ထုမ်ား ဖြင့္လွစ္ပြဲအျဖစ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ ဦးေဆာင္ က်င္းပခဲ့ၿပီး တဦးခ်င္းစီ၏ ပုဂၢဳိလ္ေရးဆိုင္ရာ အခ်က္အလက္မ်ားကို ေျပာၾကား ဂုဏ္ျပဳၿပီး လက္ရွိ စစ္တပ္အရာရွိႀကီးမ်ားႏွင့္ အၿငိမ္းစား အရာရွိႀကီးမ်ားက အေလးျပဳ ဂုဏ္ျပဳခဲ့ၾကပါတယ္။

အဲဒီ ႐ုပ္ထုဖြင့္ပြဲအေၾကာင္းႏွင့္ပတ္သက္လို႔ တစုံတရာ အေၾကာင္းၾကား ဖိတ္ၾကားခဲ့ျခင္း မရွိဘူးလို႔ ဦးသန္႔ဇင္ဦးက ဗြီအိုေအကို ေျပာပါတယ္။

တပ္မေတာ္အေနႏွင့္ NLD ရဲ႕ ဒုဥကၠႏွင့္ ယခုအခါ နာယကအျဖစ္ တာ၀န္ယူထားသည့္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးတင္ဦး၏ အခန္းက႑အား ႏွစ္အေတာ္ၾကာ ဖယ္ရွား ခ်ံလွပ္ထားခဲ့ၿပီးမွ ယမန္ႏွစ္မွစ၍ ယခုကဲ့သို႔ ျပန္လည္ လုပ္ေဆာင္လာျဖင္းျဖစ္ပါသည္။

အသက္ ၉၅ ႏွစ္ရွိၿပီျဖစ္သည့္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးတင္ဦးမွာ ၂၀၁၇ ခုႏွစ္၊ ေမလကတည္း ဦးေႏွာက္ေလျဖတ္ေရာဂါ ခံစားရၿပီး ေနအိမ္မွာ အနားယူေနတာ ျဖစ္ပါတယ္။

...........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးကို တပ်မတော်နေ့ကို တက်ဖို့ဖိတ်ကြားပေမယ့် သူရော၊ မိသားစုအနေနဲ့ရော သွားရောက် တက်နိုင်မှာ မဟုတ်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦးက ပြောပါတယ်။

ဦးတင်ဦးနဲ့ မိသားစုကို မနှစ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် တပ်မတော်နေ့အခမ်းအနားတက်ရောက်ဖို့ လာရောက် ဖိတ်ကြားပေမယ့် ကိုဗစ် ကပ်ရောဂါ အခြေအနေတွေကြောင့် တော်လှန်ရေးနေ့အခမ်းအနား အစီအစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။

မတ်လ ၁၅ ရက်နေ့ကလည်း တပ်မတော် စစ်သမိုင်းပြတိုက်မှာ မြန်မာနိုင်ငံရဲ့ တပ်မတော်ကာကွယ်ရေးဦးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူ (၇) ဦးရဲ့ ရုပ်ထုများ ဖွင့်လှစ်ပွဲအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင် ကျင်းပခဲ့ပြီး တဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ပြောကြား ဂုဏ်ပြုပြီး လက်ရှိ စစ်တပ်အရာရှိကြီးများနှင့် အငြိမ်းစား အရာရှိကြီးများက အလေးပြု ဂုဏ်ပြုခဲ့ကြပါတယ်။

အဲဒီ ရုပ်ထုဖွင့်ပွဲအကြောင်းနှင့်ပတ်သက်လို့ တစုံတရာ အကြောင်းကြား ဖိတ်ကြားခဲ့ခြင်း မရှိဘူးလို့ ဦးသန့်ဇင်ဦးက ဗွီအိုအေကို ပြောပါတယ်။

တပ်မတော်အနေနှင့် NLD ရဲ့ ဒုဥက္ကနှင့် ယခုအခါ နာယကအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၏ အခန်းကဏ္ဍအား နှစ်အတော်ကြာ ဖယ်ရှား ချံလှပ်ထားခဲ့ပြီးမှ ယမန်နှစ်မှစ၍ ယခုကဲ့သို့ ပြန်လည် လုပ်ဆောင်လာဖြင်းဖြစ်ပါသည်။

အသက် ၉၅ နှစ်ရှိပြီဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးမှာ ၂၀၁၇ ခုနှစ်၊ မေလကတည်း ဦးနှောက်လေဖြတ်ရောဂါ ခံစားရပြီး နေအိမ်မှာ အနားယူနေတာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG