သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘီဘီစီသတင္းေထာက္နဲ႔ မဇၥ်ိမသတင္းဌာန အယ္ဒီတာေဟာင္း ဖမ္းဆီးခံရ


ဘီဘီစီသတင္းေထာက္ ကိုေအာင္သူရ (ဓါတ္ပုံ ၊ ဗြီအိုေအ ျမန္မာပိုင္း)

{{Zawgyi/Unicode}}

ေနျပည္ေတာ္၊ ဒကၡိဏခရိုင္ တရား႐ုံးေရွ႕မွာသတင္းယူေနတဲ့ ဘီဘီစီ သတင္းေထာက္နဲ႕ မဇၥ်ိမ သတင္းဌာနအယ္ဒီတာေဟာင္းတဦးတို႔ ဒီကေန႔ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။ အခုခ်ိန္မွာေတာ့ သူတုိ႔ကုိ ဘယ္လုိ စြဲခ်က္နဲ႔ ဖမ္းဆီးတယ္ဆုိတာနဲ႔ ဘယ္ေနရာမွာ ထိန္းသိမ္းထားတယ္ဆုိတာကုိ မသိရေသးပါဘူး။ ဒီအေၾကာင္း ရန္ကုန္ကရတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပထားပါတယ္။

ဒီကေန႕ ေနျပည္ေတာ္၊ ဒကၡိဏခရိုင္ တရား႐ုံးေရွ႕မွာ NLD ပါတီ နာယက ဦးဝင္းထိန္ ႐ုံးခ်ိန္းနဲ႕ပတ္သတ္လို႔ သတင္းယူေနဖုိ႔ ေရာက္ရွိေနစဥ္ ဒီသတင္းေထာက္ ၂ ဦး အဖမ္းခံရတာျဖစ္ပါတယ္။ ဖမ္းခံရသူေတြဟာ BBC ေနျပည္ေတာ္သတင္းေထာက္ ဦးေအာင္သူရနဲ႕ Mizzima သတင္းဌာန ေနျပည္ေတာ္အယ္ဒီတာေဟာင္း ဦးသန္းထိုက္ေအာင္တို႔ျဖစ္ပါတယ္။

အခုလိုဖမ္းခံရတာနဲ႕ပတ္သတ္လို႔ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ သတင္းစာ ဆရာ ဦးစည္သူေအာင္ျမင့္ကေတာ့ လတ္တေလာသတင္း မီဒီယာသမားေတြ သတင္းရယူခြင့္ အနိမ့္ဆုံးအေျခအေနျဖစ္ေနၿပီလို႔ ေျပာဆိုလိုက္ပါတယ္။

"ဒီတရား႐ုံးဆိုတာက ဆႏၵျပပြဲလဲမဟုတ္ဘူ။ းဒီလိုေနရာမ်ိဳးဖမ္းတယ္ဆိုေတာ့ က်န္တဲ့ဆႏၵျပေနရာေတြ တျခားေနရာေတြမွာဆို သတင္းေထာက္ဆိုရင္ ဖမ္းမွာဘဲဆိုၿပီး အရင္ဖမ္းလိုက္တယ္။ ဖမ္းၿပီးမွ စစ္မယ္။ သတင္းေထာက္ဟုတ္မဟုတ္ သတင္းေထာက္ဟုတ္ၿပီဆို ဒါကဘယ္သူတြက္ အလုပ္လုပ္ေပးေနလဲ။ အဲေတာ့တရား၀င္မွတ္ပုံတင္ဟုတ္ဘူး သူတို႔ပိတ္ပင္ထားတာျဖစ္ရင္ေတာ့ အဲခ်က္ကိုကိုင္အေရးယူမွာေပါ့ ။ သတင္းေထာက္ေတြ ဘယ္မွာမွ သတင္းယူဖို႔ မလြယ္ဘူးဆိုတဲ့ အေျခအေနျပလိုက္တာဘဲေလ"။

တရား႐ုံးသတင္းရယူအၿပီး ျပန္ဖို႔လုပ္ေနခ်ိန္ထိန္းသိမ္းခံရတာပါ။ ဒီေန႕ဦးဝင္းထိန္ တရား႐ုံး႐ုံးခ်ိန္းသတင္းကို တျခားဌာန သတင္းေထာက္ေတြလည္း သြားေရာက္ သတင္းရယူခဲ့ၾကၿပီး တျခားသတင္းေထာက္ေတြ ျပန္ခ်ိန္ သူတို႔ႏွစ္ဦးသာက်န္ေတာ့ခ်ိန္မွ အခုလို ဖမ္းဆီးေခၚခဲ့တာျဖစ္တယ္လို႔ ေနျပည္ေတာ္ သတင္းသမားတဦးကေျပာပါတယ္။

၂ ေယာက္စလုံးကို စစ္ေမးစရာ ရွိလို႔ လိုက္ခဲ့ပါဆိုၿပီးကားေပၚကို အတင္းဆြဲေခၚသြားတာ ေခၚသြားတဲ့ကားဟာ အိမ္စီးကားတစီးျဖစ္တယ္ဆိုတာကို ဖမ္းဆီးခ်ိန္တရား႐ုံးမွာရွိေနတဲ့ မ်က္ျမင္ေတြ႕ ရွိသူကေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ BBC သတင္းေထာက္ မိသားစုဝင္ေျပာျပခ်က္အရ ဘယ္ေနရာကိုေခၚေဆာင္သြားလဲ၊ ဘာအတြက္ ေခၚလည္းဆိုတာမသိရေသးဘူးလို႔ အတည္ျပဳေျပာပါတယ္။

ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ အဖြဲ႕ဝင္ေဟာင္း ဦးေဇယ်ာလွိုင္ကေတာ့ လက္ရွိအခ်ိန္ဟာ သတင္းမီဒီယာေလာကတြက္အေမွာင္ဆုံးခ်ိန္တခုလို႔ သူက ခိုင္းႏွိုင္းေျပာဆိုလိုက္ပါတယ္။

" ေဖေဖာ္ဝါရီ ၁ အာဏာသိမ္းကတည္းက တရား၀င္ သြားလာလုပ္ကိုင္ေနတဲ့ Mizzima နဲ႕ DVB စပိတ္ခံရတယ္။ ေနာက္ဆႏၵျပတာ သတင္းလိုက္ယူေနတဲ့ သတင္းေထာက္၊ သတင္းေထာက္မွန္းသိေအာင္ ထင္ရွားေအာင္ေနတာလဲ ဖမ္းခံရတယ္။ အဲထဲက သတင္းလြတ္လက္ခြင့္မရွိေတာ့ဘူ။း ဥပေဒမဲ့ျပဳက်င့္တာ အမ်ားႀကီးဘဲေလ။ ရိုက္တယ္ဖမ္းတယ္။ ကမာ႐ြတ္ဆိုလဲ ႐ုံးထဲ၀င္ရိုက္ခြဲတယ္။ သတင္းေထာက္ ၂ေယာက္ဖမ္းတယ္။ ဒါေတြကတရားမဲ့က်င့္တာ။ သတင္းစာလြတ္လပ္ခြင့္က က်ေနာ္တို႔ လက္ရွိေနထားက ရွိကို မရွိေတာ့တာ ။သတင္းစာဆရာ ေတြကိုယ္တိုင္ အႏၲရာယ္ၾကားေနရတယ္။ ဒါကလည္းအမ်ားနဲ႕ တူတူေပါ့။ ဒါေပမယ့္ လမ္းေပၚကျပည္သူတေယာက္ကို အသားလြတ္ရိုက္ဖမ္းတာဆိုေတာ့ သတင္းေထာက္က ပိုဆိုးတာေပါ့။ အထူးသတိထားရမယ္။ လြတ္လပ္ခြင့္လုံး၀မရွိတာ ေျပာရပါမယ္ "။

BBC သတင္းေထာက္နဲ႕အတူ အာဏာသိမ္းစစ္အုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ေဝခြင့္ရပ္ဆိုင္းထားတဲ့ Mizzima သတင္းဌာန အယ္ဒီတာေဟာင္း ကိုသန္းထိုက္ေအာင္လဲ ပါဝင္ေနတာမို႔ ထုတ္ေဝခြင့္ရပ္ဆိုင္းထားတဲ့ Mizzima သတင္းဌာန နဲ႕ပတ္သတ္လို႔ အယ္ဒီတာေဟာင္းကို ေခၚယူစစ္ေဆးတာျဖစ္နိုင္တယ္လို႔ သတင္းေတြထြက္ေနသလို မၾကာေသးခင္ရက္ပိုင္းက တပ္မေတာ္ကလုပ္တဲ့ သတင္းစာရွင္းပြဲမွာ BBC သတင္းေထာက္ ေမးျမန္းမႈ အေပၚတပ္မေတာ္ဘက္က ျပင္းျပင္းထန္ထန္သတိေပးခဲ့တဲ့အထိ ျဖစ္ခဲ့တာမို႔ အဲဒီျဖစ္ရပ္အတြက္ အခုလိုဖမ္းေခၚတာျဖစ္နိုင္တယ္လို႔ အမ်ိဳးမ်ိဳးသုံးသပ္မႈေတြ ရွိေပမယ့္ ဗီအိုေအက အတည္မျပဳနိုင္ပါဘူး။

အခုလုိ ဖမ္းဆီး ထိန္းသိမ္းမႈနဲ႔ပတ္သက္လုိ႔ ျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းကို ဆက္သြယ္ေမးေပမယ့္ ဖုန္းကိုင္ေျဖဆိုတာ မရွိခဲ့ပါဘူး။

ေဖေဖာ္ဝါရီ ၁ရက္ေန႔ စစ္တပ္က အာဏာသိမ္းလုိက္တဲ့အခ်ိန္ကစလုိ႔ ဒီေန႕ထိသတင္းေထာက္ အေယာက္ ၅၀နီးပါးဖမ္းဆီးခံခဲ့ရၿပီး အဲဒီအထဲက အေယာက္ ၂၀ေက်ာ္ျပန္လြတ္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ သတင္းေထာက္ ၂၀ထက္မနည္း ထိန္းသိမ္းခံရဆဲျဖစ္ၿပီး အဲဒီထဲက ၁၀ဦးထက္မနည္းဟာ ႏွစ္ရွည္ေထာင္က်ခံရႏုိင္တဲ့ပုဒ္မတပ္ တရားစြဲဆိုခံထားရပါတယ္။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးရှေ့မှာသတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်နဲ့ မဇ္ဈိမ သတင်းဌာနအယ်ဒီတာဟောင်းတဦးတို့ ဒီကနေ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အခုချိန်မှာတော့ သူတို့ကို ဘယ်လို စွဲချက်နဲ့ ဖမ်းဆီးတယ်ဆိုတာနဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးပါဘူး။ ဒီအကြောင်း ရန်ကုန်ကရတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဒီကနေ့ နေပြည်တော်၊ ဒက္ခိဏခရိုင် တရားရုံးရှေ့မှာ NLD ပါတီ နာယက ဦးဝင်းထိန် ရုံးချိန်းနဲ့ပတ်သတ်လို့ သတင်းယူနေဖို့ ရောက်ရှိနေစဉ် ဒီသတင်းထောက် ၂ ဦး အဖမ်းခံရတာဖြစ်ပါတယ်။ ဖမ်းခံရသူတွေဟာ BBC နေပြည်တော်သတင်းထောက် ဦးအောင်သူရနဲ့ Mizzima သတင်းဌာန နေပြည်တော်အယ်ဒီတာဟောင်း ဦးသန်းထိုက်အောင်တို့ဖြစ်ပါတယ်။

အခုလိုဖမ်းခံရတာနဲ့ပတ်သတ်လို့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်ကတော့ လတ်တလောသတင်း မီဒီယာသမားတွေ သတင်းရယူခွင့် အနိမ့်ဆုံးအခြေအနေဖြစ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

"ဒီတရားရုံးဆိုတာက ဆန္ဒပြပွဲလဲမဟုတ်ဘူ။ းဒီလိုနေရာမျိုးဖမ်းတယ်ဆိုတော့ ကျန်တဲ့ဆန္ဒပြနေရာတွေ တခြားနေရာတွေမှာဆို သတင်းထောက်ဆိုရင် ဖမ်းမှာဘဲဆိုပြီး အရင်ဖမ်းလိုက်တယ်။ ဖမ်းပြီးမှ စစ်မယ်။ သတင်းထောက်ဟုတ်မဟုတ် သတင်းထောက်ဟုတ်ပြီဆို ဒါကဘယ်သူတွက် အလုပ်လုပ်ပေးနေလဲ။ အဲတော့တရားဝင်မှတ်ပုံတင်ဟုတ်ဘူး သူတို့ပိတ်ပင်ထားတာဖြစ်ရင်တော့ အဲချက်ကိုကိုင်အရေးယူမှာပေါ့ ။ သတင်းထောက်တွေ ဘယ်မှာမှ သတင်းယူဖို့ မလွယ်ဘူးဆိုတဲ့ အခြေအနေပြလိုက်တာဘဲလေ"။

တရားရုံးသတင်းရယူအပြီး ပြန်ဖို့လုပ်နေချိန်ထိန်းသိမ်းခံရတာပါ။ ဒီနေ့ဦးဝင်းထိန် တရားရုံးရုံးချိန်းသတင်းကို တခြားဌာန သတင်းထောက်တွေလည်း သွားရောက် သတင်းရယူခဲ့ကြပြီး တခြားသတင်းထောက်တွေ ပြန်ချိန် သူတို့နှစ်ဦးသာကျန်တော့ချိန်မှ အခုလို ဖမ်းဆီးခေါ်ခဲ့တာဖြစ်တယ်လို့ နေပြည်တော် သတင်းသမားတဦးကပြောပါတယ်။

၂ ယောက်စလုံးကို စစ်မေးစရာ ရှိလို့ လိုက်ခဲ့ပါဆိုပြီးကားပေါ်ကို အတင်းဆွဲခေါ်သွားတာ ခေါ်သွားတဲ့ကားဟာ အိမ်စီးကားတစီးဖြစ်တယ်ဆိုတာကို ဖမ်းဆီးချိန်တရားရုံးမှာရှိနေတဲ့ မျက်မြင်တွေ့ ရှိသူကပြောပါတယ်။

ဖမ်းဆီးခံရတဲ့ BBC သတင်းထောက် မိသားစုဝင်ပြောပြချက်အရ ဘယ်နေရာကိုခေါ်ဆောင်သွားလဲ၊ ဘာအတွက် ခေါ်လည်းဆိုတာမသိရသေးဘူးလို့ အတည်ပြုပြောပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်း ဦးဇေယျာလှိုင်ကတော့ လက်ရှိအချိန်ဟာ သတင်းမီဒီယာလောကတွက်အမှောင်ဆုံးချိန်တခုလို့ သူက ခိုင်းနှိုင်းပြောဆိုလိုက်ပါတယ်။

" ဖေဖော်ဝါရီ ၁ အာဏာသိမ်းကတည်းက တရားဝင် သွားလာလုပ်ကိုင်နေတဲ့ Mizzima နဲ့ DVB စပိတ်ခံရတယ်။ နောက်ဆန္ဒပြတာ သတင်းလိုက်ယူနေတဲ့ သတင်းထောက်၊ သတင်းထောက်မှန်းသိအောင် ထင်ရှားအောင်နေတာလဲ ဖမ်းခံရတယ်။ အဲထဲက သတင်းလွတ်လက်ခွင့်မရှိတော့ဘူ။း ဥပဒေမဲ့ပြုကျင့်တာ အများကြီးဘဲလေ။ ရိုက်တယ်ဖမ်းတယ်။ ကမာရွတ်ဆိုလဲ ရုံးထဲဝင်ရိုက်ခွဲတယ်။ သတင်းထောက် ၂ယောက်ဖမ်းတယ်။ ဒါတွေကတရားမဲ့ကျင့်တာ။ သတင်းစာလွတ်လပ်ခွင့်က ကျနော်တို့ လက်ရှိနေထားက ရှိကို မရှိတော့တာ ။သတင်းစာဆရာ တွေကိုယ်တိုင် အန္တရာယ်ကြားနေရတယ်။ ဒါကလည်းအများနဲ့ တူတူပေါ့။ ဒါပေမယ့် လမ်းပေါ်ကပြည်သူတယောက်ကို အသားလွတ်ရိုက်ဖမ်းတာဆိုတော့ သတင်းထောက်က ပိုဆိုးတာပေါ့။ အထူးသတိထားရမယ်။ လွတ်လပ်ခွင့်လုံးဝမရှိတာ ပြောရပါမယ် "။

BBC သတင်းထောက်နဲ့အတူ အာဏာသိမ်းစစ်အုပ်ချုပ်ရေးကောင်စီက ထုတ်ဝေခွင့်ရပ်ဆိုင်းထားတဲ့ Mizzima သတင်းဌာန အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်လဲ ပါဝင်နေတာမို့ ထုတ်ဝေခွင့်ရပ်ဆိုင်းထားတဲ့ Mizzima သတင်းဌာန နဲ့ပတ်သတ်လို့ အယ်ဒီတာဟောင်းကို ခေါ်ယူစစ်ဆေးတာဖြစ်နိုင်တယ်လို့ သတင်းတွေထွက်နေသလို မကြာသေးခင်ရက်ပိုင်းက တပ်မတော်ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ BBC သတင်းထောက် မေးမြန်းမှု အပေါ်တပ်မတော်ဘက်က ပြင်းပြင်းထန်ထန်သတိပေးခဲ့တဲ့အထိ ဖြစ်ခဲ့တာမို့ အဲဒီဖြစ်ရပ်အတွက် အခုလိုဖမ်းခေါ်တာဖြစ်နိုင်တယ်လို့ အမျိုးမျိုးသုံးသပ်မှုတွေ ရှိပေမယ့် ဗီအိုအေက အတည်မပြုနိုင်ပါဘူး။

အခုလို ဖမ်းဆီး ထိန်းသိမ်းမှုနဲ့ပတ်သက်လို့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးပေမယ့် ဖုန်းကိုင်ဖြေဆိုတာ မရှိခဲ့ပါဘူး။

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ဒီနေ့ထိသတင်းထောက် အယောက် ၅၀နီးပါးဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အယောက် ၂၀ကျော်ပြန်လွတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သတင်းထောက် ၂၀ထက်မနည်း ထိန်းသိမ်းခံရဆဲဖြစ်ပြီး အဲဒီထဲက ၁၀ဦးထက်မနည်းဟာ နှစ်ရှည်ထောင်ကျခံရနိုင်တဲ့ပုဒ်မတပ် တရားစွဲဆိုခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG